Month: May 2015

ကျောင်းပြန်တတ်ရတော့မယ်

စာမရေး စာမဖတ်တာ တစ်နှစ်လောက်ရှိပြီ။ အလုပ်နဲ့ဆိုင်တဲ့ သတင်းတွေ လောက်ဘဲ လိုက်လေ့လာဖြစ်တယ်။ အလုပ်မှာတော့ အပြောင်းအလဲ တော်တော်များသလို ကျွန်တော့ တာဝန်ယူရတဲ့ အပိုင်းတွေပိုများလာတယ်။ လုပ်ဖော်ကိုင်ဘက် အသစ်တွေများလာတော့ သူတိုနဲ့ အစဉ်ပြေအောင် သည်းခံပြီးနေရတာပေါ့။ အလုပ်ထွက်တဲ့သူတွေများလာတော့ ကျွန်တော်က အလိုလို စီနီယာကြီးဖြစ်သွားရော၊ ပြီးတော့ ထွက်မယ်လုပ်တဲ့ကျွန်တော့ကို သူဌေးက နည်းမျိုးစုံနဲ့ Psycho ထည့်တာပေါ့။ နောက်ဆုံးတော့ မပြောင်းတော့ပါဘူးဆိုပြီး ဆုံးဖြတ်လိုက်တယ်။ နောက်ပြီးတော့ ကျောင်းဆက်တတ်ချင်တာ တစ်ခုကြောင့်လဲ ပါတာပေါ့။ ဒီနှစ် ကျောင်းဆက်တတ်ဖြစ်တယ်။ မြန်မြန်နဲ့ ပြီးတဲ့ကျောင်း တွေရှာကြည့်တော့ government uni ထက် private uni ကို တတ်ဖို့ရွေးဖြစ်သွားတယ်။ လောလောဆယ်တော့ PSB က University of Newcastle မှာ တတ်ဖို့ …