Facebook က သူများနဲ့မတူ ထူးခြားတဲ့ အသစ်အဆန်းတွေ အများကြီးလုပ်ထားပါတယ်။ အရင်ဆုံး စတာကတော့ Skype နဲ့ပေါင်းပြီး Video Call လုပ်ထားပါတယ်။ Facebook ကို chat မှာ video call ပြောချင်တယ်ဆိုရင်တော့ ဒီလင့် မှာ plugin ရှိပါတယ်။ Download လုပ်ပြီးရင် Internet Browser ကို Restart လုပ်လိုက်ရင် စပြောလို့ရပါပြီ။ ပြောဖို့ကတော့ နှစ်ဖတ်လုံးမှာ သွင်းထားမှ ပြောလို့ရမှာပါ။ နောက်တစ်ခုကတော့ အခု Facebook ပုံစံသစ်ဖြစ်တဲ့ Timeline ပါ။ ကျွန်တော်ကတော့ Timeline ကို ပိုကြိုက်တယ်။ ကြည့်ရတာ တမျိုးကြီး ဖြစ်နေပေမယ့်၊ သုံးလို့တော်တော်ကောင်းတယ်။ ကျွန်တော် အကြိုက်ဆုံးကတော့ Feature လုပ်တာပါပဲ။ ကိုလိုချင်တဲ့ ပိုစ့်တွေကို …
Year: 2012
အားလုံး နှစ်သစ်မင်္ဂလာပါ။ ကျွန်တော့ ဘလော့လေးကို လာလာဖတ်တဲ့ သူငယ်ချင်းများ၊ စာဖတ်မိတ်ဆွေများ၊ အားလုံးသောသူများကို ကျေးဇူးတင်ပါတယ်လို့ ဒီကနေပဲ ပြောလိုက်ပါတယ်။ အခုမှ တင်နိုင်တာကို တောင်းပန်ပါတယ်။ အသိပေးချင်တာလေးတစ်ခုကတော့ ကျွန်တော့ဘလော့ကို နှစ်သစ်မှာ စတိုင်အသစ်နဲ့တွေရပါတော့မယ်။ ကျွန်တော် ကိုယ်တိုင် ပြန်ရေးနေပါတယ်။ လောလောဆယ်တော့ IT-KOKO ဘလော့ကို အရင်ရေးနေပါတယ်။ ဘယ်တော့ပြီးမလဲတော့ သေသေချာချာ မပြောနိုင်တာကိုတော့ တောင်းပန်ပါတယ်လို့။ အခုမှ စရေးမှာဆိုတော့ အကောင်းကြီးတော့ ဖြစ်မယ်မထင်ဘူး။ ဟီးဟီး။အကောင်းဆုံးတော့ လုပ်ထားပါတယ်။ နောက်တစ်ခုက ကျွန်တော် ရေးမယ်ဆိုပြီး မရေးရသေးတဲ့ အကြောင်းအရာလေးတွေ ရှိပါတယ်။ ကို ဟိန်းဇော်ထက် ကို ဒီကနေပဲ တောင်းပန်လိုက်ပါတယ်။ ကျွန်တော် ဘီးဇီး နေလို့ပါလို့။ နှစ်သစ်မှာ အားလုံးမင်္ဂလာပါ။
