Mother’s Day

ဒီနေ့က အမေများနေ့ လိုဆိုကြတယ်။ နိုင်ငံတကာ ကတော့ အမေများနေ့ကို အတိအကျ သတ်မှတ်တယ်လို့တော့ မရှိပါဘူး။ ကျွန်တော်တို မြန်မာနိုင်ငံမှာတော့ အမေများနေ့ကို မေလရဲ့ ဒုတိယ အပတ် တနင်္ဂနွေနေ့ကို သတ်မှတ်ထားပါတယ်။ ဒီနေ့က အမေများနေ့ဖြစ်လို့ ထူးခြားပြီး အမေတွေပြောတာတွေ နားထောင်မယ်။ အဝေးရောက်နေတဲ့ အမေကို ဖုန်းဆက်ပြီး ရှိခိုးမယ်။ စတာတွေလုပ်တာ ကောင်းပါတယ်။ အဲ့လိုလုပ်တာလေးတွေကို အွန်လိုင်းပေါ်တင်တာ ဘာဖြစ်လဲ။ သူလုပ်သလို သူများတွေကို လုပ်ဖြစ်အောင်၊ လုပ်ချင်အောင် တိုက်တွန်းတယ်လို့ မှတ်လိုက်လေ။ သူ့ဘာသာသူတင်တာ ကိုယ်က သွားပြီး မကောင်းသွားပြောတာ မကောင်းဘူးလေ။ “အခုလိုနေ့မျိုးမှာဘဲ အမေ့ကိုသတိရတယ်။” ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ သူများကို ထိခိုက်အောင်လုပ်တာကတော့ ကျွန်တော့အမြင်တော့ မဖြစ်သင့်ဘူးထင်တာဘဲ။ သူများဘာဘဲဖြစ်ဖြစ် ကိုယ်နဲ့ မဆိုင်ဘူးလေ။ သူများရင်ထဲမှာ ရှိတာကို ခင်ဗျားတို့ သိချင်မှသိမယ်။ ကိုယ်ကသွားပြောတော့ ကိုယ့်အမှားဖြစ်တာပေါ့။ သူတို့က မကောင်းတဲ့ သူတွေဖြစ်နေပါဦး၊ နေ့တိုင်း အရက်သောက်၊ မဟုတ်တာတွေလုပ်နေပါစေ ဒီလိုနေ့မျိုးမှာ 1 sec လောက် အမေကို သတိရမိလဲ လုံးဝမရတာထက်စာရင် အများကြီးကောင်းပါတယ်ဗျာ။ ကိုယ့်အကျိုး၊ အများအကျိုး ဘားမှမရဘာနဲ့ ပြောတာ အချီးနှီးစကားဖြစ်တယ်။

ကျွန်တော်တို့တွေ အမှန်မြင်တတ်ဖို့ကောင်းပါပြီ။ အောက်တန်းကျတဲ့ အတွေးမျိုး၊ အပြောမျိုးတွေ မပြောတာကောင်းပါတယ်။ ပြင်ဖို့ အချိန်တန်နေပါပြီ။ အဲ့လိုစိတ်ဓာတ်တွေ မပြင်ခဲ့လို့လဲ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သမိုင်းကို ပြန်ကြည့်ရင် အသိသာကြီးပါ။ ကျွန်တော်တောင် သူများတင်ထားတဲ့ status လေးတွေ တွေ့လို့ ဒီနေ့ဟာ အမေများနေ့ပါလားလို့ သတိထားမိတာ။ ခင်ဗျားတို့ ပြောလို့ ကျွန်တော်ဘားမှ အကျိုးမရှိသလို ကျွန်တော့ အတွက်လဲ ဒီပိုစ့်တစ်ခုကလွဲလို့ ဘားမှ ထူးထူးခြားခြား ဖြစ်မသွားဘူး။ ကျွန်တော်ပြောချင်တာက ကိုယ့် ထမင်းကိုယ်စားပြီး၊ ကိုယ့်အလုပ် ကိုယ့်လုပ်နေရင် ရပါပြီ။ လူတိုင်း လူတိုင်း မိမိကိုယ်ကိုယ် ကောင်းအောင်လုပ်ခြင်းသည် မိမိတိုင်းပြည်ကို ကောင်းအောင်လုပ်ခြင်းမည်တယ်လို့ ကျွန်တော်ထင်ပါတယ်။ မိမိကိုယ်ကိုယ် စောင့်ရှောက်ခြင်းသည်လဲ သူတပါးကို စောင့်ရှောက်ခြင်းမည်တယ်လို့ ကျွန်တော် ဖတ်ဖူးတယ်။

ကျွန်တော့ အမေကို သတိရလို့ အမှတ်တရ အနေနဲ့ အမေ့ပုံ တစ်ပုံကို တင်လိုက်ပါတယ်။ ကျွန်တော်တို့ အမေဟာ ကျွန်တော်တို့ အမေပါဘဲဗျာ။
ကျွန်တော်တို့ရဲ့ အမေ