Samsung’s Galaxy Gear Smart Watch

Samsung ကဒီနေ့ဘဲ IFA 2013 မှာ ပစ္စည်းအသစ် တွေ မိတ်ဆက်သွားပါတယ်။ Galaxy Gear smart watch အပါအဝင် Galaxy Note, Galaxy Tab အသစ်တွေပါ မိတ်ဆက်ပေးသွားပါတယ်။ ဖုန်းကနေ လူ့တွေ နေ့စဉ်အသုံးပြုနေကြတဲ့ အရာတွေကိုပါ နည်းပညာနဲ့ တိုးတတ်ပြောင်းလဲ အောင် လုပ်နေကြတဲ့ အထဲမှာ ဒီတစ်ခါကတော့ လက်ပတ်နာရီကို ရိုးရိုး အချိန် ကြည့်ရရုံကနေ ပိုပြီး အသုံးဝင်လာအောင် ပြုလုပ်ထားတဲ့ Galaxy Gear က လူကြိုက်များအုံးမယ်ထင်ပါတယ်။ ဖုန်းက notification ကို နာရီကနေ ကြည့်လို့ရမယ်။ သီချင်းကို နာရီနဲ့ ဖွင့်လို့ရမယ်။ Camera စတဲ့ feature တွေပါ သုံးလို့ရတဲ့ နာရီအမျိုးအစားဖြစ်ပါတယ်။

Android OS ကို အသေးစား ပုံစံ အသုံးပြုလို့ရအောင် customize လုပ်ထားပြီး 800MHz processor နဲ့ 512MB RAM ပါရှိပါတယ်။ လောလောဆယ်တော့ Apps ပေါင် ၇၀လောက် ရှိပြီး Evernote ၊ Pinterest စတဲ့ နာမည်ကြီး Apps တွေပါ အသုံးပြုနိုင်နေပါပြီ။ အောင်တိုဘာ လလောက်မှာ $299 နဲ့ စတင် ရောင်းချပေးသွားမယ်လို့ ပြောသွားပါတယ်။