ကျောင်းပြန်တတ်ရတော့မယ်

စာမရေး စာမဖတ်တာ တစ်နှစ်လောက်ရှိပြီ။ အလုပ်နဲ့ဆိုင်တဲ့ သတင်းတွေ လောက်ဘဲ လိုက်လေ့လာဖြစ်တယ်။ အလုပ်မှာတော့ အပြောင်းအလဲ တော်တော်များသလို ကျွန်တော့ တာဝန်ယူရတဲ့ အပိုင်းတွေပိုများလာတယ်။ လုပ်ဖော်ကိုင်ဘက် အသစ်တွေများလာတော့ သူတိုနဲ့ အစဉ်ပြေအောင် သည်းခံပြီးနေရတာပေါ့။ အလုပ်ထွက်တဲ့သူတွေများလာတော့ ကျွန်တော်က အလိုလို စီနီယာကြီးဖြစ်သွားရော၊ ပြီးတော့ ထွက်မယ်လုပ်တဲ့ကျွန်တော့ကို သူဌေးက နည်းမျိုးစုံနဲ့ Psycho ထည့်တာပေါ့။ နောက်ဆုံးတော့ မပြောင်းတော့ပါဘူးဆိုပြီး ဆုံးဖြတ်လိုက်တယ်။ နောက်ပြီးတော့ ကျောင်းဆက်တတ်ချင်တာ တစ်ခုကြောင့်လဲ ပါတာပေါ့။

ဒီနှစ် ကျောင်းဆက်တတ်ဖြစ်တယ်။ မြန်မြန်နဲ့ ပြီးတဲ့ကျောင်း တွေရှာကြည့်တော့ government uni ထက် private uni ကို တတ်ဖို့ရွေးဖြစ်သွားတယ်။ လောလောဆယ်တော့ PSB က University of Newcastle မှာ တတ်ဖို့ လျှောက်ထားတယ်။ ပြီးတော့ NAA (Ngee Ann-Adelaide) ကိုလည်း တတ်ဖို့ ရည်ရွယ်ထားတယ်။ အနည်းဆုံးတော့ ၂နှစ်လောက် ကြာမှာဘဲ။ ကျောင်းလခကတော့ စုစုပေါင်း ၂သောင်းကျော်လောက်ကျမယ်ထင်တယ်။ မတတ်နိုင်ဘူး ဘွဲ့တစ်တစ်ခု မရသေးရင် ပညာအရည်အချင်း မပြီးသေးသလိုဘဲ၊ အဲ့ဒါကြောင့် ကျောင်းဆက်တတ်ဖို့ ဖြစ်သွားတာ။

တစ်ပတ်ကို ၃ရက်လောက်တော့ အလုပ်ပြီးရင် ကျောင်းသွားတတ်ရမှာပေါ့၊ နည်းနည်းပင်ပန်းတာတော့ရှိမယ်။ ဒါပေမဲ့ မတတ်နိုင်ဘူး… လုပ်မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုတော့ ပြီးတဲ့အထိ လုပ်ရမှာဘဲ။ အမြဲ တစ်ခုခုတော့ တိုးတတ်အောင်လုပ်ရမှာပေါ့။