iPad 2 vs Windows 8 vs Android Honeycomb Tablets

Windows 8 က Tablet မှာ သူများနဲ့မတူ ထူးခြားတဲ့ Features တွေကို တွေ့မြင်လာရတော့မှာပါ။ Micrsoft က ၂၀၀၂ လောက်ကထင်ပါတယ် Tablet PC ကိုလုပ်ခဲ့ဖူးပါတယ်။ အောင်မြင်လားဆိုတော့ မအောင်မြင်ခဲ့ပါဘူး။ လူသိ မများခဲ့သလို ကျွန်တော်လည်း မသိခဲ့ပါဘူး။ ၂၀၁၀ လောက်ကျတော့ iPad ထွက်လာတော့ လူတွေက ကမ္ဘာပေါ်မှာ ပထမဆုံး ပေါ်လာသလိုဘဲ တော်တော် ကြိုက်တယ်၊ အောင်မြင်သွားခဲ့တယ်။ အောင်မြင်တယ်ဆိုတာကလဲ Steve Jobs ရဲ့ ကြိုးစားမှု၊ Marketing ကောင်းမှုကြောင့် ပါတယ်။ အခုတစ်ခါတော့ Apple ကို အပြိုင်တိုက်မယ့် Microsodt က Window 8 Tablet ကို တော်တော်လေး ကြိုးစားပြီး လုပ်ထားပါတယ်။ မယှဉ်နိုင်သေးတာကတော့ Apps တွေပါ။ ကျန်တာတွေကတော့ ကျွန်တော့အထင် တော်တော်လေး မိုက်နေပြီ။ တကယ်ထွက်လာမှဘဲ သေသေချာချာသိရမှာပါ။ အခုတော့ အောက် က ဗီဒီယို မှာ ကြည့်ပြီး ဘယ်ဟာပိုကောင်းလဲ စဉ်းစားထားလိုက်ပါ။

ကိုယ်ကြိုက်တဲ့ Tablet ကို Vote ပေးလို့ရပါတယ်။