MyanmarKeyboards for iOS5

MyanmarKeyboards for iOS5 ကို လွန်ခဲ့တဲ့ နေ့တုန်းကတည်းက ထွက်နေတာပါ. ကျွန်တော် အခုမှ အားလို့တင်နိုင်တာပါ။ Keymagic Developer Thant Thet ကရေးထားတဲ့ Keyboard နှင့် ကိုမိုးစက် ရေးထားတဲ့ Zawgyi Keyboard ပါ။ နှစ်ခုလုံးကို သွင်းချင်ရင်တော့ သင့်ရဲ့ iDevice ကို jailbreak လုပ်ထားဖို့တော့ လိုပါတယ်။

ပထမဆုံး ကိုသန့်သက် ရဲ့ MyanmarKeyboard ကို အရင်ပြောပါ့မယ်။ Free မဟုတ်တော့ပါဘူး။ Jailbreak လုပ်ထားရင် Keyboard ကို သွင်းလို့တော့ရတယ်။ သုံးဖို့ဆိုရင်တော့ Registration code လိုပါတယ်။ ကျွန်တော်သိရသလောက်ကတော့ ရန်ကုန်က ဝယ်ရင် ၆၅၀၀ကျပ် ဖြစ်ပါတယ်။ သွင်းပုံသွင်းနည်းကတော့ မူရင်းလင့် မှာ သွားဖတ်လိုက်တာ ပိုကောင်းပါတယ်။ သွင်းပြီးရင် တော့ မြန်မာလို ကောင်းကောင်းမွန်မွန် ရိုက်လို့ရပါပြီ။

နောက်တစ်ခုကတော့ ကိုမိုးစက် ရေးထားတဲ့ Zawgyi keyboard ပါ။ သွင်းပုံသွင်းနည်းကတော့ ဒီလင့်မှာ ရှိပါတယ်။ ကောင်းဆုံးကတော့ လက်ရှိ သွင်းထားတဲ့ ဇော်ဂျီဖောင့်ကို ဖျက်ပြီး “Zawgyi iOS 4.3 font” ကိုသွင်းထားရပါမယ်။ ရှိပြီးသားဆိုရင်တော့ ထက်သွင်းစရာ မလိုပါဘူး။ အသေးစိတ်ကိုတော့ ဒီမှာ ဖတ်လို့ရပါတယ်။

ကျွန်တော်ကတော့ အိုင်ဖုန်းမသုံးလို့ စမ်းလို့မရဘူးဗျာ။ တစ်ခုခုပြဿနာဖြစ်ရင် ပြောလို့ရပါတယ်။ မူရင် Developer တွေကို ပြောရင်ပိုပြီး ကောင်းပါတယ်။ ကျွန်တော်လည်း တတ်နိုင်သလောက် ပြန်ဖြေပေးလို့ရပါတယ်။ ကျွန်တော် သူများဆိုဒ်က တင်ပြီးသားတွေကို ပြန်တင်ရင် အစအဆုံးပြန်မရေးဘဲ မူရင်ဆိုဒ်ကို ပြန်ညွန်ပေးပါတယ်။ သူများ ရေးပြီးသားကို ပြန်တင်ပြီး Credit ပေးတာထက် သူ့ဆိုဒ်ကို ညွန်ပေးရတာ ပိုပြီး ကောင်းတယ်ထင်လို့ပါ။ ကျွန်တော် ရေးထားတာတွေကို ပြန်ရှယ်မယ် ဆိုရင်လဲ ကျွန်တော့ဆိုဒ်ကို ညွန်ပေးပါလို့။။

အိုင်တီကိုကို(စာမေးပွဲပြီးပြီ)