I just bought new small HTC Phone

ကျွန်တော် ဖုန်းပျောက်ပြီးတော့ အသိတစ်ယောက်ဆီကနေ Nokia ဖုန်းလေး ခဏကိုင်သုံးနေခဲ့တယ်။ ပြောလို့ရတယ်၊ စာပို့လို့ရတယ်။ အဲ့လောက်ဘဲလုပ်လို့ရတယ်လေ။ Smart Phone ကိုင်လာတာ နည်းနည်းကြာသွားတော့ ရိုးရိုးဖုန်း သုံးရတာ အစဉ်မပြေတော့ဘူး။ အဲ့ဒါနဲ့ Starhub မှာ recontract လုပ်မလို့ သွားမေးတော့ အစက သုံးရာပေးရမယ်တဲ့ ၂၁လ ပြည့်ဖို့ ၁လ ဘဲလိုတော့တာကို သုံးရာ တောင်းတာကတော့ များပါတယ်။ နောက်တော့မှာ Hub Member ဆိုရင် ၁၀၀ ဘဲပေးရမယ်ဆိုပြီးပြောတယ်။ အပိုကြီး ပေးရတာကတော့ မမိုက်ဘူးဗျာ။ ပြီးတော့ ကျွန်တော် လိုချင်တဲ့ဖုန်းကလဲ မရသေးဘူးဆိုတော့ contract ပြန်မလုပ်သေးဘဲနဲ့ ဖုန်းအသစ်တစ်လုံး ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ၁၀၀၊ ၂၀၀ လောက်တော့ သုံးမယ်ပေါ့ဗျာ။

အဲ့ဒါနဲ့ အွန်လိုင်းမှာလိုက်ရှာတာပေါ့။ Why Mobile နဲ့ Mobile Square မှာဝင်ကြည့်ဖြင့်တယ်။ ဈေးကြီးတာ မလိုချင်ဘူး။ နည်းနည်းနဲ့ကောင်းကောင်း လိုက်ရှာတော့ Samsung Galaxy Ace နဲ့ HTC Desire C ကို သလောကျတယ်။ Windows Phone ကိုင်တော့ကိုင်ချင်တယ် ဒါပေမယ့် ကျွန်တော် contract ပြည့်ရင် ဝယ်မယ့်ဖုန်းကလည်း Nokia Lumia 920 Windows Phone ဆိုတော့ တူနေမှာစိုးလို့ မကိုင်သေးဘဲ Android ဖုန်းတွေကိုဘဲ ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ဆုံးဆိုင်ရောက်တော့ ကြည့်လိုကတော့ HTC Desire C ကို သလောကျတာနဲ့ $220 ပေးပြီးဝယ်လိုက်တယ်။ သုံးကြည့်တော့ မဆိုးပါဘူး။ ကျွန်တော် အရင်ကိုင်တဲ့ဖုန်းလိုမျိုးပါဘဲ။ နည်းနည်းသေးပြီး ကိုင်ရတာ အစဉ်ပြေတယ်။ အဖြူရောင်ဆိုတော့ လှတော့လှတယ်။ အတွင်းက စက်အပိုင်းတွေအားလုံးကို အနီရောင်လုပ်ထားတာကတော့ ဘာသဘောလဲမသိပါဘူး။ Battery ကပါ အနီရောက်ဖြစ်နေတယ်။

ကောင်းတာတစ်ခုက Android 4.03 HTC Sense 4.0 ကို run ထားတယ်။ CPU က တော်တော်နည်းတာကို အဲ့လို တင်ထားတော့ နှေးမှာတော့ စိုးတယ်။ လောလောဆယ်တော့ လိုအပ်တာလေးတွေ သွင်းပြီးပြီး အားလုံး ပုံမှန်အတိုင်းဘဲဗျာ။ အခုတော့ ဒီဖုန်းလေးနဲ့ဘဲ နည်းနည်းကြာကြာသုံးလိုက်အုံးမယ်။ နောက် Nokia Lumia 920 ထွက်မှဘဲ လဲဖို့ စဉ်းစားတော့မယ်။အခုတော့ ဖုန်းအသစ်လေးတစ်လုံးကို လိုအပ်တာများသွင်းရင်နဲ့ နောက်နေ့ အလုပ်သွားဖို့ ပြင်ဆင်တော့မယ်။

http://www.gsmarena.com/nokia_lumia_920-4967.php