လတန်ခူး ပေမို့ အလှထူး ပါဘိ မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။ တကယ်တမ်း သာဖြင့် ဘယ်ပန်းသော် စံမတူဘု နန္ဒမူ ဖလ််ဂူ ထိပ်မှာလ ပစ္စေကာ ချွေးတော်သိပ်ရတယ် အေးရိပ် ဆာယာ။ တနှစ်တွင် သည်တလသာပ တလတွင် တရက်ထဲ ခက်ခဲတဲ့ ရက်ဗုဒ္ဓါ ပွင့်ရှာကြ စုံမြိုင်တွင်း။ မြူမင်း လွင်ထန် ကြူသင်းတာ ချိန်ယံ မတော့ ရွှေဝတ်ဆံ ငုံတံ ညှောက်ကယ်နှင့် ခါသင်္ကြန် ဂိမှာန် ရောက်ပြန်တော့ သိရ်သရေ ထိန်ဝေလို့ တောက်တဲ့ပြင် လမ်းတလျှောက် သင်းတာမို့ ဆန်းသလောက် မလင်းနိုင်ဘု ပန်းပိတောက်မင်း … ။ … ။ ဦးကြော့