Tag Archives: working life

လုပ်တတ်ပြီးလား အလုပ်? အပိုင်း (၁)

အလုပ်ကရခဲ့တဲ့ သင်ခန်းစာ။ အခန်းတစ်၊ အလုပ်မှာ လုပ်စရာမရှိ မဖြစ်အောင်နေ။ များသောအားဖြင့် အလုပ်မများဘူးဆိုရင် အေးအေးဆေးဆေးဘဲ ဆိုပြီး ထင်တတ်ကြတယ်။ တကယ်တော့ လုပ်စရာ မရှိတာ မကောင်းပါဘူး။ ပိုပြီးတော့ အလုပ်များဖို့ အရှိန်ယူနေသလိုပါဘဲ။ တစ်ခုခု ကြီးကြီးမားမား လာရင် အစဉ်သင့်ဖြစ်အောင် လုပ်ထားပါ။ နောက်တစ်ခုက တခါတလေ၊ လုပ်စရာပြီးသွားလို့ ဘားမှလုပ်စရာမရှိဖြစ်နေတတ်ပါတယ်။ အဲ့ဒါကို မန်နေဂျာ၊ သူဌေးတို့မြင်ရင် အလုပ်မလုပ်ဘူးလို့ ထင်နိုင်တယ်။ အားနေတယ်ထင်ပြီး မဟုတ်တဲ့ အလုပ်တွေ ခိုင်းတတ်တယ်။ အဲ့တော့ ကိုယ်အလုပ်ကို တစ်နေ့တာ အတွက် ကြိုတင် ချိန်စပြီး လုပ်ပါ။ အချိန်ပို မဖြစ်အောင် ကြိုးစားပါ။ အလုပ်ကလည်းအပြီး အလုပ်ဆင်းချိန်လည်း အရောက် ဖြစ်နိုင်ရင် အကောင်းဆုံးဘဲ။ ပေါင်းသင်း ဆက်ဆံရေး အရေးကြီးတယ်။ နုံသလို့ …

ပထမ တစ်လ!

ပထမ အစမ်းခန့် တစ်လတော့ပြီးသွားပြီ။ ထူးထူးခြာခြားတော့ ဘားမှမဖြစ်ပါဘူး။ အလုပ်ကလူတွေနဲ့တော့ ရင်းရင်းနီးနီးဖြစ်သွားသလို အလုပ်သဘောကိုလည်း နားလည်သဘောပေါက်သွားတော့ အရင်လို အလုပ်မပြီးတာ မဖြစ်တော့ဘူးပေါ့။ ကိုယ့်ရဲ့ လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ မြန်ဆန်နှုန်းကို သိသလောက်ရှိသွားတော့ အချိန်ဘယ်လောက်ကြာမလဲ၊ ဘာတွေလုပ်စရာရှိလဲဆိုတာ တွေကို တန်းပြောနိုင်သွားတယ်။ အရင်တုန်းကဆို အလုပ်တစ်ခုလာပေးပြီဆို ဘယ်လောက်ကြာမလဲဆိုတာ မပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ ပထမဆုံးက ဒီအလုပ်က ဘာမှန်း သေချာမသိဘူး၊ ပြီးတော့ ဘယ်လိုလုပ်ရမလဲ သေချာမသိဘူး၊ ဘယ်လောက်ကြာမလဲ ကို မပြောနိုင်ဘူး။ ကိုယ်က ပြောတဲ့အချိန်နည်းသွားရင် သေပြီဘဲ။ ပြောထားတဲ့ ကြာချိန်အတွင်းမှာ ပြီးအောင် အသေလုပ်ပေတော့။ မပြီးရင် ပွစိ ပွစိ လာပြောတာ ခံရပြီဘဲ။ ကိုယ်က ပြောတာ များသွားရင်လည်း မင်းဒီလောက်တောင် ကြာသလား၊ ငါ့ client …