Tag Archives: covid-19

မြန်မာနိုင်ငံ၊ Covid-19 နှင့် Lockdown

Lockdown

Lock Down ဆိုသည်မှာ… မြန်မာနိုင်ငံ၊ Covid-19 နှင့် Lockdown မြန်မာနိုင်ငံမှာ Covid-19 အတည်ပြုလူနာတွေ တွေ့ရှိရပြီးနောက်ပိုင်းမှာ ရောဂါထိန်းချုပ်ဖို့အတွက် အမြန်ဆုံး Lockdown လုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေကို လူမှုကွန်ယက်တစ်ခွင်မှာ မြင်တွေ့လာရပါတယ်။ ဒီ Post မှာတော့ Lockdown နဲ့ပတ်သက်လို့ စဥ်းစားစရာအချက်တချို့ကို အနည်းငယ်ဆွေးနွေးလိုပါတယ်။ Lockdown ဆိုတာဘာလဲဆိုရင်တော့ အရိုးရှင်းဆုံးပြောရရင် နေရာ‌ဒေသတစ်ခုမှာ လူဝင်ထွက်သွားလာမှုကို ကန့်သတ်ထိန်းချုပ်လိုက်တဲ့၊ ဒေသတစ်ခုလုံးကို ပိတ်ဆို့လိုက်တဲ့ အရေးပေါ်လုပ်ဆောင်မှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒေသတစ်ခုလုံးအပေါ် ချမှတ်တဲ့ ကွာရန်တင်း (Quarantine) အကြီးစားလို့ မြင်ရင်လည်း ရပါတယ်။ Covid-19 လို ကူးစက်ရောဂါဖြစ်ပွားတဲ့အချိန်ကာလမျိုးမှာ Lockdown လုပ်ခြင်းအားဖြင့် လူစုလူဝေးနဲ့ လူဝင်ထွက်သွားလာမှုတွေအပြင် လူတစ်ယောက်နဲ့တစ်ယောက်ထိတွေ့ဆက်ဆံမှုကို လျော့နည်းသွားစေမှာဖြစ်ပါတယ်။ ရလဒ်အားဖြင့် ‌‌‌ရောဂါကူးစက်ပျံ့ပွားမှုလျော့နည်းနှေးကွေးလာမယ်၊ ကျန်းမာရေး၀န်ဆောင်မှုတွေအတွက် လုပ်နိုင်ကိုင်နိုင်၊ နိုင်နိုင်နင်းနင်းရှိလာမယ်၊ …

COVID-19 ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းမှ လျော့နည်းစေရန် နည်းလမ်းများ

COVID-19 သည် အဓိကအားဖြင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ခြင်းဖြစ်သည်။ COVID-19 ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းမှ လျော့နည်းစေရန် နည်းလမ်းများမှာ…