Facebook Photo Syncing

Facebook ကနေ အသစ်တစ်ခုဖြစ်တဲ့ Photo Syncing Feature တစ်ခုကို ထည့်သွင်းပေးထားပါတယ်။ Android and iOS နှစ်မျိုးလုံးအတွက် သုံးလို့ရပါတယ်။
ကိုယ်ရိုက်ထားတဲ့ ဖုန်းထဲက ပုံတွေကို အလိုလို ဖေ့ဘွတ်ထဲ ရောက်အောင် လုပ်ပေးထားတာဖြစ်ပါတယ်၊ အရင်ဆုံး ကိုယ့်ရဲ့ private ဖြစ်ပြီးတော့ ကိုယ် share လိုက်မှာ အများကြည့်လို့ရမှာဖြစ်ပါတယ်။

အမှန်အတိုင်းပြောရရင် အဲ့ feature က Google+ မှာပါပြီးသားပါ။ သုံးလို့ အဆင်ပြေသလို အသုံးလည်းဝင်ပါတယ်။ အခုတော့ Facebook မှာပါ ရပြီဆိုတော့ Photo တွေတင်လို့ ကောင်းကျတော့မှာဖြစ်ပါတယ်။

သတိထားရမှာကတော့ setting မှာ ပုံတွေကို Snyc over wifi and cellular or wifi only ဆိုတာရှိပါတယ်။ cellular ကနေလုပ်မယ်ဆိုရင်တော့ မြန်မာ့အင်တာနက်ခ နှုန်းထားနဲ့ဆို တော်တော်လေး ကုန်နိုင်တယ်။ တင်မှာက ပုံတွေဆိုတော့။ ကြားတာကတော့ background program တွေသုံးလို့ ကုန်မယ့် data တွေကို မတွက်ဘဲနဲ့ သုံးသူတွေ download လုပ်လို့ ကုန်တဲ့ data size ကိုဘဲ ကောက်ယူမယ်ဆိုရင်တော့ အကုန်အကျ မများတော့ဘူးပေါ့။(ဟုတ်မဟုတ် မသေချာပါ) ဘယ်နည်းလမ်းတွေနဲ့ မှတ်ထားမယ်ဆိုတာ ကျွန်တော်လည်း ကောာင်းကောင်းမသိဘူး။ သုံးထားတဲ့ နည်းပညာတွေ တော်တော်မြင့်တယ် ထင်တယ်ဗျ။