Online Programming Courses

Programming ကို လေ့လာချင်တယ်။ ဘယ်မှာ လေ့လာရမလဲမသိဘူး ဆိုရင် ကိုယ့်ဟာကို လေ့လာချင်တယ်ဆိုရင်တော့ Online မှာလေ့လာရင် အကောင်းဆုံးပါဘဲ။ ကျောင်းတွေ သင်တန်းတွေမှာ သင်ပေးတယ်ဆိုတာ နည်းနည်းလေးပါ။ ဘာလဲဆိုတာ သိတယ်ဆိုယုံလေး သင်ပေးလိုက်တာပါ။ ကျန်တဲ့အပိုင်းတွေက ကိုယ့်ဟာကို ဆက်လေ့လာမှ ရမှာပါ။ ကျွန်တော်ဆို ကျောင်းမှာ ပထမ နှစ်တုန်းက Python ကိုသင်တယ်။ နောက်ပြီးတော့ HTML, CSS ပိုင်းလေးတွေ သင်ပေးတယ်။ နောင်နှစ်မှာတော့ Java ကိုသင်ပေးတယ်။ Networking လဲ ပါတာပေါ့။ သင်ပေးတယ်ဆိုတာ အားလုံးကို အသိ၊အတတ်သင်ပေးတာ မဟုတ်ဘူး။ အဲ့ဒါတွေက ဘာတွေလဲ၊ ဘယ်လို သုံးလို့ရတယ် ဆိုတဲ့ အခြေခံလေးတွေကို သင်ပေးတာ။ အခုဆို ကျွန်တော် တော်တော်များများ ကို ကြားဖူးနေပြီ။ သင်ဖူးနေပြီ။ လောလောဆယ်တော့ Data Structures and Algorithms ကို သင်ထားတယ်။ PHP သင်ပြီးပြီ။ တော်တော်များများ ကိုသင်ပြီးတော့ ကြားဖူးနားဝ ရှိနေပြီ။ အဲ့ဒါနဲ့ ကိုယ့်ဟာကို လေ့ကျင့်မယ်ဆိုပြီး လိုက်ရှာတော့ Online Programming Courses လေးတွေ ရှိတယ်။ ဒါနဲ့ အားလုံးကို သိအောင် ရေးပြီးတင်လိုက်တာ…

ဒါကတော့ Web Development အတွက်ပါ။ http://jsfiddle.net/
ဒါကတော့ Programming Language တော်တော်များများ ကို လေ့လာလို့ရပါတယ်။ http://code.he.net/
ဒါကတော့ java scripts ကိုလေ့လာချင်တဲ့ သူများအတွက် ပါ။ http://codecademy.com

နောင်ထက် ရှိသေးရင် ထက်တင်ပေးပါ့မယ်။ လောလောဆယ်တော့ ကျွန်တော် သိသလောက်လေတွေ တင်လိုက်ပါတယ်။ အားလုံးလည်း သိလို့ရှိရင် အောက်မှာ Comments ပေးပြီး ပြောခဲ့လို့ရပါတယ်။ ကျွန်တော် အားလုံးကို ကြိုဆိုပါတယ်။

အိုင်တီကိုကို။