Android

GALAXY Tab 10.1 and Me!

ကျွန်တော် မလေးရှားမသွားခင်လေးမှာ(၃၀.၉.၂၀၁၁) Galaxy Tab 10.1 ကို ဝယ်လိုက်ပါတယ်။ မဝယ်ခင်တုန်းကတော့ တော်တော်လေးကို လိုက်ရှာလိုက်ရတယ်။ အရင်ဆုံး Online မှာလိုက်ရှာတယ်။ ဘာတွေကောင်းလဲ၊ ဘာတွေမကောင်းဘူးလဲ အကုန်လိုက်ဖတ်တာပေါ့။ အားလုံးဖတ်ပြီးတော့ Galaxy Tab 10.1 ကို ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ Online မှာရေးထားတာက S$688 လောက်ရှိတယ်။ Singtel or Starhub မှာကတော့ လိုင်းနဲ့ဝယ်ရင် ၃၈၀ ကျော်လောက်ပေးရမယ်ထင်တယ်။ ပြီးတော့ တစ်လကို S$42 ပေးရအုံးမယ်။ အဲ့ဒီ့တော့ မဝယ်ချင်တော့ဘူး။ အဲ့ဒါနဲ့ အပြင်ဆိုင်တွေမှာ လိုက်မေးတာပေါ့။ ဈေးအမျိုးမျိုးပြောကြတာပေါ့။ Showroom မှာကတော့ ဈေးအကြီးဆုံးပဲ။ ၈၀၀ ကျော်တယ်။ နောက်ဆုံး Vision 1 မှာ သွားတွေ့တယ်။ လိုချင်တဲ့ …

Install Myanmar Font in Samsung Galaxy Phone and Tablet (No root required)

ဒီတခါတော့ Samsung Galaxy ဖုန်းတွေကို မြန်မာလို မြင်အောင် လုပ်နည်းလေးကို ပြောပြပါ့မယ်။ လွယ်လွယ်လေးပါပဲ။ applications နှစ်ခုကိုတော့ သွင်းထားဖို့လိုပါတယ်။ download အောက်မှာ ရှိပါတယ်။ Fontomizer Zawgyi_One ပထမဆုံး ဖုန်းရဲ့ Setting>Application>Unknown sources ကို တစ်ထားပါ။ ဒါမှ download ထားတဲ့ files တွေကို သွင်းလို့ရမှာပါ။ AppInstaller နဲ့သွင်းလို့ရပါတယ်။ အရင်ဆုံး Fontomizer ကိုသွင်း၊ ပြီးရင် Zawgyi_One ။ အားလုံး သွင်းပြီးပြီ ဆိုရင်တော့ Setting > Display > Font ကိုသွားပါ။ Zawgyi font ကို font list မှာတွေ့ပါလိမ့်မယ်၊ ရွေးလိုက်ပါ။ ဒါဆိုရင် မြန်မာလို ကောင်းကောင်းမြင်ရပါပြီ။ …

How to Root HTC Incredible S (S-ON)

ကျွန်တော့ဖုန်းလေးကို အမြစ်လုပ်လိုက်ပါပြီ။ တော်တော်လေးကို လုပ်လိုက်ရတယ်။ မသိတော့လဲ နဲနဲကြာတာပေါ့။ ပြီးတော့ HTC ဆိုတော့ နဲနဲ လုပ်ရတာ ခက်တယ်။ အမြစ်လုပ်ပြီးတော့ တော်တော်လေးကောင်းသွားတယ်။ လှသွားတယ်။ မြန်မာလိုမြင်ရတယ်။ မြန်အောင်လုပ်လို့ရသွားတယ်။ လုပ်ချင်တိုင်းလုပ်လို့ရသွားတာပေါ့။ အခုမှပဲ တကယ့် ကျွန်တော့ ဖုန်းအစစ် ဖြစ်တော့တယ်။ အခုတလော ပျော်နေတဲ့ထဲမှာ အဲဒါတွေလဲပါတယ်။ ဖုန်းကို ကလိနေတာနဲ့ အချိန်ကုန်လို့ကုန်သွားမှန်းကို မသိလိုက်ဘူး။ နောက်ဆုံးတော့ ကျွန်တော့ ဖုန်းလေးကို Root လုပ်နိုင်ခဲ့ပါပြီ။ ဘာတွေလုပ်ရမလဲဆိုတာတွေကို အတတ်နိုင်ဆုံး အရှင်းဆုံးပြောပါ့မယ်။ အတွေ့အကြုံရော၊ ဖတ်ထားတာတွေရော အားလုံးပေါင်းပြီး ဒီပိုစ့်ကို ရေးပါ့မယ်။ အရင်ဆုံး root လုပ်တော့မယ်ဆိုရင် Android version နဲ့ Phone Model ကို သိအောင်လုပ်ရပါမယ်။ ကျွန်တော်ကတော့ HTC …