Programming ကို လေ့လာချင်တယ်။ ဘယ်မှာ လေ့လာရမလဲမသိဘူး ဆိုရင် ကိုယ့်ဟာကို လေ့လာချင်တယ်ဆိုရင်တော့ Online မှာလေ့လာရင် အကောင်းဆုံးပါဘဲ။ ကျောင်းတွေ သင်တန်းတွေမှာ သင်ပေးတယ်ဆိုတာ နည်းနည်းလေးပါ။ ဘာလဲဆိုတာ သိတယ်ဆိုယုံလေး သင်ပေးလိုက်တာပါ။ ကျန်တဲ့အပိုင်းတွေက ကိုယ့်ဟာကို ဆက်လေ့လာမှ ရမှာပါ။ ကျွန်တော်ဆို ကျောင်းမှာ ပထမ နှစ်တုန်းက Python ကိုသင်တယ်။ နောက်ပြီးတော့ HTML, CSS ပိုင်းလေးတွေ သင်ပေးတယ်။ နောင်နှစ်မှာတော့ Java ကိုသင်ပေးတယ်။ Networking လဲ ပါတာပေါ့။ သင်ပေးတယ်ဆိုတာ အားလုံးကို အသိ၊အတတ်သင်ပေးတာ မဟုတ်ဘူး။ အဲ့ဒါတွေက ဘာတွေလဲ၊ ဘယ်လို သုံးလို့ရတယ် ဆိုတဲ့ အခြေခံလေးတွေကို သင်ပေးတာ။ အခုဆို ကျွန်တော် တော်တော်များများ ကို ကြားဖူးနေပြီ။ …
Year: 2012
ကျွန်တော် မြန်မာယူနီကုဒ်ကို စသုံးတာ အခုဆိုရင် တစ်နှစ်ကျော်ကျော်ရှိပါပြီ။ ကျွန်တော် စသုံးကတည်းက ထွေထွေထူးထူး ပြဿနာဆိုလို့ ကျွန်တော့ ဘလော့တွေမှာ မြန်မာယူနီကုဒ်ကို ဖောင့်မရှိပဲနဲ့ မြင်ရအောင်လုပ်တုန်းကပဲ နည်းနည်းလေး သူများတွေကို လိုက်မေးရပါတယ်။ နောက်ပိုင်း မမြင်ရတာ၊ ဖတ်လို့မရတာ စတဲ့ ပြဿနာတွေ မဖြစ်ခဲ့ပါဘူး။ အခုဆိုရင် ယူနီကုဒ်က အထူးအဆန်းကြီး မဟုတ်တော့ပါဘူး။ တော်တော်များများ ဆိုဒ်တွေလဲ သုံးနေကြပါပြီ။ မြန်မာ အိုင်တီလောကမှာ ရှိတဲ့ ဆိုဒ်တော်တော်များများမှာ ယူနီကုဒ်တွေပဲ သုံးပါတယ်။ ဘာလို့သုံးရတယ်၊ ဘာကြောင့်သုံးတယ်ဆိုတာ ပြောပြရင် ဒါတွေပဲပြောတယ်ဖြစ်နေတော့မယ်။ ရှင်းရှင်းပြောရရင်တော့ အားလုံးသုံးသင့်လို့ သုံးတာပဲ။ အာလုံးသုံးသင့်တဲ့ စနစ်တစ်ခုဆိုရင် မမှားပါဘူး။ နောက်ပိုင်း ယူနီကုဒ် မသုံးရင် မြန်မာလို မမြင်ရတဲ့ အခြေအနေမျိုးတွေ ဖြစ်လာမှ ယူနီကုဒ်ကို သုံးချင်တယ် …
ကျွန်တော် စမ်းသပ်တဲ့ အနေနဲ့ Forum တစ်ခုလုပ်ထားပါတယ်။ ကိုစေတန် MZ မှာသုံးထားတဲ့ Vanilla ကိုပဲ ကြိုက်လို့ တင်ထားပြီး စမ်းထားတယ်။ အလုပ်ရှုပ်နေလို့ လိုအပ်တာတွေကိုတော့ မပြင်ရသေးဘူး။ နောက်မှပဲ ကောင်းကောင်းပြန်ပြင်တော့မယ်။ အားလုံးပြီးမှ တင်မလို့ဘဲ ဒါပေမယ့် သုံးတဲ့သူတွေဆီက ပြန်ပြောတာလေးတွေကို ကြားချင်တာနဲ့ ရှိတာနဲ့ လုပ်လိုက်ပါတယ်။ လောလောဆယ်တော့ မြန်မာ ယူနီကုဒ်ကို Support လုပ်ထားပါသေးတယ်။ နောက်မှ ဇော်ဂျီကို ပါရအောင်လုပ်ပါ့မယ်။ ဘာလို့လဲဆိုတော့ သုံးတဲ့သူတော်တော်များများက ဇော်ဂျီကို ပိုကြိုက်တယ်လေ။ အဓိက ရည်ရွယ်ထားတာကတော့ မိုဘိုင်း သုံးသူတွေကို ဖြစ်ပါတယ်။ ကျွန်တော့် ဆိုဒ်ကို လာရောက် အားပေးပါလို့။ လိုအပ်တာများရှိရင် တောင်းဆိုနိုင်ပါတယ်။ ဆိုဒ် Admin ကတော့ လောလောဆယ် ကျွန်တော်ပဲ ရှိပါသေးတယ်။ …
Linux-Based ဖြစ်တဲ့ Ubuntu ဆိုရင် တော်တော်များများ သိပါတယ်။ Ubuntu က သူ့ System ကို Unity ပြောင်းပြီးကတည်းက ပြောင်းလဲမှု တွေ လုပ်လာပါတယ်။ အခုဆိုရင်တော့ အပြိုင် အဆိုင်များတဲ့ Mobile, Tablet လိုင်းကို မသွားဘဲ Smart TV ကို သွားနေပါပြီ။ လောလောဆယ်တော့ Smart TV လောကမှာ Samsung, Sony, LG က ဦးဆောင်နေပါတယ်။ Ubuntu က ကိုယ်တိုင် TV ထုတ်ဖို့တော့ မရှိသေးပုံရပါတယ်။ ဘာလို့လဲဆိုတော့ Ubuntu TV က Prototype ဖြစ်ပြီး TV ထုတ်ဖို့ Company တွေကို သူ့ OS သုံးဖို့ …
ဖုန်းကနေ မြန်မာနိုင်ငံက ဆေးခန်းတွေ ရဲ့ လိပ်စာတွေ၊ ဆရာဝန်ကြီးတွေ ထိုင်နေတဲ့ ဆေးခန်း၊ အချိန်၊ နေရာတွေကို ကြည့်လို့ရမယ့် Application တစ်ခုကို Edwin Consulating Service က လုပ်ထားပါတယ်။ သုံးရတာ မြန်ပြီး ရိုးရှင်းပါတယ်။ အချိန်မှန် မမှန်ကတော့ ကျွန်တော်လည်း သွားမကြည့်ဖူးတော့ အသိဘူး။ ကျန်းမာရေး အတွက်ဆိုတော့ ဖုန်းထဲမှာရှိထားတော့ အရေးကြီးရင် တော်တော် အသုံးဝင်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ သုံးမြို့အတွက် လုပ်ထားတာပါ။ သိချင်တဲ့ ဆရာဝန်ကြီးတွေကို ရောဂါ အမျိုးအစားလိုက် ရှာလို့လည်း ရပါသေးတယ်။ နောက်ထက် ကောင်းတာတစ်ခုက Multi Platform ဖြစ်တာပါ။ Android | Apple | Window Phone …
ကျွန်တော် မနေ့ညကပဲ သာလွန် OS ကိုသွင်းလိုက်ပါတယ်။ ကျွန်တော့ Laptop မှာက Window7, Ubuntu နှစ်ခုရှိပြီးသားဆိုတော့ သာလွန်နဲ့ဆို ၃ခုတောင် ရှိသွားပါပြီ။ တော်တော်လေး သုံးရတာ အစဉ်ပြေတယ်။ အရင်တုန်းကတည်းက Ubuntu သုံးနေကြဆိုတော့ ဘားမှတော့ ထူးထူးဆန်းဆန်း ဖြစ်မနေပါဘူး။ မြန်မာလိုတွေ အားလုံးနီးပါး ဖြစ်ကုန်တယ်လေ။ မြန်မာစာ နဲ့ အားလုံး ဖတ်လို့ ရေးလို့ ရတယ်။ System တော်တော်များများ ကို မြန်မာလို ဖတ်လို့ရနေတော့ တမျိုးတော့ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ကွန်ပျူတာ စသုံးကတည်းက အင်္ဂလိပ် လိုသုံးလာတာဆိုတော့၊ မြန်မာလိုတွေ မြင်ရတော့ အမျိုးကြီးဖြစ်နေတယ်။ တချို့စကလုံးတွေက မြန်မာလို ပြန်လို့တော်တော်ခက်တယ် ဒီအတိုင်းကြီးပဲ ပြန်ပြီးရေးထားတယ်။ စာလုံးပေါင်း စစ်တာ ကို လုပ်နေပြီဆိုတော့ …
ကျွန်တော် အခုတလော စာတော်တော်ရေးဖြစ်နေတယ်၊ အလုပ်မသွားတာက တစ်ကြောင်း၊ ရေးစရာတွေများနေတာက တစ်ကြောင်း ဟိုရေးဒီရေးနဲ့ တော်တော် ရေးဖြစ်တယ်။ ဒီပိုစ့်ရေးပြီးရင်တော့ ကျွန်တော် ကျောင်းအတွက် စာရေးရပါအုံးမယ်။ Report ရေးရမှာဆိုတော့ စာတွေလိုက်ရှာရတယ်လေ။ အိမ်က Internet connection ကတော်တော်လေး ကျနေတယ်။ ရလိုက် မရလိုက်ဖြစ်နေတယ်။ စာရှာရတာ စိတ်မပါတော့လို့ ဗီဒီယိုလေးတွေ လိုက်ရှာရင်းနဲ့ “လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်” တုန်းက ဆုရခဲ့တဲ့ ဗီဒီယိုလေးတွေ သွားတွေတယ်။ အားလုံးကောင်းတယ်။ ကောင်းလို့လဲ ဆုရတာပေါ့။ အဓိပ္ပါယ်တော်တော်ရှိတယ်။ရှိမှာပေါ့ အဖြစ်မှန်တွေကို ရိုက်ထားတာကိုး။ အဲ့ဒါလေးတွေ လိုက်ရှာရင်း သူများတွေလည်း လွယ်လွယ်ကူကူနဲ့ ကြည့်လို့ရအောင်၊ ကျွန်တော်ဆီမှာလဲ မှတ်တမ်းလေးကျန်ခဲ့အောင် ရည်ရွယ်ပြီး တင်လိုက်ပါတယ်။ Copyright နဲ့ညိနေရင် ကျွန်တော် ပြန်ဖြတ်ပေးပါ့မယ်လို့။Freedom ဖြစ်တယ်ဆိုပေမယ့် …
ဘာရယ်မဟုတ်ဘူး ရယ်စရာလေးတစ်ခုတွေ့လို့ ရေးချမိသွားတယ်။ ကျွန်တော့ သူငယ်ချင်း ရန်ကုန်ကနေ ရောက်တာ မကြာသေးဘူးလေ။ အလုပ်စလုပ်ခါစဆိုတော့ ဒီမှာ အသားတော့ မကျသေးဘူးပေါ့။ သူပျင်းနေမှာ ဆိုးလို့ စကား ပြောရင်းနဲ့ ရယ်စရားလေးတစ်ခု သွားတွေ့တယ်။ ရယ်လည်း ရယ်ချင်တယ်၊ သနားလည်း သနားမိတယ်။ အကြောင်းကတော့ သူနဲ့ သူ့ကောင်မလေးတို့ နှစ်ဉီး ရန်ကုန်မှာ သွားရင်းနဲ့ ဖြစ်ပျက်ခဲ့တဲ့ အရာလေးပါ။ သူတို့ နှစ်ဉီး ချိန်းတွေ့ဖို့နေရာက အင်းယားကန်ဘောင် ဆိုတော့ ထိုင်လို့ကောင်းမယ်၊ လေညှင်းလေးခံပြီး စကားပြောမယ်ပေါ့။ ဖြစ်ချင်တော့ ထိုင်ခုံက တစ်ခုမှ မအားဘူးတဲ့။ နေကလည်း ပူ၊ နေ့လည်စာက စားပြီးခါစဆိုတော့ ထိုင်ဖို့နေရာ လိုက်ရှာတာ တော်တော်ကြာသွားတယ်။ နှစ်ခေါက်၊ သုံးခေါက်လောက် လမ်းလျှောက် ပတ်ကြည့်တော့ ထိုင်ခုံတော်တော်မျာများကို ၆နှစ် …
Android မှာ မြန်မာလိုမြင်ချင်တယ် Root မလုပ်တတ်ဘူး။ မြန်မာ font မသွင်းတတ်သူများ အတွက် မြန်မာလို ကြည့်လို့ရမယ့် 1st Myanmar Browser လာပါပြီ။ ပထမဆုံး မြန်မာ Browser ဖြစ်ပါတယ်။ NUS က ကိုထင်အောင် က လုပ်ထားတာဖြစ်ပါတယ်။ iOS အတွက်တော့ မြန်မာ Browser တွေများပေမယ့် Android အတွက်တော့ တော်တော်ရှားပါတယ်။ ပထမဆုံး ဖြစ်တာနဲ့ အတူ မြန်မာ font တွေဖြစ်တဲ့ Zawgyi နှင့် WinInnwa နှစ်ခုလုံး ကို ဖတ်လို့ရပါတယ်။ နောက်ပိုင်းတော့ Unicode ပါရလာမယ်လို့ မျော်လင့်နေရပါတယ်။ ကောင်းမွန်တဲ့ Features တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်… [✔] Unlimited tabs …
Android ဖုန်းတွေ မှာ Brand အမျိုးမျိုးရှိတယ်ဆိုတာ သိ ကြမှပါ။ အဲ့ထဲမှာ ထူးထူးခြားခြား ဖြစ်နေတဲ့ တချို့အကြောင်းအရာလေးတွေ ရှိတယ်ဆိုတာတော့ လူတိုင်းသိမယ်မထင်ပါဘူး။ ကျွန်တော် က ဂျပန်ကာတွန်းကားတွေ ကြည့်ဖြစ်တယ်။ ငယ်ငယ်လေးကတည်းက ကြည့်တာဆိုတော့ အခုဆို တော်တော် များများ ကြည့်ဖူးပြီးပြီပေါ့။ ကျွန်တော့လို ဝါသနာတူတွေကတော့ ကျွန်တော့ နည်းနည်းပြောရင် သိလောက်မယ်ထင်တယ် ။ မကြည့်ဖူးသူများ ကလည်းစမ်းကြည့်ကြည့်ပါ။ စွ ဲသွားပါလိမ့်မယ်။ အခုပြောမှာက ဖုန်းနဲ့လည်း ဆိုင်တယ်၊ ကာတွန်းကားနဲ့လည်းဆိုင်တယ် ။ ထူးထူးခြားခြား အောက် ကနာမည်လေးတွေကိုဖတ်ကြည့်ပါလား.. Moto-Laura-chan (Motorola) Sam-Sung-chan (Samsung) H-T-Syee-chan (HTC) Elle-G-chan (LG) Soni-Eri-chan (Sony Ericsson) Apple အတွက်တောင်ပါသေးတယ်။ Apple-Kun …
