Tag Archives: 1.11.11

1.11.11 +1st Razer Prizes

ကျွန်တော်စာ မရေးဖြစ်တာတောင် တော်တော်ကြာ နေသလိုရှိနေပါပြီ။ မအားတာကြောင့်ပါ။ အလုပ်ကရှုပ်ဆို ဟိုလိုက်ပါ၊ဒီလိုက်ပါ လုပ်နေတာကိုး။ ပါတယ်ဆိုတာက တစ်မျိုးတော့မထင်ပါနဲ့အုံး။ ပြိုင်ပွဲလေးတွေ လိုက်ပြိုင်နေတာပါ။ ကျောင်းမှာဆိုတော့ ပြိုင်ပွဲတွေက တော်တော်ရှိတယ်။ ဘောဒါတွေ အဖော်လိုလို့ ကျွန်တော် ဝင်ပြိုင်မိခဲ့တယ်။ Razer ဆိုရင် ဂိမ်းဆော့တဲ့သူတွေ မသိသူမရှိလောက်ဘူးလို့ထင်ပါတယ်။ ကျွန်တော်တို့ ပထမဆု ရသွားပါတယ်။ ကျောင်းမှာ ပြိုင်တဲ့အဖွဲတွေထဲမှာ top 10 ကို ရွေးပြီး ဒီနေ့မှာ နောက်ဆုံး Presentation လုပ်ခိုင်းပြီး 1st, 2nd, 3rd ရွေးတာပါ။ ကျွန်တော်တို့ ၂၉မှတ်ရပါတယ်။ ပျော်ရွင်စရာနေ့လေးဖြစ်သွားပါတယ်။ ၁.၁၁.၁၁ မှာ ပထမဆု တစ်ခုရတယ်ဆိုတော့ မှတ်မှတ်ရရ ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ရသွားတဲ့ Design က မိုက်တယ်လို့ ပြောလို့ရမယ်။ တစ်ကယ်တော့ …