Month: February 2017

စာမရေးတာ တော်တော်ကြာသွားပြီးဗျ

အလုပ်များနေတာနဲ့ ကျောင်းဆက်တတ်နေတော့ စာြပန်မရေးချင်တော့ဘူး.. ဘလော့တွေက အရင်ကလို ဖတ်တဲ့လူ မရှိတော့ဘူး၊ အားလုံးက facebook မှာဘဲ ရှာပြီး ဖတ်နေကြတော့ ကျွန်တော်တို့လို ဘလော့ရေးတဲ့သူတွေ ရှားလာတော့တာပေါဗျာ အရင်တုန်းကဆို Forum တွေ Blog တွေ အများကြီးဘဲ၊ ရေးကြ၊ ဖတ်ကြ၊ ဆွေးနွေးကြနဲ့ ပျော်စရာကြီးဗျာ။ အဲ့ဒါတွေမှာ ပျော်ပြီး ကျွန်တော် အိုင်တီလောကကို ရောက်လာတာဗျ။ အခုတော့ အရင်လို မဟုတ်တော့ဘူး။ စာရေးတဲ့သူ ရှားသွားပြီ။ ခောတ်ဆိုတာ ဒီလိုဘဲ အမြဲပြောင်းလဲနေမယ်ဆိုတာ လက်ခံထားပါတယ်၊ ဒါပေမဲ့ဗျာ… အခုခောတ် လူငယ်တွေအတွက် ရင်လေးတယ်၊ မသိမတတ်တာကို ပြောတာမဟုတ်ဘူး.. အခုက နည်းနည်းလေးသိတာကို သူအကုန်သိနေပြီလို့ထင်နေတဲ့ စိတ်ပေါ့ဗျာ။ ဘယ်လိုမှ ပြုပြင်ပေးလို့မရဘူး။ ခောတ်စကားနဲ့ပြောရရင်တော့ စိတ်ကြီးဝင်နေတာပေါ့ဗျာ။ တော်တော်များများ တွေ့လာလို့ …