မအားတဲ့ကြားကနေ Pic & Me | Portfolio

ကျွန်တော်ဘားစားမှမရေးဖြစ်သလို ဘားမှလဲကောင်းကောင်းမလုပ်ဖြစ်ဘူး။ မအားဘူး။ မအားဘူးနဲ့ လုပ်ရမယ့်အလုပ်တွေ အများကြီးဖြစ်ဖြစ်လားတယ်။ မီးပူတိုက်တာကအစ အခန်းရှင်းတာ အားလုံး ဘားတစ်ခုမှ ကောင်းကောင်းမလုပ်ဖြစ်ခဲ့ဘူး။ ဒီနှစ်ထဲမှာ တော်တော်လေး အလုပ်ရှုပ်တယ်။ ကျောင်းမှာ ဟိုပွဲဝင်ပြိုင် ဒီပွဲဝင်ပြိုင်လုပ်နေလို့ ကျန်တာတွေ ဘားမှမလုပ်ဖြစ်ခဲ့ဘူး။ အဲ့ဒါတစ်ခုတည်းကြောင့်လားဆိုတော့ ဘားမှမဆိုင်ဘူး။ လုပ်ချင်စိတ်မရှိလို့ မလုပ်ဖြစ်ဘူးလို့ဘဲထင်တယ်။ မအားလို့ အလုပ်ရှုပ်နေလို့ဆိုတာတွေက နာမည်တတ်ထားတာတွေလို့ထင်တာဘဲ။ အခုတော့ ကျောင်းပြီးပြီ။ ပြိုင်ပွဲတွေလည်းပြီးပြီဆိုတော့ ဘာလုပ်ရင်ကောင်းမလဲဆိုတော့ ကျေင်းအားရက်တွေမှာ ပိုက်ဆံလေးဘာလေး ရအောင်လို့ အလုပ်ပေးလိုက်မိပါတယ်။ ကျောင်းစပိတ်ကတည်းက လုံးလုံး မနားရသေးဘူး။ ဘာဘဲဖြစ်ဖြစ် ပိုက်ဆံရရင်ပြီးရောဆိုပြီး အားတင်းပြီးလုပ်တာ အခုဆိုရင် ၇ရက်ကျော်သွားပြီ။ ဒီနေ့ကတော့ တော်တော်လေး ပင်ပန်းတယ်။ ဘာလို့လဲဆိုတော့ မနေ့တုန်းက စိတ်တော်တော်တိုခဲ့ရတယ်။ ခေါင်းမူးတာကလည်းအရမ်းဘဲဆိုတော့ အလုပ်မှာတော်တော် စိတ်ရှော့ထားပြီးလုပ်ခဲ့ရတယ်။ နောက်ဆုံးတော့ အိမ်ပြန်တဲ့ အချိန်ရောက်လာတော့ လိုက်ပို့ပေးတဲ့ ကားမောင်းသမားက စင်္ကာပူမြို့ အကုန်လိုက်ပြတယ်လေ။ ၊Orchard ကနေစလိုက်တာ Boonlay, Jeast, Bukit Timah, CCK အကုန်စုံသွားတယ်။ နောက်ဆုံးမှာဘဲ ကျွန်တော့အိမ်ကို ရောက်တော့တယ်။ အချိန်ကိုကြည့်လိုက်တော့ ည၂ နာရီကျော်နေပြီ။ အိပ်ပျော်အောင် ဆေးသောက်ပြီးအိပ်လိုက်တယ်။ ဒီနေ့စောစော ပြန်ထပြီးတော့ အလုပ်သွား ညကျမှပြန်လာ။ နောက်နေ့အတွက် အားပြန်ဖြည့်ရမယ်။ အဲ့လိုမျိုးတွေနဲ့ လည်နေတာ လူက နေလို့မကောင်းတော့ဘူး။

ဟိုရက်ပိုင်းတွေတုန်းက အွန်လိုင်းမှာ လိုက်ကြည့်ရင်းနဲ့ ကြိုက်တာလေးတွေလို့ ကျွန်တော့ရဲ့ Pic & Me Site ကို နည်းနည်း ပြန်ပြီး လုပ်ထားလိုက်တယ်။ Portfolio လေးဖြစ်သွားအောင်လို့ ရိုက်ထားတာလေးတွေနဲ့ ပြန်ပြီးလုပ်ထားတယ်။ အမှန်အတိုင်းပြောရရင် စိတ်တိုင်းမကျသေးဘူး အချိန်ရတော့မှာ သေချာပြန်လုပ်တော့မယ်။ အခုတော့ စမ်းပြီးလုပ်ထားတာပါ။ ဖုန်းမှာ ကြည့်လို့ရအောင် လုပ်ထားပါတယ်။ ကျွန်တော်ကတော့ ဖုန်းပေါ်မှာကြည့်လို့ပိုကြိုက်တယ်ဗျ။ အောက်ကလင့်မှာ ကြည့်လိုက်ပါတော့။

Pic & Me