DhammaDroid is available at Android Market

DhammaDroid အကြောင်းမပြောခင် iDhamma အကြောင်း အရင် intro ဝင်ချင်ပါတယ်…..
iDhamma iPhone application ကိုတော့ လူတော်တော်များများကြတယ်ထင်ပါတယ်။ မသိသေးသော သူများအတွက် နည်းနည်းပြောချင်ပါတယ်။ ဒီ application တီထွင်သူက မနက်ဆို အလုပ်သွားရင်း တရားတော်တွေ ရွတ်ဖတ်လေ့ရှိပါတယ်၊ အိပ်ဆောင် တရားစာအုပ်လေး ကိုအမြဲယူသွားရပါတယ်။ တခါတလေ စာအုပ်ယူဖို့ မေ့သွားတတ်လို့ Phone မှာ ထဲ့ဖို့ Idea ရလာတယ်လို့ဆိုပါတယ်။ အသေးစိတ်ကိုတော့ မူရင်းဆိုက် မှာ သွားကြည့်လို့ရပါတယ်။ iPhone application လိုချင်တယ်ဆိုရင်တော့ ဒီလင့် ကိုမှာ ရနိုင်ပါတယ်။ ကိုစေတန်ရဲ့ Dhaamma Stream အကြောင်းကိုတော့အရင် တုန်းကရေးဖူးပါတယ်။ လိုချင်ရင် တခါတည်း install သွားလို့ရပါတယ်။

အခုနောက်တမျိုး ကတော့ DhammaDroid လို့ခေါ်ပါတယ်။ ဒီတစ်ခုကတော့ Andriod အသုံးပြုနေသူများအတွက်ဖြစ်ပါတယ်။ နောက်ဆုံး iDhamma 1.1 မှာပါတဲ့ Content အတိုင်း ဖြစ်ပါတယ်။ ဒီလင့်ကနေ သွားလို့ရသလို၊ Android Market ကနေ DhammaDroid လို့ ရိုက်ပြီး ရှာလို့လည်းရပါတယ်။ မြန်မာနိုင်ငံက လူတွေအတွက်လည်း Android Market ကို access လုပ်ရတာ မဆင်မပြေရင် apk ကို Download လုပ်ပြီး install နိုင်ပါတယ်။ စမ်းသုံးကြည့်ပြီး feedback ပေးနိုင်ပါတယ်။ rating ပေးဖို့ကိုလည်း မမေ့ကြပါနဲ့။ ကျွန်တော်ကတော့ HTC incredible s မှာသွင်းပြီး စမ်းကြည့်ပြီးပြီ။ အားလုံးအဆင်ပြေတယ်။ နောက်ဆုံးတစ်ခုကတော့ DhammaDriod က Free ဖြစ်ပါတယ်…