ကျောက်တွင်းကြီးထဲရောက်နေပြီးမှ စိန်ကျောက် အကောင်းတွေ မယူဘဲနဲ့ ဘာလို့ တန်ဖိုးနည်းတဲ့ ကျောက်လေးတွေယူပြီး ပြန်ကြမှာလဲတဲ့။ ဆရာပြောတာ အရမ်းကိုမှန်ပါတယ်၊ ကိုယ်တွေမိသားစုလောက် နီးနီးကပ်ကပ်နေခွင့်ရခဲ့တဲ့ မိသားစုတွေ အတော့ကို နည်းပါတယ်။ ဆရာသမားကောင်းနဲ့ ဒီတစ်သက်တွေ့ခွင့်ရခဲ့တယ်ဆိုတာ ကျွန်တော်တို့ မိသားစုအတွက်က ေကျာက်တွင်းထဲကို ထိုးကျသွားသလိုပါဘဲ၊ အတိုင်းမသိ တန်ဖိုးကြီးတဲ့ အရာေတွ ရနိုင်ခွင့်ရှိခဲ့ပါတယ်။ ရသင့်သလောက်တော့ ရခဲ့ပါတယ်၊ အခြေခံတွေ ခိုင်မြဲသွားသလို အသိတရား၊ အတွေးအခေါ်ေတွ ေကာင်းသွားပါတယ်။ ဆရာ့ရဲ့ ေမတ္တာက ဒီလောက်နဲ့ရပ်မနေစေဘဲ ေနာက်ထက် တိုးတိုးေအာင် ကြိုးစားေစချင်တာကို အထင်းသား မြင်ရပါတယ်။ ေနာင်မှ ေနာင်တရမယ်ဆိုတာထက် အခုလက်တွေ့ကို အစွမ်းကုန် ကြိုးစားအားထုတ်ဖို့လဲ ဆုံးဖြတ်ထားပါတယ်။ အကြောင်းေကြာင်းေကြာင့် ခလေးနဲ့ မတွေ့ပေးခဲ့နိုင်တာကို စိတ်မကောင်းဖြစ်မိပါတယ်။ ဆရာသမားအပေါ် ဘယ်တုန်းကမှ အမြင်မစောင်းခဲ့သလို ဆုံးမခဲ့တာေတွကိုလဲ အမြဲလိုက်နာ …
ခလေးတစ်နှစ်ပြည့်ကတော့ အလုပ်များများနဲ့ ပြီးသွားခဲ့ပါတယ်။ တစ်နှစ်ပြည့်ကို ၂ဘက်သော အမျိုးများနဲ့ ပျော်ပျော်ပါးပါးလုပ်မယ်ဆိုပြီး အမျိုးသမီးက နေရာတွေ လိုက်ရှာ၊ လှူမယ့် ဘုန်းကြီးကျောင်းတွေ လိုက်မေးနဲ့ တတ်ကြွနေခဲ့တာ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဘယ်မှာမ မလုပ်ဖြစ်တော့ဘဲ အမျိုးတစ်ဘက်ဆီကို စားသောက်ဆိုင်မှာ လိုက်ကျွေးတာဘဲ လုပ်ဖြစ်တော့ပါတယ်။ တခြားကုန်မယ် အရာတွေကို ရိပ်သာတွေမှာ ဆွမ်းကပ်တယ်၊ မိဘမဲ့ ဂေဟာတစ်ခုမှာ သွားလှူတယ်၊ သူ့နာမည်နဲ့ ရေခွက်လေးတွေ လှူတယ်။ အဲ့ဒါနဲ့ဘဲ အားလုံး ပြီးသွားပါတယ်။ ခလေးက အခုအရွယ်မှာ သေသေချာချာ မသိသေတော့ မိဘတွေ ဘာတွေလုပ်ပေးခဲ့လဲဆိုတာ နောင်မှာတော့ ပြန်သိအောင် လုပ်ပေးရမှာပေါ့။ အမျိုးသမီးကတော့ စာအုပ်တစ်ခု လုပ်ထားတယ်၊ သူ့ပုံလေတွေနဲ့ စာလေးတွေနဲ့ပေါ့၊ အမျိုးတွေကိုလဲ အမှတ်တရ စာလေးတွေ ရေးထားခိုင်းတာပေါ့။ အဲ့လိုလုပ်ရတာ သူ့အကြိုက်လေ… …
၂၃ရက် သြဂုတ်လ ၂၀၁၈ မနက် ၇နာရီ ၁၇မိနှစ် ကျွန်တော့သား မောင် Reo (ခ) မြတ်မင်းဟန် ကို ကိုယ်အလေးချိန် ၆ပေါင် ၅အောင်စ နှင့် Grand Hantha International Hospital မှာ မွေးခဲ့ပါတယ်။ ဆရာဝန်ကြီးများနှင့် သူနာပြုဆရာမများ ဂရုစိုက်မှုကြောင့် လွယ်လွယ်ကူကူဘဲ မွေးဖွားခဲ့ပါတယ်။ ခွဲစိတ်ဆရာဝန်ကြီးက ဆေးခန်းစပြကတည်းက ခွဲခန်းထဲဝင်တဲ့အထိ အစစအရာရာ သေချာ ဂရုစိုက်ခဲ့တယ်။