Tag Archives: မြန်မာနိုင်ပြီ

မြန်မာနိုင်ပြီ၊ တို့မြန်မာနိုင်ပြီ။

မနေ့ညတုန်းက စာလုပ်မယ်ဆိုပြီး laptop ဖွင့်လိုက်တယ်။ ပြီးတော့ ဟိုလိုလို ဒီလိုလိုနဲ့ Facebook ရောက်သွားတော့ မြန်မာ ဘောလုံးပွဲအကြောင်းတွေ တင်ထားတာနဲ့ ဝင်ကြည့်လိုက်မိတယ်။ ဗီယက်နမ် နှင့် ကန်နေတဲ့ ပွဲကို live ကြည့်လို့ရနေတာနဲ့ ဆက်ကြည့်ဖြစ်သွားတယ်။ တော်တော်ကောင်းတဲ့ မြန်မာ ကစားသမားတွေလို့ ပြောလိုက်မိတယ်။ ကျွန်တော် ငယ်ငယ်တုန်းကဆို အမြဲ အားပေးတယ်။ ရန်ကုန်မှာတုန်းကဆို သုဝဏကွင်းထဲမှာကို သွားအားပေးဖူးတယ်။ အခုနောက်ပိုင်း မကြည့်ရတာလဲ ကြာနေသလို ကောင်းကောင်းမွန်မွန် သတင်းဆိုလို့ ဘားမှမကြားရဘူးလေ။ ဘာပဲဖြစ်ဖြစ် မြန်မာဆိုတော့ သွေးကပဲ ပြောလို့လား မသိဘူး ကြည့်ရင် ရင်ခုန်တယ်။ ဂိုးသွင်းနိုင်ရင် ပျော်တယ်။ ရှုံးရင် ဝမ်းနည်းတယ်။ မန်ယူကန်တာ ဘယ်လောက်ပဲ ကောင်းကောင်း မြန်မာပွဲတွေလောက် ရင်မခုန်ဘူး။ ကြည့်ကောင်းကောင်းနဲ့ ပြီးတဲ့အထိကြည့်သွားတာ။ …