KeyMagic 1.5 – Win32/Win64

KeyMagic 1.5 ကို မနေ့က release လုပ်လိုက်ပါပြီ။ လောလောဆယ်တော့ Window အတွက်ပဲရပါသေးတယ်။ စမ်းသပ်လိုချင်တဲ့သူများရှိရင် စမ်းလို့ရပါပြီ။ ကျွန်တော်ကတော့ KeyMagic ကို စပေါ်ကတည်းက သုံးလားတာ တော်တော်လေးကို OK တယ်ဗျာ။ ယူနီကုဒ်ရော၊ Zawgyi ပါရိုက်လို့ရလို့ ပိုအစဉ်ပြေတယ်။ ပြီးတော့ Multi OS ရတယ်ဆိုတော့ မဆိုးဘူး။ Window နဲ့ Mac မှာကတော့ အားလုံး အိုကေ ပေမယ့် Linux မှာတော့ အစဉ်မပြေဘူး။ မြန်မာနဲ့ အင်္ဂလိပ်ပြောင်းလိုက်ရင် ရေးထားတာတွေ အကုန်ပျောက်ကုန်တယ်လေ။ ဘာပဲဖြစ်ဖြစ် အားလုံးစမ်းသုံးပေးကြပါလို့ ပြောချင်ပါတယ်။ Free လဲရပါတယ်။ ဒီမှာ ယူလိုက်ပါ။

အခုကာလက အစမ်းကာလ ဖြစ်လို့ လိုအပ်တာများရှိရင် ပြောလို့ရပါတယ်။ ဒီလင့် ကနေပြောလို့ရပါတယ်။ လောလောဆယ် တော့ IE နဲ့ သုံးလို့မရဘူးဖြစ်နေတယ်။ နောက်ထက် Bugs များတွေ့လို့ရှိရင်လဲ ဝိုင်းပြောပေးကြပါလို့ တီထွင်သူအစား ပြောပေးလိုက်ပါတယ်။

Credit : Thant Thet and KeyMagic