စာမရေးတာ ကြာပေါ့။

I am coming back!
အလုပ်များတာ၊ မအားတာ၊ စိတ်မပါတာ၊ ပျင်းတာ၊ မလုပ်ဖြစ်တာ၊ မလုပ်တတ်တာ အားလုံးပေါင်းပြီး ဆိုဒ်ကို ဒေါင်းနေတာ ပြန်မလုပ်ဖြစ်ဘူး။ အရင်တုန်းက အလကား ရတဲ့ free shared hosting ပေါ်မှာ တင်ထားတာ ဟိုပြောင်းလိုက်၊ ဒီပြောင်းလိုက်နဲ့ အတည်တကျ ဖြစ်တယ်ဆိုတာကို မရှိဘူး။ vps ကောင်းကောင်း တစ်လုံး လိုချင်နေတာနဲ့ လိုက်ရှာတာ ဈေးကြီးတာနဲ့ မဝယ်ဖြစ်ဘူး။ နောက်တော့ ကြေငြာအားကောင်းတဲ့ DigitalOcean ကိုတွေ့ပြီး ကြည့်လိုက်တော့ စိတ်ကြိုက်ဖြစ်နေတယ်၊ ဈေးကလည်း တစ်လ ၅ကျပ်လောက်ဆိုတော့ တတ်နိုင်တာနဲ့ စမ်းသုံးကြည့်တာ တော်တော်လေးကြိုက်တာနဲ့ အရင်ကျောင်း ဆိုဒ်မှာတင်ထားတဲ့ scripts တွေ အားလုံးကို ဒီမှာ စမ်းကြည့်တော့ အိုကေတယ်။ ပြီးတော့ ကိုယ်စိတ်ကြိုက်လုပ်လို့ရတာနဲ့ အားလုံးပြောင်းဖြစ်သွားတာ။ RAM 512, 20GB SSD နဲ့ Ubuntu တင်လိုက်တာ ၁မိနစ်တောင်မကြာဘူး ပြီးသွားတယ်။ ပြီးတော့ NGINX တင်လိုက်ပြီး လိုအပ်တာတွေ တင်ပြီးတဲ့ အထိ အားလုံး အိုကေတယ်။ ဆိုဒ်ကို တင်တာ တော်တော်လေး လေ့လာလိုက်ရတယ်။ နောက်တော့မှာ သဘောပေါက်သွားတယ်။ အဲ့ဒါနဲ့ ပြီးသွားတယ်။ ဆိုဒ်ကို သေချာ ပြန်ပြီး လုပ်ဖို့ရှိပါတယ်။ IT-KOKO နဲ့ Pic & Me နှစ်ဆိုဒ်လုံးကို အသစ်ပြန်လုပ်နေတယ်။ ပြီးတော့ စိတ်ကူးပေါက်တာနဲ့ ရေးထားတဲ့ Apps လေးတစ်ခုရှိ ပါသေးတယ်။ ပြီးရင် Play Store တင်ဖို့ ရှိပါတယ်။

နောက်မှဘဲ ပုံမှန် ပို့စ် တင်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားပါ့မယ်။

အိုင်တီကိုကို