ဘာရယ်မဟုတ်ဘူး ရယ်စရာလေးတစ်ခုတွေ့လို့ ရေးချမိသွားတယ်။ ကျွန်တော့ သူငယ်ချင်း ရန်ကုန်ကနေ ရောက်တာ မကြာသေးဘူးလေ။ အလုပ်စလုပ်ခါစဆိုတော့ ဒီမှာ အသားတော့ မကျသေးဘူးပေါ့။ သူပျင်းနေမှာ ဆိုးလို့ စကား ပြောရင်းနဲ့ ရယ်စရားလေးတစ်ခု သွားတွေ့တယ်။ ရယ်လည်း ရယ်ချင်တယ်၊ သနားလည်း သနားမိတယ်။ အကြောင်းကတော့ သူနဲ့ သူ့ကောင်မလေးတို့ နှစ်ဉီး ရန်ကုန်မှာ သွားရင်းနဲ့ ဖြစ်ပျက်ခဲ့တဲ့ အရာလေးပါ။ သူတို့ နှစ်ဉီး ချိန်းတွေ့ဖို့နေရာက အင်းယားကန်ဘောင် ဆိုတော့ ထိုင်လို့ကောင်းမယ်၊ လေညှင်းလေးခံပြီး စကားပြောမယ်ပေါ့။ ဖြစ်ချင်တော့ ထိုင်ခုံက တစ်ခုမှ မအားဘူးတဲ့။ နေကလည်း ပူ၊ နေ့လည်စာက စားပြီးခါစဆိုတော့ ထိုင်ဖို့နေရာ လိုက်ရှာတာ တော်တော်ကြာသွားတယ်။ နှစ်ခေါက်၊ သုံးခေါက်လောက် လမ်းလျှောက် ပတ်ကြည့်တော့ ထိုင်ခုံတော်တော်မျာများကို ၆နှစ် …
စာမေးပွဲရှိလို့ စာလုပ်နေရတယ်။ အခုတောင် စာလုပ်ရတာပျင်းလာလို့ ရေးမိရာ တွေ ရေးချလိုက်တာ။ ဘားမှတော့ အရေးမကြီပါဘူး။ ဒီရက်ပိုင်းအတွင်း တော်တော်လေး အလုပ်ရှုပ်သွားတယ်။ ဘာလို့လည်းဆိုတော့ အဓိက ကတော့ ဘလော့ကို WordPress မှာတင်လိုက်လို့ပါ။ အရင်တုန်းကတည်းက တင်မလို့စဉ်းစားထားတာ။ အခုမှပဲလုပ်ဖြစ်တော့တယ်။ ဘလော့ကိုစရေးမယ်လို့ စိတ်ကူးမိတာက Singapore ကို စရောက်ကတည်းကပါ။ ၂၀၀၇ နှစ်ကုန်ပိုင်းလောက်ကပေါ့။ အဲ့ဒါနဲ့ ဟိုရှာဒီရှာနဲ့ Blogger ကိုတွေ့တယ်။ ပြီးတော့ အကောင့်လုပ်လိုက်တာပေါ့။ ဟိုလျှောက်ရေး ဒီလျှောက်ရေးပေါ့။ နောက်ပိုင်းတော့ ဆက်မရေးဖြစ်တော့ပါဘူး။ ဒီအတိုင်းပဲထားလိုက်တော့တယ်။ ဘာပဲဖြစ်ဖြစ် စိတ်ထွက်ပေါက်တစ်ခုခုတော့ ရှိတာ ကောင်းပါတယ်။ စိတ်ရှုပ်လို့ပဲဖြစ်ဖြစ်၊ ပျော်လို့ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အပြင်မှာ ပေါက်ကွဲတာထက် စာရေးပြီတော့ ပေါက်ကွဲတာက အကုန်အကျ ပိုသက်သာသလားလို့ 😛 ။ ပြီးတော့ …