Month: September 2012

The nExT iPhone ??

The next iPhone? iPhone 5? The new iPhone? ဘယ်လိုဘဲခေါ်ခေါ် အားလုံးမျှော်လင့်နေတဲ့ ဖုန်းအသစ်တစ်လုံးကိုတော့ ဒီနေ့ Apple က အားလုံးကို ပြသတော့မှာဖြစ်ပါတယ်။ ဘယ်လို features တွေပါလာမလဲဆိုတာတော့ အားလုံးစောင့်မျှော်နေကြမှာပါ။ အွန်လိုင်းမှာ မှန်းချက်ပေးထားတာတွေ အမှန်ဖြစ်လာမလား၊ အခြားဘာတွေ ထူးထူးခြားခြား လုပ်အုံးမလဲဆိုတာတော့ ကျွန်တော်တို့တွေ စောင့်ကြည့်ရတော့မှာပေါ့။   ဒါကတော့ နိုင်ငံအလိုက် အချိန်စရင်းပါ။ ဒါကတော့ Live Blogs တွေပါ။ Link1 | Link2 | Link3 ဒါကတော့ Live video ကြည့်နိုင်မယ့် လင့်ပါ။ Link your browser does not support IFRAMEs

မအားတဲ့ကြားကနေ Pic & Me | Portfolio

ကျွန်တော်ဘားစားမှမရေးဖြစ်သလို ဘားမှလဲကောင်းကောင်းမလုပ်ဖြစ်ဘူး။ မအားဘူး။ မအားဘူးနဲ့ လုပ်ရမယ့်အလုပ်တွေ အများကြီးဖြစ်ဖြစ်လားတယ်။ မီးပူတိုက်တာကအစ အခန်းရှင်းတာ အားလုံး ဘားတစ်ခုမှ ကောင်းကောင်းမလုပ်ဖြစ်ခဲ့ဘူး။ ဒီနှစ်ထဲမှာ တော်တော်လေး အလုပ်ရှုပ်တယ်။ ကျောင်းမှာ ဟိုပွဲဝင်ပြိုင် ဒီပွဲဝင်ပြိုင်လုပ်နေလို့ ကျန်တာတွေ ဘားမှမလုပ်ဖြစ်ခဲ့ဘူး။ အဲ့ဒါတစ်ခုတည်းကြောင့်လားဆိုတော့ ဘားမှမဆိုင်ဘူး။ လုပ်ချင်စိတ်မရှိလို့ မလုပ်ဖြစ်ဘူးလို့ဘဲထင်တယ်။ မအားလို့ အလုပ်ရှုပ်နေလို့ဆိုတာတွေက နာမည်တတ်ထားတာတွေလို့ထင်တာဘဲ။ အခုတော့ ကျောင်းပြီးပြီ။ ပြိုင်ပွဲတွေလည်းပြီးပြီဆိုတော့ ဘာလုပ်ရင်ကောင်းမလဲဆိုတော့ ကျေင်းအားရက်တွေမှာ ပိုက်ဆံလေးဘာလေး ရအောင်လို့ အလုပ်ပေးလိုက်မိပါတယ်။ ကျောင်းစပိတ်ကတည်းက လုံးလုံး မနားရသေးဘူး။ ဘာဘဲဖြစ်ဖြစ် ပိုက်ဆံရရင်ပြီးရောဆိုပြီး အားတင်းပြီးလုပ်တာ အခုဆိုရင် ၇ရက်ကျော်သွားပြီ။ ဒီနေ့ကတော့ တော်တော်လေး ပင်ပန်းတယ်။ ဘာလို့လဲဆိုတော့ မနေ့တုန်းက စိတ်တော်တော်တိုခဲ့ရတယ်။ ခေါင်းမူးတာကလည်းအရမ်းဘဲဆိုတော့ အလုပ်မှာတော်တော် စိတ်ရှော့ထားပြီးလုပ်ခဲ့ရတယ်။ နောက်ဆုံးတော့ အိမ်ပြန်တဲ့ အချိန်ရောက်လာတော့ လိုက်ပို့ပေးတဲ့ …