အောင်မြင်ကျော်ကြား၊ လူကြိုက်များတဲ့ ဂိမ်းတစ်ခုဖြစ်တဲ့ Angry Birds ဟာ အခုဆိုရင်တော့ အောင်မြင်နေတဲ့ Social Network တစ်ခုဖြစ်တဲ့ Facebook ပေါ်ကို ရောက်လို့လာပါပြီ။ Facebook ပေါ်မရောက်ခင်က Chrome Web Store မှာအရင် စပြီးဆော့လို့ရနေတာပါ။ အခုဆိုရင်တော့ Facebook Games ကြိုက်တဲ့ ကိုကို မမ တွေအတွက် အကြိုက်တွေ့မှာဖြစ်ပါတယ်။ Flash ကို အခြေခံပြီးရေးထားပြီး မူရင်းဂိမ်းထဲက အတိုင်း တော်တော်များများတူပါတယ်။ အစတုန်းကတော့ 14th Valentine’s Day မှာ စပြီးဆော့လို့ရမယ်ဆိုပေမယ့် အခုချိန်ကတည်းက ရနေပါပြီ။ ဂိမ်းပုံစံကတော့ ပုံမှန် Facebook ဂိမ်းတွေလိုပါဘဲ။ ပါဝါတတ်အောင် သူငယ်ချင်းအိမ်တွေလိုက်လည်လို့ရတယ်။ Challenge လုပ်လို့ရတယ်။ ကဲပြောနေတာကြာတယ် အခုဘဲ စဆော့လိုက်ပါတော့… ဒီလင့် …