၆လအကြာ…

ဒီလကုန်ရင် ကျွန်တော် အလုပ်စလုပ်တာ ၆လပြည့်ပြီပေါ့။ ဘာတွေထူးခြားသွားလဲဆိုတော့ သိသိသာသာကြီး ဝလာတယ်။ အနည်းဆုံး 5kg လောက်တိုးသွားတယ်။ အလုပ်လုပ်ပြီဆိုရင် ထိုင်ရာကနေ ထတာဆိုလို့ အိမ်သာသွားတဲ့ အချိန်နဲ့ ထမင်းစားတဲ့ အချိန်ဘဲရှိတယ်။ ကျန်တဲ့အချိန်တော်တော်များများက ကွန်ပြူတာရှေ့မှာဘဲ ရှိနေတယ်။ အလုပ်ပြီးလို့ အိမ်ရောက်တော့လည်း ခဏလောက်ဘဲ ရေချိုး၊ ထမင်းစား ပြီးတာနဲ့ ကွန်ပြူတာရှေ့ ပြန်ရောက်နေတယ်။ ရုပ်ရှင်ကြည့်တယ်၊ ရေးစရာမပြီးသေးရင် ဆက်ပြီးရေးတယ်။ ဒီဇိုင်းကတော့ အလုပ်မှာဘဲ အပြီးလုပ်တယ်။ အလုပ်က ကွန်ပြူတာက ကြီးတော့ ပိုပြီး အစဉ်ပြေတယ်။ အလုပ်လုပ်တော့မှ Mac ကို စသုံးတာဆိုတော့ နည်းနည်းတော့ လက်ပေါက်ကတ်တယ်။ အခုတော့လည်း Mac သုံးရတာ ပိုကြိုက်လို့ နောက်တစ်ခါ Laptop ဝယ်ရင် Mac ဝယ်တော့မယ်။ အလုပ်အပိုင်းမှာတော့ သင်ယူစရာတွေက ပြောမနေပါနဲ့တော့။ မတူတဲ့ field ထဲရောက်နေတော့ ပိုဆိုးတယ်။ productive, creative, professional ဖြစ်ရမယ်ဆိုတာကတော့ အလုပ်ထဲက လက်သုံးစကားတွေပေါ့။ အလုပ်က များတာက ပိုများနေတယ်။ အားတယ်ဆိုတာမရှိဘူး။ ကျွန်တော်ကတော့ ပိုကြိုက်တယ်။ အားနေရင် အလုပ်ရှင် က ဟိုခိုင်း ဒီခိုင်းနဲ့၊ ပြီးတော့ အလုပ်မှာ အလုပ်မရှိရင် မနေတတ်ဘူး။ စလုပ်ခါစတုန်းကဆို ကြာချိန်ကို ကောင်းကောင်းမပြောတတ်ဘူး။ အလုပ်တစ်ခုကို ဘယ်လောက်နဲ့ အပြီးလုပ်နိုင်လဲ။ ဘယ်အချိန်ဘာပြီးမယ်ဆိုတာကို ကောင်းကောင်းမပြောနိုင်တော့ မန်နေဂျာက မင်းအလုပ်လုပ်တာ တဲ့လိုလုပ်လို့မရဘူး။ deadline, timeline ရှိရမယ်ဆိုပြီးပြောတယ်။ task တွေကိုတော့ ကိုယ့်ဟာကို ဘာပြီးဘာလုပ်မယ်။ ဘယ်ဟာကို ဘယ်အချိန်မှာလုပ်မယ်ဆိုပြီး လုပ်ထားတယ်။ အသိတာက ကြာချိန်။ နောက်ပိုင်းတော့ တော်တော်လေး မှန်းတတ်လာ သလို လုပ်တာလညး်မြန်လာတယ်။ တော်ရုံတန်ရုံ ဒီဇိုင်းဆို ချက်ချင်းလုပ်ပေးလိုက်နိုင်တယ်။ ၆လဆိုသလောက် ဒီဇိုင်းပိုင်းကို တော်တော်လေ့လာဖြစ်ခဲ့တယ်။ Website ကတော့ mocrosite လေးတွေကတော့ ၄ ၊ ၅ ခုလောက်ရှိတယ်။ Event အတွက် များပါတယ်။ register form, email confirmation after registeration, agenda, programmes, updates, feedbacks စတာတွေကို လုပ်လို့ရတယ်ဆို အိုကေပါပြီ။ အခက်ကြီးမဟုတ်ပေမယ့် အချိန်တိုတို အတွင်းမှာ အပြီးလုပ်ရတယ်။ mobile မှာကောင်းကောင်း အလုပ်လုပ် အောင်ရေးပေးရတယ်။ နောက်ပိုင်း mobile app လုပ်ဖို့ရှိတယ်။ ကျွန်တော်ကတော့ cross platform ဖြစ်မှရမယ်ဆိုတော့  Phonegap, lungo, sencha, Jquery Mobile စတာတွေဘဲ သုံးပြီး ရေးမယ်။ Native App က နည်းနည်းအချိန်ယူရမယ်။ iOS အပိုင်း မလုပ်ဖူးတော့ လုပ်မယ်ဆိုရင် စာဖတ်ရမှာနဲ့ အချိန် မရတာနဲ့ဆို မလွယ်ဘူး။ အလုပ်လုပ်တော့ ကိုယ့်ကိုကိုယ် ဆောင်ပုဒ်တစ်ခု ရေးထားတယ်။

There is nothing i can’t do!

လုပ်ရင်းနဲဲသင်တတ်တဲ့ အကျင့်ကို ကျောင်းမှာကောင်းကောင်း သင်ခဲ့ရတော့ အရာကိအရာရာကို မကြောက်ဘူး။ သင်ရမှာကို မကြောက်ဘူး၊ မသိတာကို မကြောက်ဘူး။ ငါသိအောင်လုပ်နိုင်တယ်။ ဒီအလုပ်ကို ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်လေးနဲ့ ရှေ့ဆက်သွားနေရတယ်။ အားနည်းချက်တွေ အများကြီးရှိတယ်ဆိုတာ သိလာတယ်။ မိမိ ကိုယ်ကို အကောင်းဆုံးနဲ့ အမှားမနည်းဆုံးဖြစ်အောင် ကြိုးစားရမယ် ဆိုတဲ့ စိတ်လေးနဲ့….