Now What???

sad-grad_new_large
အလုပ်ရှာရတာ ထင်သလောက် မလွယ်မှန်း ကိုယ်တို်င် ရှာကြည့်တော့မှ သိတယ်။ စင်္ကာပူမှာ ကျောင်းပြီးရင် အလုပ်လွယ်လွယ် ရတယ်ဆိုတာ ခေတ်ကုန်သွားပြီလို့ ဆိုရမယ်။ အစိုးရကျောင်းပြီးပြီး၊ အပြင်ကျောင်းပြီးပြီး ရှာရတာ ခက်တာဘဲ။ အရင်တုန်းကလို ကျောင်းပြီးတာနဲ့ အလုပ်ဆိုတာ မရှိတော့ပါဘူး။ PR ဆိုတာ လည်း ပေးတယ်လို့ မကြားမိတော့ဘူး။ ကျွန်တော်တို့လည်း မရပါဘူး။ Republic Polytechnic မှာကျောင်းပြီးခါနီး ငါဘာတွေသိခဲ့လည်း ကျောင်းက ငါ့ကို ဘာတွေသင်ပေးခဲလဲဆိုတာ ပြန်တွေးကြည့်မိရင် အလုပ်ရှာရမှာ ရင်လေးတယ်။ အတွေ့အကြုံရှိမှ အလုပ်ရှာရတာလွယ်တယ်။ PR ဖြစ်မှ လွယ်တယ်။ မျိုးစံုပြောကြတာပေါ့၊ တကယ်က ကိုယ့်မှာ အရည်အချင်းတကယ် ပြည့်စံုတယ်ဆို ရှာရတာ လွယ်ပါတယ်။ စင်္ကာပူနိုင်ငံသားတိုင်း အလုပ်လွယ်လွယ် မရကြပါဘူး။ အရည်အချင်းရှိတဲ့ သူတိုင်း အလုပ်ရကြပါတယ်။ ဘယ်သူဖြစ်ဖြစ်ပါ။

အခုကျောင်းပြီးတော့မယ်ဆိုတော့ အလုပ်အကိုင် ကောင်းကောင်းလေး ရချင်တော့ ရှာနေရပြီပေါ့။ ရှာဆို ဘယ်လို အလုပ်မျိုးကို ရှာမှာလဲဆိုတာ မေးစရာဖြစ်လာပြန်ရော၊ ကျွန်တော်ကတော့ လောလောဆယ် start-up company တွေမှာ လုပ်ဖို့ စပြီးရှာနေတယ်။ ကျွန်တော့အထင် အဲ့လို company တွေက interview ရတာတော့မြန်တယ် pass ကိစ္စတော့ မပြောတတ်ဘူး။ ကျွန်တော်ထင်တယ် small company ဆိုရင်တော့ အကုန်လံုး လုပ်ရမှာဘဲ၊ အတွေ့အကြုံကောင်းကောင်းလိုချင်ရင်တော့ start-up တွေမှာရှာပေါ့။ မဟုတ်ရင်တော့ MNC တွေမှာရှာပေါ့။ ကျွန်တော်ကတော့ ဘာလာလာ ဒေါင်းတယ်၊ အကုန်လံုးရှာတယ်။ အားလံုးမှာ အိုကေအောင် လုပ်မယ်လို့ ဆံုးဖြတ်ထားတယ်။ ကျွန်တော်တို့လို Entry Level တွေမှာ များများစားစား ရွေးစရာမရှိပါဘူးဗျာ။ ရတာလုပ်ရမယ့် ဘဝတွေပါ။ အဲ့ထဲကမှ ကိုယ်နဲ့ အစဉ်ပြေဆံုး၊ တတ်လမ်းအရှိဆံုးမှာ လုပ်ပေါ့။
color-grads-job-gap
ကျွန်တော် ဘာလုပ်နိုင်လဲ လို့မေးရင်တော့ အားလံုးလုပ်နိုင်တယ်။
အိုင်တီလောက အတွက် အသစ်ဆိုတာ အမြဲတမ်းရှိနေပါတယ်။ ငါဒါလုပ်တတ်တယ်၊ ဒီအလုပ်ကို ဘဲလုပ်မယ်ဆိုတာ ကျွန်တော့စတိုင် မဟုတ်ပါဘူး။ ကျွန်တော် မလုပ်တတ်ဘူးဆိုတာ မလုပ်ဖြစ်သေးတာကြောင့်က တစ်ပိုင်း၊ လုပ်ဖို့ အခွင့်အရေး မပေးသေးတာက တစ်ပိုင်းပါ။ ကျွန်တော Android Programming မသင်ဖူးပါဘူး။ Mobile Development Module လည်း မယူထားဘူး။ ဒါပေမယ့် ကျွန်တော် အခြေခံ android mobile app လောက်တော့ တစ်ယောက်တည်း ရေးနိုင်တယ်။ အဲ့ဒါနဲ့ နောင်ဆံုးနှစ် ပထမပိုင်း ပရောဂျက်ကို Android App ယူလိုက်တယ်။ ဖတ်လိုက်ရတဲ့ စာ၊ တွေ့လိုက်ရတဲ့ error အကုန်စံုနေတာဘဲ။ နောက်ဆံုးတော့ ပြီးသွားတယ်။ ဆုတစ်ခုရသွားတယ်။ အသိတစ်ခုလည်းရသွားတယ်။ ဘာအသိလည်းဆိုတော့ “ငါလုပ်တတ်တယ်ဆိုတာထက်၊ ငါလုပ်နိုင်တယ်” ဆိုတာဘဲ။ အဲ့ဒါလေးကို တွေးပြီး ပီတိဖြစ်နေမိတယ်။

ဘာလုပ်တတ်လည်းဆိုရင်တော့ ပြောစရာ နည်းနည်းရှိသွားပြီ။

ကျွန်တော် ကျောင်းမှာ သင်းပေးတဲ့ဟာတွေအားလံုးကို လုပ်တတ်တယ်လို့ ပြောလို့ရမယ်ထင်တယ်။ ကျွန်တော် သိလိုက်တာနောက်တစ်ခုက ကျောင်းဆိုတာ အခြေခံ logic တွေဘဲ ပေးခဲ့တယ်ဆိုတာဘဲ။ Programming အခြေခံ ကို ခိုင်အောင် ပေးခဲတယ်။ java, python ကျွန်တော် လုပ်တတ်တယ်။ php, sql ကောင်းကောင်း သိတယ်။ Business Systems တွေလည်း ကောင်းကောင်းသိတယ်။ Salesforce.com, SAS, SAP, HRIS, SMIS စတာတွေ သံုးတတ်တယ်။ ITPM, MIS, SAD, BPM စတဲ့ ပရောဂျက် အပိုင်းတွေလည်း လုပ်တတ်တယ်။ .Net, C#, Android SDK, WP8 SDK တွေကိုလည်း စမ်းလုပ်ဖူးတယ်။ JavaScript ကို အရင် က ရိုးရိုးလေးထင်ခဲ့လို့ အသေးစိတ် မလေ့လာဖြစ်ဘူး၊ အခုနောက်ပိုင်း တော်တော်လေး ဆရာဖြစ်လာလို့ သေသေချာချာ လိုက် လေ့လာနေတယ်။ MongoDB, Node.js, Blackbone.js, Angular.js, Bootstrap အဲ့ဒါတွေကို စမ်းခဲ့ဖူးတယ်။ ပရောဂျက် ရေးတဲ့အဆင့်ထိတော့ မသံုးဖူးသေးဘူး။ လုပ်မယ်ဆိုရင်တော့ ရပါတယ်။ CodeIgniter, CakePHP စတာတွေနဲ့လည်း အတွေအကြုံရှိတယ်။ နောက်ဆံုးနှစ် ဒုတိယ ပရောဂျက်ကို CodeIgniter သံုးပြီး လုပ်ထားတယ်။ စမ်းမယ်ကွာဆိုပြီး လုပ်လိုက်တာပါ။ လံုးလံုးမသိတာတော့ Ruby on Rails, Perl စတာတွေ၊ Linux အပိုင်းတော့ အခြေခံရပါတယ်။ Server Technology အပိုင်းလည်း အနည်းငယ်သိပါတယ်။ Networking & Security အပိုင်းလည်း အခြေခံ လောက်သိထားပါတယ်။ ကျန်တာတွေ ဘာလုပ်တတ်သေးလဲတော့ ကျွန်တော့လည်း မပြောပြတတ်တော့ဘူး။ အင်တာဗျူးမှာဘဲ ပြောတော့မယ် 😛

ပြောဖို့ ကျန်ခဲ့တယ် ကျွန်တော် PHP နဲ့ MLM System တစ်ခုကို လုပ်နေတယ်။ ကျောင်းအားရက်တွေမှာ အရင်လို Hotel, Restaurant မှာ မလုပ်တော့ဘဲ
Freelance အလုပ်တွေ လိုက်လုပ်ခဲ့တယ်။ အကြီးဆံုး ပရောဂျက်ကတော့ အခုလုပ်နေတဲ့ MLM System ပါဘဲ။ ကျန်တာတွေကတော့ UI testing, Website Design, WordPress, Joomla စတဲ့ website အပိုင်း တွေပါဘဲ။ အချို့ဟာတွေက တစ်ယောက်တည်း မဟုတ်ဘဲ တခြားသူတွေနဲ့ လုပ်ခဲရပါတယ်။ ကူလုပ်ပေးတာပေါ့၊ အခု MLM System ကိုတော့ တစ်ယောက်တည်း အကုန်လုပ်နေရပါတယ်။ Business Logic တွေဘဲ သိတဲ့ Client တွေနဲ့ တွဲပြီး လုပ်ရတဲ့ အတွေ့အကြုံကိုတော့ လုပ်ဖူးသူတွေ သိနိုင်မှာပါ။