အပိုင်း (၁) – Purpose ပြီးတော့…
အခု အပိုင်း (၂) ကတော့ Professionalism အကြောင်းဖြစ်ပါတယ်။ Pro ဖြစ်တယ် ဆိုတာ တော်တော်များများ သိကြ ပြောကြ ပါတယ်။ တချို့က အလုပ်တစ်ခု ဆီကနေ ဝင်ငွေရတယ်ဆိုရင် အဲ့ဒါက Pro ဖြစ်တယ်။ ဥပမာ Photographer မှာဆို Amateur နဲ့ Professional ဆိုပြီး ပြောလေ့ရှိတယ်။ အသုံးပစ္စည်းကအစ ခွဲထားတယ်။ ဈေးလည်း တော်တော်လေးကွာတယ်။ ဈေးကြီးတာတွေကိုင်မယ် အဲ့ဒါနဲ့ ဝင်ငွေရအောင် ပြန်ရှာမယ်။ ဒါမျိုးကိုလည်း Professional Photographer ဆိုပြီး ခေါ်ဆိုကြတယ်။ တချို့ကလည်း အလုပ်တစ်ခု လုပ်နေခြင်းဟာ ဝင်ငွေရတဲ့အတွက် အဲ့အလုပ်ကို သူ့ရဲ့ Professional လို့ သက်မှတ်ကြတယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ စတဲ့ အလုပ်လုပ်သူတွေကိုလည်း professional အလုပ်တွေလို့ ခေါ်ဆိုလို့ရတယ်။ အဲ့ဒီတော့ Professionalism ဆိုတာကို ဘယ်လို သက်မှတ်မလဲ? ဘယ်လိုသူတွေကို Professional ကျတယ်လို့ခေါ်နိုင်မလဲ? ဘွဲရ ပညာတတ်မှ Professional ဖြစ်မှာလား? ဝင်ငွေရတဲ့ အလုပ်မှ Professional အလုပ်လား? အလုပ်တစ်ခုကို ဘယ်လို Professional ကျကျလုပ်ကိုင် မလဲ?
ကျွန်တော်ကတော့ ရှင်းရှင်း ဘဲ ပြောရရင် “Professionalism” ဆိုတာ “No-Favoritism” ဘဲ။ အလုပ်နဲ့ ပတ်သတ်လာရင် ဘယ်သူ့ကိုမှ အပိုဘူး၊ မလျော့ဘူး၊ ဘက်မလိုက်ဘူး။ ကိုယ့်အလုပ်ပေါ်မှာဘဲ အာရုံစိုက်ပြီး အလုပ်လုပ်တယ်။ ဥပမာ ဆရာဝန်တစ်ယောက် ဆေးကုတာ သူ့အလုပ်၊ တစ်နေ့ လူနာတစ်ယောက် လာတယ်၊ အဲ့လူနာက လူဆိုး၊ သူခိုး၊ မကောင်းတဲ့လူ၊ အဲ့လူကို သူဆေးကုမလား? မကုဘူးလား? ဒီလူက မကောင်းတဲ့သူဘဲ ငါဆေးကုပေးလိုက်လို့ အသက်ရှည်သွားရင် ပိုပြီး မကောင်းမှုတွေ ထက်လုပ်မှာဘဲဆိုပြီး ဆေးကုပေဘူးဆိုရင် အဲ့ဒါ Professional အကျဘူးလို့ ကျွန်တော် ဆိုမယ်။ အဲ့ထက်ပိုပြီး တော့ အဲ့လူနာက ငါ့ဆီက ခိုးခဲ့တဲ့သူ ဆိုရင်ရော ဆေးကုပေးမှာလား? ဘယ်လိုစိတ်ထားပြီး ကုပေးမလဲ? ပုံမှန် လူနာတွေလိုဘဲ ကုနိုင်တယ်၊ ဂရုစိုက်နိုင်တယ်ဆိုရင်တော့ ဒါဟာ Professional ပီသတယ်လို့ ဆိုလို့ရမယ်။ ကိုယ့်စိတ် ဘယ်လောက်ထိ ထားနိုင်လဲအပေါ်မှာ မူတည်ပြီး ဘယ်လောက် Pro ဖြစ်လဲဆိုတာ သတ်မှတ်နိုင်မယ်။
Professionals don’t hope!
အလုပ်တစ်ခုတည်းကိုဘဲ Professional ဖြစ်လို့ မဖြစ်သေးဘူး။ အဝတ်အစား၊ အနေအထိုင်၊ အပြောအဆို တွေအားလုံးလည်း ဆိုင်တယ်။ အဓိက ကတော့ လေးစားမှု (respect) ဘဲ။ ကိုယ်အထက် လူကြီးကို ပြောဆို ဆက်ဆံတာမှာ လေးစားမှုရှိရမယ်။ ကိုယ်ထက် ဝါကြီးတဲ့သူတွေကို respect ပေးရမယ်။ သူတို့ဆီကနေ သင်ယူနိုင်တာတွေ သူယူရမယ်။ အရေးအကြီးဆုံးကတော့ ကိုယ်ကိုယ်ကို လေးစားရမယ်။ ကိုယ်ကိုယ်ကို မလေးစားရင် သူများကလည်း ကိုယ်ကို လေးစားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုက ကိုယ်ရဲ့ အတွင်းစိတ်ကို ဖော်ပြတတ်တယ်ဆို တာ သိထားရမယ်။
နောက်တစ်ခုက တာဝန်သိတတ်ရမယ်။ ကိုယ်အပေါ် ရောက်လာတဲ့ တာဝန်ကို ယူနိုင်ရမယ်။ ပြီးဆုံးတိုင် လုပ်ကိုင်သွားရမယ်။ ကိုယ် limit ကိုကိုယ် သိထားရမယ်။ အဲ့လိုမဟုတ်ရင် အလုပ်များလာပြီး မနိုင်ဝန်ဖြစ်လာတဲ့အခါ တာဝန်မကျေသလိုမျိုး ဖြစ်သွားတတ်တယ်။ အဲ့ဒါကို အထူးသတိထားရမယ်။ မလုပ်နိုင်တာကို မလုပ်ဘူးလို့ပြောတာ က အလုပ်မပြီးတာထက်ဆာရင် ပိုပြီး ကောင်းတယ်လို့ဆိုရမယ်။ ဘာလို့လဲဆိုတော့ ကိုယ်မလုပ်နိုင်တာ ကို ရိုးရိုးသားသား ပြောလိုက်တော့ အထက်လူကြီးက အလုပ်ပြီးဖို့ လုပ်တတ်တဲ့ နောက်လူကို ခိုင်းလို့ရသွားမယ်။ အဲ့လိုမှ အလုပ်ပြီးမှာပေါ့။ အတင်း (Gossip) ပြောတာကိုလည်း Professional မကျဘူးလို့ ဆိုလို့ရတယ်။ သူများ field ကို ဝင်ပြောတာဟာ သူများကို respect မရှိလို့ပါဘဲ။ အဲ့ဒါမျိုးကိုလည်း ရှောင်ရမယ်။
Confidentiality ကလည်း အရေးပါတဲ့ အရာတစ်ခုဘဲ။ ပေးမသိသင့်တဲ့ အရာကို ပေးမသိသင့်သူကို ပေးမသိခြင်းက Professional ဖြစ်တယ်။ အဲ့ဒါက Professional မဖြစ်တာတင်မဟုတ်ဘူး အခက်မသင့်ရင် တရားအစွဲခံရနိုင်တယ်။ အဲ့ဒီတော့ အထက်ပါ အချက် များကို သိရှိပြီး ကိုယ်လိုအပ်ချက်များကို အစွမ်းကုန် ဖြည့်နိုင်ကြပါစေလို့ တိုက်တွန်းရင် Professionalism အကြောင်းကို ဒီမှာ ရပ်ပါပြီ။ လိုအပ်ချက်များကို ကွန်မန့်ပေးပြီး ဆွေးနွေးလို့ရပါတယ်။ သိသလောက်လေးနဲ့ ရေးထားလို့ အမှာပါရင် သည်းခံပြီး ပြင်ပေးပါလို့။
အပိုင်း ၃ (Proficiency) ဆက်ရန် …