Month: January 2012

သာလွန် (TharLon OS)

ကျွန်တော် မနေ့ညကပဲ သာလွန် OS ကိုသွင်းလိုက်ပါတယ်။ ကျွန်တော့ Laptop မှာက Window7, Ubuntu နှစ်ခုရှိပြီးသားဆိုတော့ သာလွန်နဲ့ဆို ၃ခုတောင် ရှိသွားပါပြီ။ တော်တော်လေး သုံးရတာ အစဉ်ပြေတယ်။ အရင်တုန်းကတည်းက Ubuntu သုံးနေကြဆိုတော့ ဘားမှတော့ ထူးထူးဆန်းဆန်း ဖြစ်မနေပါဘူး။ မြန်မာလိုတွေ အားလုံးနီးပါး ဖြစ်ကုန်တယ်လေ။ မြန်မာစာ နဲ့ အားလုံး ဖတ်လို့ ရေးလို့ ရတယ်။ System တော်တော်များများ ကို မြန်မာလို ဖတ်လို့ရနေတော့ တမျိုးတော့ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ကွန်ပျူတာ စသုံးကတည်းက အင်္ဂလိပ် လိုသုံးလာတာဆိုတော့၊ မြန်မာလိုတွေ မြင်ရတော့ အမျိုးကြီးဖြစ်နေတယ်။ တချို့စကလုံးတွေက မြန်မာလို ပြန်လို့တော်တော်ခက်တယ် ဒီအတိုင်းကြီးပဲ ပြန်ပြီးရေးထားတယ်။ စာလုံးပေါင်း စစ်တာ ကို လုပ်နေပြီဆိုတော့ …

THE ART OF FREEDOM FESTIVAL (Awarded Movies)

ကျွန်​တော် အခုတလော စာတော်တော်ရေးဖြစ်နေတယ်၊ အလုပ်မသွားတာက တစ်ကြောင်း၊ ရေးစရာတွေများနေတာက တစ်ကြောင်း ဟိုရေးဒီရေးနဲ့ တော်တော် ရေးဖြစ်တယ်။ ဒီပိုစ့်ရေးပြီးရင်တော့ ကျွန်တော် ကျောင်းအတွက် စာရေးရပါအုံးမယ်။ Report ရေးရမှာဆိုတော့ စာတွေလိုက်ရှာရတယ်လေ။ အိမ်က Internet connection ကတော်တော်လေး ကျနေတယ်။ ရလိုက် မရလိုက်ဖြစ်နေတယ်။ စာရှာရတာ စိတ်မပါတော့လို့ ဗီဒီယိုလေးတွေ လိုက်ရှာရင်းနဲ့ “လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်” တုန်းက ဆုရခဲ့တဲ့ ဗီဒီယိုလေးတွေ သွားတွေတယ်။ အားလုံးကောင်းတယ်။ ကောင်းလို့လဲ ဆုရတာပေါ့။ အဓိပ္ပါယ်တော်တော်ရှိတယ်။ရှိမှာပေါ့ အဖြစ်မှန်တွေကို ရိုက်ထားတာကိုး။ အဲ့ဒါလေးတွေ လိုက်ရှာရင်း သူများတွေလည်း လွယ်လွယ်ကူကူနဲ့ ကြည့်လို့ရအောင်၊ ကျွန်တော်ဆီမှာလဲ မှတ်တမ်းလေးကျန်ခဲ့အောင် ရည်ရွယ်ပြီး တင်လိုက်ပါတယ်။ Copyright နဲ့ညိနေရင် ကျွန်တော် ပြန်ဖြတ်ပေးပါ့မယ်လို့။Freedom ဖြစ်တယ်ဆိုပေမယ့် …

တွေးမိတွေးရာများ ၁

ဘာရယ်မဟုတ်ဘူး ရယ်စရာလေးတစ်ခုတွေ့လို့ ရေးချမိသွားတယ်။ ကျွန်တော့ သူငယ်ချင်း ရန်ကုန်ကနေ ရောက်တာ မကြာသေးဘူးလေ။ အလုပ်စလုပ်ခါစဆိုတော့ ဒီမှာ အသားတော့ မကျသေးဘူးပေါ့။ သူပျင်းနေမှာ ဆိုးလို့ စကား ပြောရင်းနဲ့ ရယ်စရားလေးတစ်ခု သွားတွေ့တယ်။ ရယ်လည်း ရယ်ချင်တယ်၊ သနားလည်း သနားမိတယ်။ အကြောင်းကတော့ သူနဲ့ သူ့ကောင်မလေးတို့ နှစ်ဉီး ရန်ကုန်မှာ သွားရင်းနဲ့ ဖြစ်ပျက်ခဲ့တဲ့ အရာလေးပါ။ သူတို့ နှစ်ဉီး ချိန်းတွေ့ဖို့နေရာက အင်းယားကန်ဘောင် ဆိုတော့ ထိုင်လို့ကောင်းမယ်၊ လေညှင်းလေးခံပြီး စကားပြောမယ်ပေါ့။ ဖြစ်ချင်တော့ ထိုင်ခုံက တစ်ခုမှ မအားဘူးတဲ့။ နေကလည်း ပူ၊ နေ့လည်စာက စားပြီးခါစဆိုတော့ ထိုင်ဖို့နေရာ လိုက်ရှာတာ တော်တော်ကြာသွားတယ်။ နှစ်ခေါက်၊ သုံးခေါက်လောက် လမ်းလျှောက် ပတ်ကြည့်တော့ ထိုင်ခုံတော်တော်မျာများကို ၆နှစ် …

1st Myanmar Browser For Android

Android မှာ မြန်မာလိုမြင်ချင်တယ် Root မလုပ်တတ်ဘူး။ မြန်မာ font မသွင်းတတ်သူများ အတွက် မြန်မာလို ကြည့်လို့ရမယ့် 1st Myanmar Browser လာပါပြီ။ ပထမဆုံး မြန်မာ Browser ဖြစ်ပါတယ်။ NUS က ကိုထင်အောင် က လုပ်ထားတာဖြစ်ပါတယ်။ iOS အတွက်တော့ မြန်မာ Browser တွေများပေမယ့် Android အတွက်တော့ တော်တော်ရှားပါတယ်။ ပထမဆုံး ဖြစ်တာနဲ့ အတူ မြန်မာ font တွေဖြစ်တဲ့ Zawgyi နှင့် WinInnwa နှစ်ခုလုံး ကို ဖတ်လို့ရပါတယ်။ နောက်ပိုင်းတော့ Unicode ပါရလာမယ်လို့ မျော်လင့်နေရပါတယ်။ ကောင်းမွန်တဲ့ Features တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်… [✔] Unlimited tabs …

Sweet Android Highschool

Android ဖုန်းတွေ မှာ Brand အမျိုးမျိုးရှိတယ်ဆိုတာ သိ ကြမှပါ။ အဲ့ထဲမှာ ထူးထူးခြားခြား ဖြစ်နေတဲ့ တချို့အကြောင်းအရာလေးတွေ ရှိတယ်ဆိုတာတော့ လူတိုင်းသိမယ်မထင်ပါဘူး။ ကျွန်တော် က ဂျပန်ကာတွန်းကားတွေ ကြည့်ဖြစ်တယ်။ ငယ်ငယ်လေးကတည်းက ကြည့်တာဆိုတော့ အခုဆို တော်တော် များများ ကြည့်ဖူးပြီးပြီပေါ့။ ကျွန်တော့လို ဝါသနာတူတွေကတော့ ကျွန်တော့ နည်းနည်းပြောရင် သိလောက်မယ်ထင်တယ် ။ မကြည့်ဖူးသူများ ကလည်းစမ်းကြည့်ကြည့်ပါ။ စွ ဲသွားပါလိမ့်မယ်။ အခုပြောမှာက ဖုန်းနဲ့လည်း ဆိုင်တယ်၊ ကာတွန်းကားနဲ့လည်းဆိုင်တယ် ။ ထူးထူးခြားခြား အောက် ကနာမည်လေးတွေကိုဖတ်ကြည့်ပါလား.. Moto-Laura-chan (Motorola) Sam-Sung-chan (Samsung) H-T-Syee-chan (HTC) Elle-G-chan (LG) Soni-Eri-chan (Sony Ericsson) Apple  အတွက်တောင်ပါသေးတယ်။ Apple-Kun …

Facebook New Features

Facebook က သူများနဲ့မတူ ထူးခြားတဲ့ အသစ်အဆန်းတွေ အများကြီးလုပ်ထားပါတယ်။ အရင်ဆုံး စတာကတော့ Skype နဲ့ပေါင်းပြီး Video Call လုပ်ထားပါတယ်။ Facebook ကို chat မှာ video call ပြောချင်တယ်ဆိုရင်တော့ ဒီလင့် မှာ plugin ရှိပါတယ်။ Download လုပ်ပြီးရင် Internet Browser ကို Restart လုပ်လိုက်ရင် စပြောလို့ရပါပြီ။ ပြောဖို့ကတော့ နှစ်ဖတ်လုံးမှာ သွင်းထားမှ ပြောလို့ရမှာပါ။ နောက်တစ်ခုကတော့ အခု Facebook ပုံစံသစ်ဖြစ်တဲ့ Timeline ပါ။ ကျွန်တော်ကတော့ Timeline ကို ပိုကြိုက်တယ်။ ကြည့်ရတာ တမျိုးကြီး ဖြစ်နေပေမယ့်၊ သုံးလို့တော်တော်ကောင်းတယ်။ ကျွန်တော် အကြိုက်ဆုံးကတော့ Feature လုပ်တာပါပဲ။ ကိုလိုချင်တဲ့ ပိုစ့်တွေကို …

နှစ်သစ်မင်္ဂလာပါ

အားလုံး နှစ်သစ်မင်္ဂလာပါ။ ကျွန်တော့ ဘလော့လေးကို လာလာဖတ်တဲ့ သူငယ်ချင်းများ၊ စာဖတ်မိတ်ဆွေများ၊ အားလုံးသောသူများကို ကျေးဇူးတင်ပါတယ်လို့ ဒီကနေပဲ ပြောလိုက်ပါတယ်။ အခုမှ တင်နိုင်တာကို တောင်းပန်ပါတယ်။ အသိပေးချင်တာလေးတစ်ခုကတော့ ကျွန်တော့ဘလော့ကို နှစ်သစ်မှာ စတိုင်အသစ်နဲ့တွေရပါတော့မယ်။ ကျွန်တော် ကိုယ်တိုင် ပြန်ရေးနေပါတယ်။ လောလောဆယ်တော့ IT-KOKO ဘလော့ကို အရင်ရေးနေပါတယ်။ ဘယ်တော့ပြီးမလဲတော့ သေသေချာချာ မပြောနိုင်တာကိုတော့ တောင်းပန်ပါတယ်လို့။ အခုမှ စရေးမှာဆိုတော့ အကောင်းကြီးတော့ ဖြစ်မယ်မထင်ဘူး။ ဟီးဟီး။အကောင်းဆုံးတော့ လုပ်ထားပါတယ်။ နောက်တစ်ခုက ကျွန်တော် ရေးမယ်ဆိုပြီး မရေးရသေးတဲ့ အကြောင်းအရာလေးတွေ ရှိပါတယ်။ ကို ဟိန်းဇော်ထက် ကို ဒီကနေပဲ တောင်းပန်လိုက်ပါတယ်။ ကျွန်တော် ဘီးဇီး နေလို့ပါလို့။ နှစ်သစ်မှာ အားလုံးမင်္ဂလာပါ။