Tag Archives: အလုပ်အကိုင်အခြေအနေ

Now What???

အလုပ်ရှာရတာ ထင်သလောက် မလွယ်မှန်း ကိုယ်တို်င် ရှာကြည့်တော့မှ သိတယ်။ စင်္ကာပူမှာ ကျောင်းပြီးရင် အလုပ်လွယ်လွယ် ရတယ်ဆိုတာ ခေတ်ကုန်သွားပြီလို့ ဆိုရမယ်။ အစိုးရကျောင်းပြီးပြီး၊ အပြင်ကျောင်းပြီးပြီး ရှာရတာ ခက်တာဘဲ။ အရင်တုန်းကလို ကျောင်းပြီးတာနဲ့ အလုပ်ဆိုတာ မရှိတော့ပါဘူး။ PR ဆိုတာ လည်း ပေးတယ်လို့ မကြားမိတော့ဘူး။ ကျွန်တော်တို့လည်း မရပါဘူး။ Republic Polytechnic မှာကျောင်းပြီးခါနီး ငါဘာတွေသိခဲ့လည်း ကျောင်းက ငါ့ကို ဘာတွေသင်ပေးခဲလဲဆိုတာ ပြန်တွေးကြည့်မိရင် အလုပ်ရှာရမှာ ရင်လေးတယ်။ အတွေ့အကြုံရှိမှ အလုပ်ရှာရတာလွယ်တယ်။ PR ဖြစ်မှ လွယ်တယ်။ မျိုးစံုပြောကြတာပေါ့၊ တကယ်က ကိုယ့်မှာ အရည်အချင်းတကယ် ပြည့်စံုတယ်ဆို ရှာရတာ လွယ်ပါတယ်။ စင်္ကာပူနိုင်ငံသားတိုင်း အလုပ်လွယ်လွယ် မရကြပါဘူး။ အရည်အချင်းရှိတဲ့ သူတိုင်း အလုပ်ရကြပါတယ်။ …