သံရုံးသို့ သုံးနှစ်တစ်ခါ…

Embassy မှာတစ်နေ့ကုန်သွားတယ်.. passport အသစ် သွားလုပ်တာပါ။ ဟိုးအရင်တုန်းကလိုတော့ အကြာကြီး မစောင့်ရတော့ဘူးလေ။ တော်တော်မြန်သွားတယ်လို့ ဆိုရမယ်။

ဒီလိုလုပ်ပေးသင့်တာကြာနေပါပြီ။ မဟုတ်ရင် လူတိုင်းမသွားချင်တဲ့ နေရာဆိုရင် မြန်မာသံရုံးလို့ လူတိုင်းပြောတော့မယ်။ မြန်တယ်ဆိုတာက ကျောင်းသားဖြစ်တာကြောင့်လည်းပါတယ်။ အလုပ် လုပ်နေတယ်ဆိုရင်တော့ ထုံးစံအတိုင်းပေါ့ အခွန်ဆောင်ဖို့ တန်းစီ၊ နာမည်ခေါ်တာစောင့်၊ ပြီးရင် $ ပေးပေါ့။
ကျွန်တော်က ကျောင်းပဲတတ်နေတော့ ရှင်းပါတယ်။ ပွဲစားနဲ့မလုပ်ချင်လို့ ကိုယ့်ဟာက ိုသွားလုပ်မယ်ဆိုပြီး သွားလုပ်တာ။ အရမ်းမခတ်လို့တော်သေးတာပေါ့။ အရင်ဆုံးလုပ်ရမှာက ကျောင်းကနေ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာကို အရင်တောင်း ပြီးရင် ကျောင်းသားကဒ်၊ ကျောင်းသားပတ်စ်၊ Passport မိတ္တူ စတာတွေကို အရင်ပြင်ဆင်ထား။

သတိထားရမှာက ကျောင်းသားဖြစ်ကျောင်းထောက်ခံစာတွေက မူရင်းပေးရတယ်။ ပြီးတော့ ဒီကိုရောက်တဲ့နှစ်ကနေ စပြီး ဒီမှာဘာတွေလုပ်နေလည်းဆိုပြီး အားလုံးကို စစ်တယ်။ gap ဖြစ်နေတယ်ဆိုရင်တော့ ရစ်ပြီပေါ့။ ခုနက လိုအပ်တာတွေပြီး ပြီဆိုရင်တော့ သံရုံးကိုသွားလို့ရပြီ။ စောစောသွားတာ ကောင်းပါတယ်။ ပြီးရင်တော့ token ယူရမယ်။ ပြီးရင်သူပြောတဲ့ အချိန်မှာပြန်လာရမယ်။ အလုပ်သမားတွေဆိုရင်တော့ အခွန်ကိစ္စလုပ်ရမှာပေါ့။ ကျောင်းသားတွေ ကတော့ တန်းစီပြီး ကိုယ်ရေးရာဇဝင် ဖောင်တောင်းရတယ်။ ပြီးရင် သူတို့ပြန်ချိန်းတဲ့ အချိန်ကိုပြန်လာရတယ်။ ပုံမှန်အားဖြစ်တော့ ၂နာရီ ကနေ ၃နာရီလောက်ဆို သူတို့တွေ အလုပ်ပြန်စလုပ်တယ်။ ကျွန်တော်တို့တွေကတော့ အစဉ်ပြေသလို နေကြပေါ့။

ဓာတ်ပုံတစ်ပုံလိုတယ်။ ကိုယ်ရေးရာဇဝင် အတွက်။ ပြီးရင် Passport အတွက်ကတော့ ဓာတ်ပုံကို အဲ့မှာပဲ ရိုက်ရတယ်။ $5 ပေးရတယ်.. ရိတ်တာပါ။ ပြီးရင်တော့ ခုနက စစ်ဆေးတဲ့ ကောင်တာ (ကောင်တာ ၃) ကို ပြန်သွားရတယ်။ ထက်စစ်တယ်၊ အိုကေတယ်ဆိုရင် နောက် ကောင်တာကိုသွားပြီး လက်ဗွေနှိတ်။ လက်မှတ်ထိုး။ ပြီးရင် ပြီးပြီ။ နောက်နေ့သွားထုတ်ရုံပဲ။ သွားထုတ်တဲ့အခါ S$၁၅၀ တော့ ယူသွားပေါ့။

အခုပြောတာတွေက ကျွန်တော်လုပ်ခဲ့တာကို ပြန်ပြီးပြောထားတာပါ။ အမှန်တစ်ကယ်လုပ်ရမဲ့ နည်းတွေကို သိချင်ရင်တော့ အဲ့ဒီမှာ စာအုပ်တစ်အုပ်ရှိတယ်။ အဲ့မှာအကုန်ရေးထားတယ်။။ ဖတ်ကြည့်ပေါ့။ အထူးသတိ ပြုရမှာက မိတ္တူကိစ္စ ဖြစ်နိုင်ရင် လိုအပ်တာတွေကို တစ်ခါကတည်း ကူးထားလိုက်။ ဟိုကျမှ ကူးတာ အလုပ်ရှုပ်တယ်.. ကြာလည်းကြာတယ်။

အခုလိုဖြစ်သင့်တာ တော်တော်ကြာနေပြီ။ ဒီတစ်ခါ သံအမတ်ကြီးကတော်တယ်လို့ ဆိုရမလားတော့ မသိဘူး။ Singapore က ရုံးတွေဆီကနေ လုပ်ပုံလုပ်နည်း လေးတွေ လိုက်ကူးတတ်လာလို့ပါ။ နောက်ပိုင်း ဒီ့ထက်ပိုပြီး မြန်ဆန်လာပါစေလို့ မျော်လင့်ရင်း…..