Windows 8 Launch Singapore (25.Oct.2012)

ဒီနေ့ ၁၅ရက်နေ့ စင်္ကာပူမှာ Windows 8 Launch ပွဲရှိတယ်ဆိုလို့ Register ပေးပြီ: ညနေခင်း အိမ်ကနေ ထွက်ပြီး City hall ကနေ Esplanade ဘက်ကို မြန်မြန်လေး လမ်းလျှောက်လာခဲ့တယ်။ Esplanade ထဲရောက်တော့ Windows 8 Launch ဆိုပြီး အပေါ်ကို ညွန်ပြထားတဲ့ ဆိုင်းဘုတ်လေးတွေ့တော့ လာတာမှန်ပြီဆိုပြီး မြန်မြန်လေးတတ်သွားတော့ ပေါ်မှာ လူတော်တော်များများ ရောက်လို့နေပြီ။ တန်းစီနေတဲ့ လူက ၁၀၀ကျော်လောက်ရှိနေပြီထင်တယ်။ ကျွန်တော်လည်း ဝင်ပြီးတန်းစီလိုက်တော့ တန်းစီတဲ့နေရာ မှားနေတယ်ဆိုပြီး Windows 8 logo Shirt ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်က ချိုချိုသာသာလေး လာပြောပြီးတော့ ကျွန်တော်ကို ခေါ်သွားတယ်။ သူတို့က ကျွန်တော်ကို ဂိမ်းကစားပြီး လက်ဆောင်ပေးနေ့တဲ့ ဘက်ကို အရင် စီခိုင်းတာ။ ပြီးတော့မှာ Register လုပ်ဖို့နေရာမှာ တန်းစီရမှာလို့ပြောတယ်။ ကျွန်တော်လည်း ဝင်ကစားလိုက်တယ်။ မေးခွန်းလွယ်လွယ်လေးတွေ မေးပြီး စက်ဝိုင်းကြီးကို လှည့်ခိုင်းတယ်။ ရပ်တဲ့နေရာမှာ ကျတဲ့ဟာကို ယူရတယ်။ ဈေးအကြီ:ဆုံးကတော့ MS Premium (Mouse, keyboard, USB, etc) အကုန်ပါတဲ့ box ကြီးပေါ့။ ကျွန်တော်ကတော့ ကံဆိုးစွာနဲ့ $20 voucher ဘဲရလိုက်တယ်။

အဲ့ဒါပြီးတော့ Register လုပ်ပြီး မေးခွန်းစာရွက် တစ်ခုထက်ပေးတယ်။ အဲ့ဒါမှန်အောင်ဖြေပြီးရင်သူတို့ကို ပြန်ပေးလိုက်၊ ပထမဆုံး ၂၀၀ ကို Windows 8 အခွေ အလကားပေးမယ်တဲ့။ အဲ့ဒါနဲ့ ယူလာပြီး ဖြည့်တာပေါ။ မသိတာတွေကို အနားမျလိုက်တယ်။ အဲ့ဒါပြီးတော့ လုပ်ပြီး မေးခွန်းစာရွက် တစ်ခုထက်ပေးတယ်။ အဲ့ဒါမှန်အောင်ဖြေပြီးရင်သူတို့ကို ပြန်ပေးလိုက်၊ ပထမဆုံး ၂၀၀ ကို အခွေ အလကားပေးမယ်တဲ့။ အဲ့ဒါနဲ့ ယူလာပြီး ဖြည့်တာပေါ။ မသိတာတွေကို အနားမှာရှိတဲ့ သူတွေကို မေး။ သူတို့ပြထားတဲ့ စက်တွေကို ကြည့်ပြီး ဖြည့်ခဲ့တယ်။ မိနှစ် ၃၀လောက် အကုန် လိုက်ကြည့်လိုက်တော့ တော်တော်များများက Ultra-book တွေ။ Tablets တွေကတော့ Microsoft Surface ပြီးတော့ Lenovo IdeaPad Yoga 13 and 11 ကလည်း တော်တော် လေးကောင်းတယ်လို့ဆိုတယ်။ သူတို့ကကိုင်ထားတော့ ကျွန်တော် ကောင်းကောင်း မစမ်းခဲ့ရဘူး။ လူများနေတာကြောင့်လည်း ပါတာပေါ့။ Lenovo IdeaCentre A720 ကလည်း iMac အတိုင်းဘဲ တော်တော်လေးမိုက်တယ်။ လှတယ်။ နောက်ပြီးတော့ SONY, ACER, ASUS စတဲ့ Brand အကုန် ကလည်း သူတို့ရဲ့ ပစ္စည်းအသစ်တွေကို ပွဲထုတ်ထားတယ်။

Surface ကတော့ တော်တော်လေး ပြည့်စုံတယ်လို့ပြောလို့ရတယ်။ Tablet တစ်ခုထက် ပိုပြီးသုံးလို့ရတယ်။ Windows 8 Apps တွေကို ကောင်းကောင်း သုံးလို့ရတယ်။ MS Office အကုန်သုံးလို့ရတယ်။ အကောင်းဆုံးကတော့ Side menu bar လေးဘဲ။ ရှာချင်တာ အကုန်ရှာလို့ရတယ်။ Search box မှာ ကိုယ်ရှာချင်တာကို ရိုက်ပြီးရင် Bing မှာရှာရင် ဘေးမှာ Bing result, Apps မှာရှာရင် Apps တော်တော်လေး သုံးလို့ကောင်းတယ်။ နောက်ထက် ကောင်းတာတစ်ခုက App နှစ်ခုကို ကောင်းကောင်း သုံးလို့ရတယ်။ တပြို်င်တည်း မှာ ဟိုဘက် ဒီဘက် ယှဉ်ပြီးသုံးလို့ရတယ်။ မနက်ဖြန်ဆိုရင်တော့ ဆိုင်အားလုံးမှာ ရလောက်ပါပြီ။

အဲ့လိုနဲ့ သွားရည်ယိုပြီးတော့ ခုဏကဖြည့်ထားတဲ့ form လေးကို ပြန်ပေးတော့မယ်ဆိုပြီး သွားပေးတော့ သူတို့က တခါတည်း စစ်ပြီး မှာနေတည်ဆိုပြီး ဝိုင်းပြတယ်။ စိတ်တော်တော် ညစ်သွားတယ်။ စာလုံပေါင်းမှာတာတဲ့ အဲ့ဒါကို နည်းနည်းပြောကြည့်သေးတယ်။ သူတို့က စိတ်မကောင်းပါဘူးဆိုပြီး ကျွန်တော့် form ကို drop လိုက်တယ်။ သွားပါပြီဗျာ။ Windows 8 မျော်လင့်ချက်လေး ကုန်သွားပြီး စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်လာခဲ့ရတယ်။ နောက်တော့မှဘဲ ဆိုင်တွေမှာ သွားပြီး အားပေးတော့မယ်။ Windows 8 Tablet တစ်ခုတော့ ဝယ်မယ်လို့ စိတ်ကူးထားတယ်။ အခုတော့ နည်းနည်းဈေးကြီးသေးလို့ နောက်မှဘဲ ဝယ်တော့မယ်။ ကျွန်တော် မစမ်းခဲ့တဲ့ ထဲမှာ မြန်မာ ယူနီကုဒ်လည်းပါတယ်။ အပြင်ထွက်ပြီမှ အဲ့ဒါကို စမ်းဖို့ သတိရတော့ ပြန်ပေးမဝင်တော့ဘူးဗျာ။ ကျွန်တော်ထင်တယ်။ Tablet မှာလည်း Desktop မှာလိုဘဲ ဖောင့်ရော ကီးဘုတ်ရော ပါနိုင်တယ်။ ပါလာပြီဆိုရင်တော့ သေချာပါတယ် ကျွန်တော် ပြေးဝယ်မိမှာဘဲ။