Tag Archives: pic&me

စာမရေးတာ ကြာပေါ့။

အလုပ်များတာ၊ မအားတာ၊ စိတ်မပါတာ၊ ပျင်းတာ၊ မလုပ်ဖြစ်တာ၊ မလုပ်တတ်တာ အားလုံးပေါင်းပြီး ဆိုဒ်ကို ဒေါင်းနေတာ ပြန်မလုပ်ဖြစ်ဘူး။ အရင်တုန်းက အလကား ရတဲ့ free shared hosting ပေါ်မှာ တင်ထားတာ ဟိုပြောင်းလိုက်၊ ဒီပြောင်းလိုက်နဲ့ အတည်တကျ ဖြစ်တယ်ဆိုတာကို မရှိဘူး။ vps ကောင်းကောင်း တစ်လုံး လိုချင်နေတာနဲ့ လိုက်ရှာတာ ဈေးကြီးတာနဲ့ မဝယ်ဖြစ်ဘူး။ နောက်တော့ ကြေငြာအားကောင်းတဲ့ DigitalOcean ကိုတွေ့ပြီး ကြည့်လိုက်တော့ စိတ်ကြိုက်ဖြစ်နေတယ်၊ ဈေးကလည်း တစ်လ ၅ကျပ်လောက်ဆိုတော့ တတ်နိုင်တာနဲ့ စမ်းသုံးကြည့်တာ တော်တော်လေးကြိုက်တာနဲ့ အရင်ကျောင်း ဆိုဒ်မှာတင်ထားတဲ့ scripts တွေ အားလုံးကို ဒီမှာ စမ်းကြည့်တော့ အိုကေတယ်။ ပြီးတော့ ကိုယ်စိတ်ကြိုက်လုပ်လို့ရတာနဲ့ အားလုံးပြောင်းဖြစ်သွားတာ။ RAM 512, …