Idea အသစ်ဖြစ်ဖို့က ပထမဆုံး အခုလက်ရှိ ဘာတွေဖြစ်နေလဲ့ဆိုတာ သိဖို့လိုပါလိမ့်မယ်။ ကျွန်တော့ အထင် ကျွန်တော်တို့ တွေးမိသလို သူများတွေလဲ တွေးမိမှာဘဲ။ ကျွန်တော် ကဒါကို အသစ်လို့ထင်ပေမယ့် သူများတွေက လုပ်ပြီးသား ဖြစ်နိုင်တယ်။ ကိုယ်က မသိတော့ ဒါဟာ အသစ်၊ ဘယ်သူမှ မလုပ်သေးဘူး၊ ငါပထမဆုံးလုပ်တာဘဲလို့ ထင်နေတတ်ပါတယ်။ အဲ့လိုဖြစ်နေပြီဆိုရင်တော့ သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေ အလကားဖြစ်တော့မှာပါ။ သင်ရေးလိုက်တဲ့ App တစ်ခုက သူများရေးပြီးလို့ Store | Market မှာ ရှိပြီးသားကြီ: ဖြစ်နေမှာကို သင်စဉ်းစားမိရဲ့လား။ အဲ့တော့ ပထမဆုံး အခုလက်ရှိ ဘာတွေရှိနေလဲဆိုတာကို အရင်ဆုံးလေ့လာဖို့လိုပါတယ်။ သူများတွေ ဘာတွေလုပ်ပြီးပြီလဲဆိုတာ သိထားဖို့လိုပါတယ်။ အဲ့တော့ App တစ်ခုရေးဖို့ Idea ရလာပြီဆိုရင် သူများတွေရေးပြီးပြီလား …