Facebook New Features

Facebook က သူများနဲ့မတူ ထူးခြားတဲ့ အသစ်အဆန်းတွေ အများကြီးလုပ်ထားပါတယ်။ အရင်ဆုံး စတာကတော့ Skype နဲ့ပေါင်းပြီး Video Call လုပ်ထားပါတယ်။ Facebook ကို chat မှာ video call ပြောချင်တယ်ဆိုရင်တော့ ဒီလင့် မှာ plugin ရှိပါတယ်။ Download လုပ်ပြီးရင် Internet Browser ကို Restart လုပ်လိုက်ရင် စပြောလို့ရပါပြီ။ ပြောဖို့ကတော့ နှစ်ဖတ်လုံးမှာ သွင်းထားမှ ပြောလို့ရမှာပါ။

နောက်တစ်ခုကတော့ အခု Facebook ပုံစံသစ်ဖြစ်တဲ့ Timeline ပါ။ ကျွန်တော်ကတော့ Timeline ကို ပိုကြိုက်တယ်။ ကြည့်ရတာ တမျိုးကြီး ဖြစ်နေပေမယ့်၊ သုံးလို့တော်တော်ကောင်းတယ်။ ကျွန်တော် အကြိုက်ဆုံးကတော့ Feature လုပ်တာပါပဲ။ ကိုလိုချင်တဲ့ ပိုစ့်တွေကို ထင်သာ မြင်သာဖြစ်အောင် လုပ်လို့ရပါတယ်။ ကြည့်ရတာ ပိုရှင်းသလို့ ခံစားရပါတယ်။ Modile view မှာလဲ ပိုကြည့်လို့ကောင်းပါတယ်။ လိုချင်ရင်တော့ ဒီလင့်မှာပါ။ စစချင်း ၁ပတ်ဆိုပြီး စမ်းသုံးခိုင်းပါတယ်။ ကျွန်တော်ကတော့ တစ်ခါတည်း ပြောင်းလိုက်ပါတယ်။ ကြိုက်လွန်းလို့။ Cover Picture ကိုလဲ သုံးလို့ရပါတယ်။ ကြည့်ကောင်းမယ့်ပုံလေးတွေတင်ပေါ့ဗျာ။

နောက်တစ်ခုကတော့ Facebook Messenger ပါ။ Mobile တွေမှာတော့ ရတာတော်တော်ကြနေပါပြီ။ Facebook chat ကို သီးသန့် ခွဲပြီး Application တစ်ခု လုပ်ထားတာပါ။ Chat| Message ကိုပဲ အသုံးပြုချင်တယ်ဆိုရင်တော့ ဒီလင့် မှာ ရှိပါတယ်။ အခုဆို Window မှာပါ သုံးလို့ရနေပါပြီ။ Chat & Notification တွေပါ ရပါတယ်။ အသုံးပြုပုံကတော့ ဒီလင့် မှာ download ပါ။ ပြီးရင် install လုပ်ပြီး သုံးလို့ရပါပြီ။ Facebook logo လေးကို Task bar မှာတွေ့ပြီဆိုရင်တော့ right click ပြီး Log in လုပ်ပါ။ (keep me logged in) လုပ်ထားမှ နောက်တစ်ခါ လုပ်စရာ မလိုတော့မှာပါ။ အများသုံး Computer မှာဆိုရင်တော့ အဲ့ဒါလေး မလုပ်မိပါစေနဲ့နော်။ အားလုံးပါသွားလိမ့်မယ်။
နောက်ထက် ဘာတွေ ထက်ဖြစ်လာမယ်ဆိုတာတော့ မသိသေးလို့ သိသလောက်နဲ့ပဲ ရပ်ပါတယ်။

အိုင်တီကိုကို ၂၀၁၂။