“So.cl” Microsoft’s New Social Search


ကျွန်တော် Social Search ပြိုင်ပွဲ ကို ဖတ်ပြီးကတည်းက Social Search ရဲ့ အသုံးဝင်ပုံကို အခြေခံ သဘောပေါက် နားလည်ခဲ့ပါတယ်။ Google က သူ့ရဲ့ Search Engine ကို ပိုမို အားကောင်းလာစေဖို့ Social Network တစ်ခုကို လုပ်ချင်ခဲ့ တာကြာပါပြီ။ အခုနောက်ဆုံး Google+ ကို Facebook နဲ့ ပြိုင်ပြီး လုပ်ခဲ့တာဟာ Social Search ကို စတင် လုပ်ဖို့ စတင်ခဲ့တာဖြစ်ပါတယ်။ ရိုးရိုး Keyword Search နဲ့ ဘာကွာလဲ သိချင်ရင် Google+ မှာ Sign in လုပ်ပြီး search လိုက်ရင် သိသာလာပါလိမ့်မယ်။ Social Search အားသာချက်တွေကို ကျွန်တော် နားလည်သလို ပြောရမယ်ဆိုရင် Social Search ကြောင့် အကြိုက်သူတူ၊ လိုင်းတူသူ၊ ဝါသနာတူသူ စတဲ့ အုပ်စုတွေ အပေါ် လိုက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေ ဈေးကွက် ချဲ့ထွင်းနိုင် မှာဖြစ်ပါတယ်။ မိမိ အကြိုက်၊ မိမိ လုပ်ချင်တာ၊ ဖြစ်ချင်တာတွေကို များသောအားဖြင့် Social Network တွေမှာ တင်ကြတာ များပါတယ်။ အဲ့ဒါတွေကို လိုက်ပြီး လုပ်ငန်းရှင်တွေ အခွင့်အရေး ယူလို့ရအောင် လုပ်ပေးတာဖြစ်ပါတယ်။ Facebook က Timeline လုပ်ပြီး တူရာလူတွေကို စုစည်းထားတာဖြစ်ပါတယ်။ –သင့်ရဲ့ Timeline က သင် Facebook အပေါ်မှာ ဘာတွေလုပ်သွားတယ်ဆိုတဲ့ သင့်ရဲ့ အကြောင်းကို ပြောပြရုံသက်သက် မဟုတ်ပါဘူး။ သင့်ရဲ့ လုပ်ငန်းဆောင်တာတွေ အပေါ်မှာလဲ မှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်— လို့ Facebook ရဲ့ ဒါရိုက်တာ တစ်ယောက်က ပြောသွားပါတယ်။ Twitter မှာလဲ #(hashtag) တွေက Search အတွက် အထောက်အကူ ပြုဖို့ ဖြစ်ပါတယ်။

အခု Microsoft က ခြေလှမ်းသစ်တစ်ခုဖြစ်တဲ့ Social Network ကို စတင်တော့မှာဖြစ်ပါတယ်။ So.cl လို့ နာမည်ပေးထားပြီး ကျောင်းသား၊ ကျောင်းသူတွေကို ရည်ရွယ်ထားပါလို့ ဆိုပါတယ်။ Google+ ပုံစံနဲ့ တော်တော်လေးတူပါတယ်။ “We hope to encourage students to reimagine how our everyday communication and learning tools can be improved, by researching, learning and sharing in their everyday lives,” လို့ ပြောထားပါတယ်။ Share Your Search, Discover New Interests, Start a Video Party စတာတွေ ပါပြီး Social Search ကို ဦးတည်နေတာ အသေအခြာဖြစ်ပါတယ်။ Google နဲ့ Facebook တို့ရဲ့ Social Search ပြိုင်ပွဲကို Microsoft က So.cl နဲ့ ဝင်လာတာ ဖြစ်ပါတယ်။ အခုဆိုရင် ပြိုင်ပွဲက တော်တော်လေး အားကောင်းလာပါပြီ။

So.cl Bookmarklet ကိုပေးထားပြီး ကိုယ်ကြိုက်တဲ့ ဆိုဒ်တွေကို Share လို့ရမှာဖြစ်ပါတယ်။ So.cl ကို သုံးဖို့အတွက် Facebook နဲ့ Hotmail တော့လိုပါမယ်။