အဖတ်ပါနဲ့ဗျာ။

ကျွန်တော် စာမရေးတာတောင် တော်တော်ကြာသွားပြီဗျ။ ရေးစရာ များများစားစား မရှိလို့ပါ။ ကျွန်တော်လဲ အလုပ်တွေတော်တော်များနေတယ်။ ကျောင်းစာ၊ ကျောင်းကိစ္စ၊ အလုပ်၊ အပျော်အပါး၊ ဟိုပြိုင်ပွဲဝင်၊ ဒီပြိုင်ပွဲဝင်နဲ့ ရှုပ်နေတာဘဲ။ အွန်လိုင်းတော့ နေ့တိုင်းတတ်ဖြစ်တယ်။ ဘယ်သူနဲ့မှတော့ ကောင်းကောင်း စကားမပြောဖြစ်ဘူး။ လုပ်စရာရှိတာလုပ်တယ်၊ ဖတ်စရာရှိတာ ဖတ်တယ်။ အဲ့ဒါနဲ့ဘဲ အချိန်ကုန်သွားပြီး အိပ်တဲ့အချိန်ရောက်သွားတာဘဲ။ ဒီနေ့လဲ တနေကုန် သွားနေတာ အခုမှဘဲ အိမ်ပြန်ရောက်တော့တယ်။ ဘာလုပ်ရမလဲဆိုတော့ Ubuntu ထဲဝင်ပြီး commends တွေလိုက်စမ်းနေတယ်။ မသိတာတွေတော်တော်လေးကို များနေသေးတယ်ဆိုတာ ကိုယ့်ကိုယ်ကို သိလာတယ်။ ငါဘာမှမဟုတ်သေးပါလား။ ဘားမှကောင်းကောင်း မတတ်သေးပါလားဆိုပြီး အမြဲတွေးမိတယ်။ Linux ကတော့ ဘားမှကို ကောင်းကောင်းမသိဘူး။ Program install လုပ်တတ်တယ်။ ဖိုင်တွေ ဟိုပြောင်းဒီပြောင်းလုပ်တတ်တယ်။ Basic commends လေးတွေ တော့သိတယ်။ ကျန်တာ ဘားမှမသိဘူး။ သုံးရတာ ကြိုက်လို့ သုံးတယ်။ Windows ကိုဝင်ရင် ၅ မိနစ်လောက် စောင့်ရတာကို အစောင့်ချင်လို့ သုံးနေတာ။ ပြီးတော့ ကျွန်တော် သုံးချင်တဲ့ ဟာတွေအားလုံးသုံးလို့ရတော့ အိမ်မှာဆို Ubuntu ဘဲသုံးတယ်။

ဆရာပြကြီးလဲမဟုတ်။ ဂိလဲမဟုတ်။ ပရိုလဲမဟုတ်ဘူး။ ရိုးရိုးတန်းတန်း end- user တစ်ယောက် အဆင့်ဘဲရှိတယ်။ အခုတော့ နည်းနည်း တိုးတတ်လာပြီ။ ပရိုဂရမ်လေးဘာလေး နည်းနည်းရေးတတ်လာပြီလေ။ ကောင်းကောင်းတော့မသိသေးဘူး။ ဒါပေမယ့် ကိုယ်လုပ်ချင်တာလေးတွေကို လုပ်ခွင့်ရလာပြီ၊ လုပ်တတ်လာပြီ။ အများကြီးလေ့လာဖို့ကျန်သေးတယ် ဆိုတာ သိတယ်။ လေ့လာနေတယ်။ အချိန်မရှိတဲကြားက စာဖတ်နေရတာ တော်တော်လေး ဒုက္ခရောက်တယ်။ မတတ်နိုင်ဘူး လုပ်ချင်တာ လုပ်ဖို့ ဖတ်စရာတော့ ဖတ်ရမှာပေါ့။

ကျောင်းကပွဲအတွက် ကျွန်တော် လုပ်နေတာတွေကို လူမသိဘူး။ မလုပ်ဘူးလို့ထင်နေမယ်ဆိုတာသိတယ်။ စိတ်ထဲမှာ အမြဲတွေးနေရတာ ပင်ပန်းလှပြီ။ စိတ်ရှော့လိုက်ချင်ပြီ။ ငါလုပ်မယ်ဆိုပြီး လုပ်ထားတာမဟုတ်သလို၊ ငါမလုပ်လည်း ဘားမှဖြစ်သွားမှာမဟုတ်ဘူးလေ။ ဘာလို့ စိတ်ညစ်ခံနေတော့မှာလဲ။ စည်းလုံးလားဆိုတော့ (အပြောချင်)၊ လုပ်ချင်လားဆိုတော့ (မပြောချင်)၊ လုပ်တတ်လားဆိုတော့ (မပြောချင်)၊ လုပ်မယ်ဆိုတော့ လုပ်ကြပေါ့။ (ကိုယ်နဲ့မဆိုင်သလို) ။ တစ်ခုဘဲ သူများပြောတိုင်း ငါမဖြစ်သလို၊ သူများခိုင်းတိုင်း ငါမလုပ်ဘူး။ ကကြီး ခကွေး ရေးပြီးပြီလေ။ ဘာလို့ အခုပြန်ပြီး ရေးနေရတာလဲ။ ငါ့သဘောအတိုင်း ငါလုပ်ရင် ငါ့ နာမည်တတ်ပြီး လက်မှတ်ရောင်းလိုက်တော့မယ်။ ဘယ်ကောင်မှ ဂရုမစိုက်တော့ဘူး။

ဘာတွေရေးမိမှန်းကို မသိတော့ဘူး။ ရေးချင်တာရေးလိုက်တော့ စိတ်ထဲ ပေါ့သွားတယ်။ အိပ်လည်း အိပ်ချင်သွားပြီး။ ရေးတာရပ်ပြီ။ မနက် ကျောင်းသွားဖို့ ပြင်ဆင်ပြီးရင် အိပ်ဖို့ ပြင်ရတော့မယ်။ ရေးချင်တာတွေ ရေးထာတဲ့ အတွက် စိတ်မရှိပါနဲ့နော်။ ရေးပြီးတော့လဲ ပြီးသွားတာပါဘဲ။ စိတ်ထဲဘားမှမထားဘူး။ ဒီစာကိုကြည့်ပြီး ငါဘာလဲ သိပြီဆိုရင်တော့၊ မင်းမှားသွားမှာပေါ့၊ ငါက မိုးတိမ်၊ ငါက ရေတံခွန်၊ ငါက ကျောက်ရုပ်၊ ငါက အမှိုက်၊ ငါက လေ၊ ငါကမိုး၊ ငါက မီးအိမ်၊ ငါက စက်ရုပ်၊ ငါက ပန်းသီ။ ငါ့ကိုယ်ငါ မပိုင်၊ ငါ့ကိုယ်ငါ မသိ၊ ငါလို့မခေါ်၊ ရုပ် နှင့် နာမ် လို့…..