ခလေးတစ်နှစ်ပြည့်ကတော့ အလုပ်များများနဲ့ ပြီးသွားခဲ့ပါတယ်။ တစ်နှစ်ပြည့်ကို ၂ဘက်သော အမျိုးများနဲ့ ပျော်ပျော်ပါးပါးလုပ်မယ်ဆိုပြီး အမျိုးသမီးက နေရာတွေ လိုက်ရှာ၊ လှူမယ့် ဘုန်းကြီးကျောင်းတွေ လိုက်မေးနဲ့ တတ်ကြွနေခဲ့တာ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဘယ်မှာမ မလုပ်ဖြစ်တော့ဘဲ အမျိုးတစ်ဘက်ဆီကို စားသောက်ဆိုင်မှာ လိုက်ကျွေးတာဘဲ လုပ်ဖြစ်တော့ပါတယ်။
တခြားကုန်မယ် အရာတွေကို ရိပ်သာတွေမှာ ဆွမ်းကပ်တယ်၊ မိဘမဲ့ ဂေဟာတစ်ခုမှာ သွားလှူတယ်၊ သူ့နာမည်နဲ့ ရေခွက်လေးတွေ လှူတယ်။ အဲ့ဒါနဲ့ဘဲ အားလုံး ပြီးသွားပါတယ်။
ခလေးက အခုအရွယ်မှာ သေသေချာချာ မသိသေတော့ မိဘတွေ ဘာတွေလုပ်ပေးခဲ့လဲဆိုတာ နောင်မှာတော့ ပြန်သိအောင် လုပ်ပေးရမှာပေါ့။ အမျိုးသမီးကတော့ စာအုပ်တစ်ခု လုပ်ထားတယ်၊ သူ့ပုံလေတွေနဲ့ စာလေးတွေနဲ့ပေါ့၊ အမျိုးတွေကိုလဲ အမှတ်တရ စာလေးတွေ ရေးထားခိုင်းတာပေါ့။ အဲ့လိုလုပ်ရတာ သူ့အကြိုက်လေ… Facebook ပေါ်မှာတင်ထာပေမယ့် စိတ်တိုင်းမကျဘူး၊ သူကိုယ်တိုင် လုပ်ချင်တာရယ်၊ မပျောက်ပျက်အောင် သိမ်းထားချင်တာရယ်နဲ့ သူ့စိတ်ကြိုက် ကျွန်တော့ကို လိုက်လုပ်ခိုင်းတာပေါ့ဗျာ။
တစ်နှစ်ပြည့်ပြီးတော့ ပထမဆုံးဖြစ်တာက အပြင်းဖျားတာဘဲ၊ အပူချိန် ၁၀၄ လောက်ထိတတ်သွားတယ်။ ခလေးလဲ ပျော့အိသွားတာပေါ့။ ကံကောင်းတော့ ကျွန်တော်တို့ရှိနေတော့ အစစ အရာရာ လုပ်ပေးနိုင်ခဲ့တယ်။ ၂−၃ ရက်လောက်ဖျားပြီးတော့ လူမကပ်တော့ဘူး။ သူ့အဖွားကို အတင်းကပ်သွားတာ။ နည်းနည်းပြန်ကောင်းလာမှ ကျွန်တော်တို့နဲ့ ပြန်ကပ်တာ။ အခုတော့ ဖျားပြီးတော့ နည်းနည်း ညှောင်သွားတော့ အစားတွေ များများပြန်ကျွေးနေရတော့တာပေါ့။
တိုးတတ်လာတာကတော့ မျက်စိအောက်မှာတင်ဘဲ မျိုးမျိုး ပြောင်းလဲလာတာ။ ပြောရင် သိလာတယ်၊ မှတ်ထားလာနိုင်တယ်၊ လုပ်ခိုင်းရင် လုပ်တတ်လာတယ်။ မျက်နှာ သွင်ပြင် အမျိုးမျိုး လုပ်တတ်လာတယ်။ ခိုင်းတတ်လာတယ်။ ပြုံးတတ်လာတယ်။ တိုးခွေ့တတ်လာတယ်။ အိပ်ချိန် စားချိန် သိလာတယ်။ အများကြီးပါဘဲ…
ကျွန်တော်တို့ မျက်စိထဲမှာတော့ ဘယ်အချိန်ကြည့်ကြည့် ခလေးလေးပါဘဲ။ အခုတော့ ၁နှစ်၊ နောက်ပိုင်း ၂နှစ်၊ ၃နှစ်၊ ၁၀နှစ်၊ နှစ်၂၀၊ ဒီလိုနဲ့ ဖြစ်သန်းရမှာ တွေးရင်းနဲ့…
ဘဝ ဘဝ ဘဝ (ဒီလိုအရွယ် ဒီလိုအမြဲ..):P
အပိုင်း (၃) ဆက်ရန်…