Tag Archives: Scientific Thinking

Introduction of Scientific Thinking

ကျွန်တော်ဒီရက်ပိုင်း စာရေးချင်စိတ်ရှိနေတာနဲ့ ရေးမိခဲ့တယ်။ ရေးထားတာကကြာနေပါပြီ၊ အခုမှ ပြီးလို့တင်လိုက်တာ။ အကြာင်းအရာကတော့ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ ကျောင်းမှာသင်ခဲ့တာနဲ့ ကိုယ့်ဟာကို စာအုပ်တွေ ဖတ်မိရင်းနဲ့ ရလာတဲ့ အသိတွေကို ပေါင်းပြီ: ရေးလိုက်တာပါ။ ကိုယ်ထင်သလို၊ နားလည်သလို ရေးထားတာဖြစ်လို့ အမှားပါရင် ပြောပေးပါလို့ အရင်ဆုံး တောင်းပန်လိုက်ပါတယ်။ အဓိက ပြောချင်တာကတော့ ကျွန်တော်တို့လို လူငယ်လေးတွေ ကို အထင်မှား အမှတ်မှားတွေဖြစ်တဲ့ ရှေးရိုးအတိုင်း တွေးခေါ်ပုံတွေနဲ့ အခုခာတ် သိပ္ပံနညး်ကျ တွေးခေါ်ပုံလေးတွေကို သိသလောက်ရေးလိုက်တာပါ။ အရင်ဆုံး သိပ္ပံနည်းကျမတွေးခင် ကြောင်းအရာ ၂ ခုကို အရင်ခွဲမှတ်ဖို့လိုပါတယ်။ အဲ့ဒါကတော့ observation and explanation ပါပဲ။ အကြောင်းအရာတစ်ခုက်ု သိပ္ပံနည်းကျမကျ သိဖို့က ဒီနှစ်ခုကို နားလည် အဘောပေါက်ရင် ဆက်သွားလို့ရပါပြီ။ …