Best Photographic Composition Techniques Part #1

ကျွန်တော် အခုတလော Photo ရိုက်ဖြစ်တယ်။ မရိုက်တာကြာလို့ ပြန်ရိုက်တာ။ သူငယ်ချင်းအဖော်တွေလည်း ပါတော့ ပျော်ပျော်ကြီး ရိုက်ဖြစ်တာပေါ့။ ကျွန် အရင်တုန်းက ရေးခဲ့ဖူးတဲ့ Composition Methods တွေက ပြန်ရှာပြီး ဖတ်လို့မရတော့လို့ အခုမြန်မာလို ပြန်ပြီးရေးလိုက်တာပါ။ ကျွန်တော် Composition Methods အားလုံးကို မရေးတော့ဘူး။ အဓိကကျတဲ့ ဟာတွေကိုဘဲ ရေးပါ့မယ်။

Rule of Thirds

အရေးကြီးဆုံးဖြစ်တဲ့ Rule of Thirds ကို အရင်ပြောချင်ပါတယ်။ ပုံရိုက်တဲ့အခါမှာ အမြဲတမ်းကို ရိုက်ချင်တဲ့ အရာ(အဓိက ရိုက်ချင်တဲ့အရာ) ကို ပုံရဲ့ အလယ်မှာ ထားပြီးရိက်ဖို့ မလိုပါဘူး။ အလယ်မှာမထားဘဲနဲ့ ဘေးနားမှာထားပြီး ရိုက်တာဟာ လူ့မျက်လုံးကို ပိုပြီးဖမ်းစားနိုင်တယ်လို့ ဆိုပါတယ်။ ကိုပြချင်တဲ့အရာကို အလယ်မှာထားပြီးရိုက်တာဟာ မျက်လုံးကို အလယ်မှာ အာရုံစုထားသလိုဖြစ်ပြီး ပုံဟာ ပြားနေသလိုဖြစ်နေပါတယ်။ ကြည့်လို့မကောင်းသလို ကြာကြာလည်း မကြည့်နိုင်ပါဘူး။

Rule of Thirds ဆိုတာကတော့ ပုံတစ်ပုံကို အပိုင်း သုံးပိုင်းခွဲပြီးကြည့်တာပါ။ Horizontal က သုံးပိုင်း Vertical ကသုံးပိုင်းဆိုတော့ စုစုပေါင်း အပိုင်း ၉ပိုင်းခွဲပြီး ကြည့်တာပါ။ အောက်ကပုံကို ကြည့်လို့ရပါတယ်။

ပုံကို အပေါ်က လိုင်းတွေပေါ်မှာထားပြီးရိုက်ရင် လူ့မျက်လုံးကို ပိုပြီး ဖမ်းစားနိုင်ပါတယ်။ သုတေသနပြုလုပ်ချက်များအရတော့ လူ့မျက်လုံးဟာ အပေါ်ကပြထားတဲ့ ပုံက Line တွေဖြတ်တဲ့ နေရာကို အရင်ဆုံး ကြည့်တယ်လို့ဆိုပါတယ်။ ပြီးတော့ ပုံကို Balance ဖြစ်အောင်ရိုက်ချင်တယ်ဆိုရင်လည်း rule of thirds ကိုသုံးမှရမှာပါ။ Rule of thirds ကိုသုံးပြီးရိုက် ထားတဲ့ပုံဟာပိုပြီး သဘာဝကျပါတယ်။ ကြည့်လို့ပိုကောင်းပါတယ်။ အောက်က ပုံလေးတွေကို ကြည့်လိုက်ပါ။ အများနဲ့မတူ ထူခြားနေတာကို တွေမြင်နိုင်မှာပါ။ ပုံတစ်ပုံရိုက်တော့မယ်ဆိုရင် rule of thirds ကို အရင်ဆုံးသတိထားပြီး ရိုက်ဖို့လိုပါတယ်။ သင်ရိုက်ထားတဲ့ပုံတွေကို လူကြိုက်များပါလိမ့်မယ်။

Photo Credit: http://www.digital-photography-school.com/rule-of-thirds

အပိုင်း ၂ ဆက်ပါမယ်…