ကျွန်တော့ဖုန်းလေးကို အမြစ်လုပ်လိုက်ပါပြီ။ တော်တော်လေးကို လုပ်လိုက်ရတယ်။ မသိတော့လဲ နဲနဲကြာတာပေါ့။ ပြီးတော့ HTC ဆိုတော့ နဲနဲ လုပ်ရတာ ခက်တယ်။ အမြစ်လုပ်ပြီးတော့ တော်တော်လေးကောင်းသွားတယ်။ လှသွားတယ်။ မြန်မာလိုမြင်ရတယ်။ မြန်အောင်လုပ်လို့ရသွားတယ်။ လုပ်ချင်တိုင်းလုပ်လို့ရသွားတာပေါ့။ အခုမှပဲ တကယ့် ကျွန်တော့ ဖုန်းအစစ် ဖြစ်တော့တယ်။ အခုတလော ပျော်နေတဲ့ထဲမှာ အဲဒါတွေလဲပါတယ်။ ဖုန်းကို ကလိနေတာနဲ့ အချိန်ကုန်လို့ကုန်သွားမှန်းကို မသိလိုက်ဘူး။ နောက်ဆုံးတော့ ကျွန်တော့ ဖုန်းလေးကို Root လုပ်နိုင်ခဲ့ပါပြီ။ ဘာတွေလုပ်ရမလဲဆိုတာတွေကို အတတ်နိုင်ဆုံး အရှင်းဆုံးပြောပါ့မယ်။ အတွေ့အကြုံရော၊ ဖတ်ထားတာတွေရော အားလုံးပေါင်းပြီး ဒီပိုစ့်ကို ရေးပါ့မယ်။ အရင်ဆုံး root လုပ်တော့မယ်ဆိုရင် Android version နဲ့ Phone Model ကို သိအောင်လုပ်ရပါမယ်။ ကျွန်တော်ကတော့ HTC …