Pic & Me (Site under Construction!)

ကျွန်တော် ဓာတ်ပုံ ဆိုဒ်တစ်ခုကို မြန်မာ နှစ်ဆန်းတစ်ရက်နေ့မှာ စတင်ဝင်လို့ ရတော့မှာ ဖြစ်ပါတယ်။ ဆိုဒ်နာမည်ကိုတော့ Pic & Me (www.picandme.me) ဆိုပြီး Domain တစ်ခုဝယ်ထားပြီးပါပြီ။ WordPress မှာဘဲတင်ဖို့များပါတယ်။ လောလောဆယ်တော့ ဘယ်လိုပုံစံမျိုး လုပ်ရမလဲဆိုတာ မစဉ်းစားရသေးလို့ WP-Countdown Theme တစ်ခုကို တင်ထားပါတယ်။ အခုတော့ စာမေးပွဲရှိတာရော၊ မအားတာရော ကြောင့် Theme ကို ကောင်းကောင်းမလုပ်ဖြစ်သေးဘူး။ ကြိုးစားပြီး ရေးကြည့်မယ်၊ စိတ်တိုင်းမကျရင်တော့ သူများရေးထားတာကို Modify ပြန်လုပ်ရမှာပေါ့။ Photography Site ဆိုတော့ Gallery ကိုကောင်းကောင်းလေး လုပ်ချင်တယ်။ Portfolio ပုံစံမျိုးလုပ်ချင်တယ်။ လောလောဆယ်တော့ Localhost မှာတင်ပြီး ရေးနေတယ်။ ကျောင်းပိတ်ရင် ရန်ကုန်ပြန်မယ်၊ ခရီးသွားမှာဆိုတော့ အချိန်တော့ အများကြီးမရတော့ဘူး။ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် လုပ်ထားပါတယ်။ အခုဆိုဒ်ကိုသွားရင် Under Construction ဖြစ်နေပါတယ်။ Email လေးရေးခဲ့ပြီး Subscribe လုပ်ထားလို့ရပါတယ်။ ကျွန်တော် ဆိုဒ်တင်ပြီးရင် သိရအောင်လို့ပါ။ Facebook Page ကိုလဲ လာလို့ရပါတယ်။ Like ပေးလို့ရပါတယ်။

အိုင်တီကိုကို။