My PhOtOgRaphY

ဘာလို့များသောအားဖြင့် ကွန်ပျူတာ သမားတွေ ဓာတ်ပုံရိုက်တာ ဝါသနာတယ်။ ကျွန်တော် တွေ့ဖူးတဲ့ တော်တော် မျာများသော အိုင်တီသမားတွေ ဓာတ်ပုံရိုက်ကြတယ်။ အမြဲတမ်း မဟုတ်ရင်တောင် ပျော်သဘောနဲ့ ရိုက်တယ်။ ကျွန်တော်အပါအဝင်ပေါ့။ ကျွန်တော်လည်း ဘာ့ကြောင့်မှန်းမသိဘူး ဝါသနာပါတယ်။ အိုင်တီပိုင်းလိုက်လေ့လာလို့ ဝါသနာပါလာတာတော့မဟုတ်ပါဘူး။ အစကတည်းက ဓာတ်ပုံလိုက်ရိုက်ရတာ ဝါသနာပါတယ်။ အခုဆိုရင်တော့ ကျွန်တော် DSLR တစ်လုံးဝယ်ပြီးတာ ၁နှစ်ကျော်ကျော်ရှိသွားပြီ။ စစချင်းတုန်းကတော့ အမြဲရိုက်ဖြစ်တယ်။ အခုနောက်ပိုင်းတော့ အမြဲတော့ မသွားရိုက်နိုင်တော့ဘူး၊ အားရင်အားသလိုတော့ ထွက်ရိုက်ဖြစ်တယ်။ Singapore က သေးသေးလေးဆိုတော့ ရိုက်စရာ တော်တော်ရှားပါတယ်။ တော်တော်များများကတော့ ရိုက်ဖူးပြီးသားတွေဆိုတော့ ထက်သွားရိုက်ရမှာ ပျင်းတယ်။ ကျွန်တော်ကလည်း လူပုံဆို ကောင်းကောင်းမရိုက်တတ်တော့ (ရိုက်ရတာ မကြိုက်တော့) ခက်သား။ နေရာကောင်းကောင်းလေးတွေ တွေ့ရင် လူစုပြီး သွားရိုက်ဖြစ်ပါတယ်။

ကျွန်တော် အရင်တုန်းက ရိုက်ထားတာလေးတွေ ပြန်ကြည့်တော့ စိတ်ထဲမှာ ပျော်မိတယ်။ ကျေနပ်မိတယ်။ ခက်ခက်ခဲခဲ ရိုက်ထားတာရှိသလို့ မထင်မှတ်ဘဲ ရသွားတဲ့ ပုံလေးတွေလည်းရှိတယ်။ ကျွန်တော် အခုဆို Camera ကို မကိုင်တာ တော်တော်ကြာနေပြီ။ ရိုက်ချင်စိတ်မရှိလို့ မရိုက်ဖြစ်တော့ဘူး။ ဖြစ်ရတဲ့ အကြောင်းက Camera အသစ်လိုချင်နေတယ်။ အခုရှိတဲ့ Camera က ကောင်းကောင်းမရိုက်တတ်ခင်တုန်းကကိုင်ထားတာဆိုတော့ အခုဆို ရိုက်ရတာ ကလေးဆန်နေသလို ခံစားရတယ်။ အသစ်လည်း ထက်ဝယ်ချင်တယ်။ နောက်ထက် Lens အသစ်ဝယ်ဖို့လည် စဉ်းစားထားတယ်။ ပိုက်ဆံ ကောင်းကောင်းမဆုမိသေးလို့ မဝယ်နိုင်သေးဘူး။ နောက်အလုပ်ကောင်းကောင်းရတော့မှပဲ ဝယ်ပါတော့မယ်လို့ ကိုယ့်ကိုကို ဖြေ့တွေးနေရတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်အားလပ်ချိန်တွေမှာ ပျင်းမနေတော့ဘူးပေါ့။ လုပ်စရာတစ်ခုရှိနေသလို သူငယ်ချင်းတွေနဲ့လည်း တွေ့ဖို့ ကြောင်းဖန်လို့ရတာပေါ့။ ရိုးရိုးဆို တစ်ယောက်မှ အားတာမဟုတ်ဘူးလေ။

အခုကျွန်တော် Camera ပြန်ကိုင်ပြီး လိုက်ရိုက်နေပါပြီ။ အားလပ်ရက်တွေများတာရော၊ ကျောင်းမှာ အလုပ်နည်းနည်းပေါ့သွားတာကြောင့်ရော ပေါင်းပြီး နေ့တိုင်းလို့လို့ ရိုက်ဖြစ်တယ်။ အပြင်မထွက်ရင်တောင် အိမ်မှာ Lighting ကစားကြည့်ပြီး ရိုက်ဖြစ်တယ်။ ကျွန်တော်အရင်တုန်းက ရိုက်ထားတာလေးတွေ ကြည့်လို့ရအောင် ဒီပိုစ့်မှာ တင်လိုက်ပါတယ်။ ရိုက်ခါစတုန်းက ပုံတွေဆိုတော့ အကောင်းစားတွေတော့ မဟုတ်ပါဘူးလို့ ကြိုပြီးပြောထားပါမယ်နော်။ ကျွန်တော့ပုံလေးတွေ အားပေးလိုက်ပါဦး။

KOKO-6

Han's-33

Han's-4-3

Han's-3-3

Marina Barrage

HC198206

Merry X'mas to you all

HAN's-077670

HAN's-107830

HAN's-107812

HAN's-077689-2

HAN's-176285

My Very First  Ever Photo!

SHAW HOUSE

http://www.flickr.com//photos/hanmyohtwe/show/with/5567467721/

http://www.hanmyohtwe.com/2011/01/bukit-timah-nature-reserve_1207.html