သာလွန် (TharLon OS)

ကျွန်တော် မနေ့ညကပဲ သာလွန် OS ကိုသွင်းလိုက်ပါတယ်။ ကျွန်တော့ Laptop မှာက Window7, Ubuntu နှစ်ခုရှိပြီးသားဆိုတော့ သာလွန်နဲ့ဆို ၃ခုတောင် ရှိသွားပါပြီ။ တော်တော်လေး သုံးရတာ အစဉ်ပြေတယ်။ အရင်တုန်းကတည်းက Ubuntu သုံးနေကြဆိုတော့ ဘားမှတော့ ထူးထူးဆန်းဆန်း ဖြစ်မနေပါဘူး။ မြန်မာလိုတွေ အားလုံးနီးပါး ဖြစ်ကုန်တယ်လေ။ မြန်မာစာ နဲ့ အားလုံး ဖတ်လို့ ရေးလို့ ရတယ်။ System တော်တော်များများ ကို မြန်မာလို ဖတ်လို့ရနေတော့ တမျိုးတော့ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ကွန်ပျူတာ စသုံးကတည်းက အင်္ဂလိပ် လိုသုံးလာတာဆိုတော့၊ မြန်မာလိုတွေ မြင်ရတော့ အမျိုးကြီးဖြစ်နေတယ်။ တချို့စကလုံးတွေက မြန်မာလို ပြန်လို့တော်တော်ခက်တယ် ဒီအတိုင်းကြီးပဲ ပြန်ပြီးရေးထားတယ်။ စာလုံးပေါင်း စစ်တာ ကို လုပ်နေပြီဆိုတော့ နောက်ပိုင်းဆို စာလုံးပေါင်းမှားမှာ ကြောက်စရာ မလိုတော့ဘူးပေါ့။ လေဖော နေတာနဲ့ ဘယ်လိုသွင်းရမလဲ ဆိုတာပြောဖို့မရောက်တော့ဘူး။
အရင်ဆုံးလုပ်ရမှာကတော့ ဒီလင့် မှာ Tharlon OS 1.0 ကို Download လုပ်ပါ။
ပြီးရင်တော့ ရလာတဲ့ zip ကို Extract လုပ်ပြီးရင် ISO ဖိုင်တစ်ခုရပါလိမ့်မယ်။ အဲ့ဖိုင်ကို DVD နဲ့ Burn လိုက်ပါ။ Size က 1.1GB လောက်ရှိတော့ DVD နဲ့မှ ရမယ်ထင်တယ်။
ပြီးရင်တော့ Boot တတ်အောင်လုပ်ရပါမယ်။ Boot Option ကိုဝင်ပြီး CD ROM ကို ပထမ နေရာမှာ ထားပေးပြီး စက်ကို Restart လုပ်လိုက်ပါ။ (Boot Option ဝင်ဖို့ကတော့ စက်ဖွင့်ဖွင့်ချင်းမှာ F2 ကို နှိပ်ပြီး ဝင်လို့ရပါတယ်။)
ပြီးရင်တော့ Boot တတ်ပါပြီ။ ပြီးရင်း စသွင်းလို့ရပါပြီ။ သွင်းပုံ သွင်းနည်း အဆင့်ဆင့်ကိုတော့ မူရင်းလင့် မှာသွားကြည့်လို့ရပါတယ်။ ကျွန်တော် အားလုံး ပြန်မပြောတော့ပါဘူး။ အားလုံး ပြီးသွားပြီဆိုရင်တော့ မြန်မာ OS တစ်ခုကို သင် စတင်သုံးလို့ရပါပြီ။ Linux (Ubuntu) ကို အခြေခံထားတာဖြစ်လို့ ကွန်ပျူတာပိုင်း အသိ အနည်းငယ်တော့ ရှိမှ သုံးလို့ ကောင်းမယ်လို့ထင်ပါတယ်။ နောက်ပြီးတော့ ယူနီကုဒ် ခြေပြု System ဖြစ်လို့ ဇော်ဂျီနဲ့တော့ မတည့်ပါဘူး။ လုံးဝ မသွင်းပါနဲ့လို့ တိုက်တွန်းပါတယ်။

PS. သာလွန် OS မှာ ပါဝင်တဲ့ application တွေဟာ မြန်မာလိုမြင်ရအောင် Myanmar L10nteam မှ ကူညီပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

IT-KOKO (အိုင်တီကိုကို)။