Year: 2012

Best Photographic Composition Techniques Part #2

အပိုင်း ၁ Rule of Thirds ကို ရေးပြီးပါပြီ။ Active Space အခုနောက်တစ်ခုကတော့ သွားလာ လှုပ်ရှားနေတဲ့ အရာတွေကို ရိုက်တဲ့အခါမှာ သိထားသင့်တဲ့ အယူအဆလေးတစ်ခုဖြစ်တဲ့ Active Space ကိုပြောချင်ပါတယ်။ ရိုးရိုး ပုံတွေမှာဆို ကိုရိုက်ချင်တဲ့ အရာကို rule of thirds နဲ့ချိန်ပြီး ရိုက်လို့ရပေမယ့် ပြေးနေတဲ့ပုံ၊ သွားနေတဲ့ မော်တော်ကား၊ စတဲ့ ရွေ့နေတဲ့ အရာတွေကို ရိုက်ပြီဆိုရင်တော့ Active Space ကို သိထားဖို့လိုပါပြီ။ Active Space ဆိုတာကတော့ ကိုယ်ရိုက်မယ့် အရာက ရွေ့နေတယ်ဆိုရင် ရွေ့နေတဲ့ လမ်းကြောင်းကို မူတည်ပြီ နေရာလပ် ချန်ထားဖို့ကို ပြောတာပါ။ ဥပမာပြောရရင် ကောင်းလေးတစ်ယောက်ပြေးနေတာကို ရိုက်မယ် သူကရှေ့ကိုပြေးနေတော့ …

Best Photographic Composition Techniques Part #1

ကျွန်တော် အခုတလော Photo ရိုက်ဖြစ်တယ်။ မရိုက်တာကြာလို့ ပြန်ရိုက်တာ။ သူငယ်ချင်းအဖော်တွေလည်း ပါတော့ ပျော်ပျော်ကြီး ရိုက်ဖြစ်တာပေါ့။ ကျွန် အရင်တုန်းက ရေးခဲ့ဖူးတဲ့ Composition Methods တွေက ပြန်ရှာပြီး ဖတ်လို့မရတော့လို့ အခုမြန်မာလို ပြန်ပြီးရေးလိုက်တာပါ။ ကျွန်တော် Composition Methods အားလုံးကို မရေးတော့ဘူး။ အဓိကကျတဲ့ ဟာတွေကိုဘဲ ရေးပါ့မယ်။ Rule of Thirds အရေးကြီးဆုံးဖြစ်တဲ့ Rule of Thirds ကို အရင်ပြောချင်ပါတယ်။ ပုံရိုက်တဲ့အခါမှာ အမြဲတမ်းကို ရိုက်ချင်တဲ့ အရာ(အဓိက ရိုက်ချင်တဲ့အရာ) ကို ပုံရဲ့ အလယ်မှာ ထားပြီးရိက်ဖို့ မလိုပါဘူး။ အလယ်မှာမထားဘဲနဲ့ ဘေးနားမှာထားပြီး ရိုက်တာဟာ လူ့မျက်လုံးကို ပိုပြီးဖမ်းစားနိုင်တယ်လို့ ဆိုပါတယ်။ ကိုပြချင်တဲ့အရာကို အလယ်မှာထားပြီးရိုက်တာဟာ …

Flickr Vs 500px

ကျွန်တော် ဓာတ်ပုံစရိုက်တော့ ရိုက်ပြီးသား ပုံလေးတွေကို Facebook မှာတင်ပြီး သူငယ်ချင်းတွေကို ပြတာပေါ့။ Facebook က Social network site ဆိုတော့ ကျွန်တော့ ပုံတွေကို လူသိများသွားတာပေါ့။ ကျွန်တော်က အပျော်တန်း ရိုက်တာဆိုတော့ Copyright တွေဘာတွေ မလိုပါဘူး။ ကြိုက်ရင် ယူပေါ့၊ ကိုယ်ကိုယ်တိုင်က လူအများသုံးတဲ့ Social Site မှာတင်ထားပြီး ကိုယ့်ပုံကို သူများသုံးလို့ မရဘူး ဆိုပြီး ရေးထားရမှာ တမျိုးကြီးဖြစ်တယ်ထင်တာဘဲ။ နောက်ပိုင်း Facebook မှာတင်တာကို ရပ်လိုက်တယ်။ ဘာလို့လဲဆိုတော့ တင်လိုက်ရင် Image Quality အရမ်းကျသွားတယ်။ တခြားဆီဖြစ်သွားတယ်။ ကိုယ်တင်ချင်သလောက်တော့ တင်လို့ရပါတယ်။ ဒါပေမယ့် ကိုယ့်ပုံကြီးက အရည်အသွေးကျသွားတော့ မလှတော့ဘူး။ ပြီးတော့ ရိုက်ထားတာက ရှုခင်းပုံတွေဆိုတော့ …

M.I.A – Bad Girl

တော်တော်လန်းတဲ့ MTV တစ်ခုပါ။ M.I.A လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် ဆိုထားတာပါ။ မိန်းကလေးတစ်ယောက် အနေနဲ့ ဒီလောက် လုပ်နိုင်တာ၊ ဆိုနိုင်တာ မလွယ်ပါဘူး။ ရိုက်ထားတာ တော်တော်လေး ကောင်းပါတယ်။ ကားတွေကို မျိုးစုံအောင် မောင်းပြတယ်။ အထူးအဆန်းတွေနဲ့ သီချင်းတစ်ပုဒ်ကို လုပ်ထားတာပါ။ လူပုံစံတွေနဲ့ ဝတ်ထားတာကို တွေ့ရင် ဘယ်နိုင်ငံကလဲဆိုတာ မှန်းလို့ရမှာပါ။ အောက်မှာ ကြည့်လိုက်ပါနော်။ အခုတလော စာမေးပွဲရှိနေလို့ ဘားမှ ကောင်းကောင်း မရေးနိုင်သေးလို့ MV ကောင်းတာလေးတွေတင်လိုက်တာပါ။

Dropdown Login Box

ကျွန်တော်တို့ တွေဖူးမှာပါ Login ဝင်တဲ့ အခါ ရိုးရိုး ပုံမှန်မဟုတ်ဘဲနဲ့ Login ဆိုတာကို နှိပ်လိုက်ရင် Box လေးတစ်ခုကျလာပြီးတော့ အဲ့မှာ Username & password ကိုထည့်ပြီး Login ဝင်လို့ရအောင် လုပ်နည်းလေးကို ရိုးရိုးရှင်းရှင်းလေးနဲ့ ရှင်းသွားပါမယ်။ CSS3 နဲ့ jQuery နည်းနည်း သုံးထားပါတယ်။ ကျွန်တော့ Assignment မှာ သုံးထားတာလေးကို ပြန်ပြီး လုပ်ပြီထားတာပါ။ ဒါကတော့ ဘယ်လို ပုံစံလုပ်မယ်ဆိုတာကို အကြမ်းလုပ်ထားတာပါ။ အရင်ဆုံး list လုပ်ပါမယ်။ Login and Signup ဆိုပြီး။ Login မှာတော့ Form ကိုပါ ထည့်လိုက်ပါမယ်။ HTML5 From ကို သုံးထားပါတယ်။ Username & …

Facebook Timeline Moviemaker

Facebook ကို တော်တော်များများ သုံးကြပါတယ်။ လူကြီးရော ကလေးရော နိုင်ငံရေးသမားရော ဘာသာရေးသမားရော စာရေးဆရာ ဓာတ်ပုံဆရာ အကုန်သုံးပါတယ်။ နောက်ဆုံးအနေနဲ့ Facebook က Timeline ကို လုပ်ခဲ့ပြီးတာ အခုဆို တော်တော်များများ သုံးပြီးလောက်ပြီပေါ့။ Facebook မှာ ဘာတွေအသစ်တွေရှိတာကို ကျွန်တော် ဒီပိုစ့် မှာ ရေးခဲ့ပြီးပါပြီ။ အခုနောက်ထက်တစ်ခုက Facebook Timeline Movie Maker ပါ။ ပြောရရင် တော်တော် လန်းတယ်လို့ဆိုရမယ်။ ဘာလို့လဲဆိုတော့ ကိုယ် Facebook မှာဖြစ်ခဲ့တာတွေ ကို အချိန်အလိုက် ပြန်ပြီး ဗီဒီယို ပြန်လုပ်ပေးထားတာပါ။ Timeline Movie Maker ကို Click ပြီးရင်။ Log in ဝင်ရပါမယ်။ ကိုယ့် …

My PhOtOgRaphY

ဘာလို့များသောအားဖြင့် ကွန်ပျူတာ သမားတွေ ဓာတ်ပုံရိုက်တာ ဝါသနာတယ်။ ကျွန်တော် တွေ့ဖူးတဲ့ တော်တော် မျာများသော အိုင်တီသမားတွေ ဓာတ်ပုံရိုက်ကြတယ်။ အမြဲတမ်း မဟုတ်ရင်တောင် ပျော်သဘောနဲ့ ရိုက်တယ်။ ကျွန်တော်အပါအဝင်ပေါ့။ ကျွန်တော်လည်း ဘာ့ကြောင့်မှန်းမသိဘူး ဝါသနာပါတယ်။ အိုင်တီပိုင်းလိုက်လေ့လာလို့ ဝါသနာပါလာတာတော့မဟုတ်ပါဘူး။ အစကတည်းက ဓာတ်ပုံလိုက်ရိုက်ရတာ ဝါသနာပါတယ်။ အခုဆိုရင်တော့ ကျွန်တော် DSLR တစ်လုံးဝယ်ပြီးတာ ၁နှစ်ကျော်ကျော်ရှိသွားပြီ။ စစချင်းတုန်းကတော့ အမြဲရိုက်ဖြစ်တယ်။ အခုနောက်ပိုင်းတော့ အမြဲတော့ မသွားရိုက်နိုင်တော့ဘူး၊ အားရင်အားသလိုတော့ ထွက်ရိုက်ဖြစ်တယ်။ Singapore က သေးသေးလေးဆိုတော့ ရိုက်စရာ တော်တော်ရှားပါတယ်။ တော်တော်များများကတော့ ရိုက်ဖူးပြီးသားတွေဆိုတော့ ထက်သွားရိုက်ရမှာ ပျင်းတယ်။ ကျွန်တော်ကလည်း လူပုံဆို ကောင်းကောင်းမရိုက်တတ်တော့ (ရိုက်ရတာ မကြိုက်တော့) ခက်သား။ နေရာကောင်းကောင်းလေးတွေ တွေ့ရင် လူစုပြီး သွားရိုက်ဖြစ်ပါတယ်။ …

မြန်မာသင်ပုန်းကြီး

ကျွန်တော်တို့ ငယ်ငယ်တုန်းက မြန်မာစာကို စသင်တုန်းက ကကြီး၊ ခခွေး ကနေစသင် ခဲ့ရတာပါ။ အရင်တုန်းကတော့ ကျောက်သင်းပုန်း မှာရေးပြီး လေ့ကျင့်ခဲ့တယ်။ ကျွန်တော်တို့ ခောတ်ကျတော့ စာအုပ်ပေါ်မှာ ရေးပြီး ကျင့်ရတယ်။ အခုကျတော့ အိုင်ပတ် ပေါ်မှာပါ ရလာပါပြီ။ နိုင်ငံခြားရောက် မြန်မာကလေးတွေကို ကောင်းဆုံးနည်းနဲ့ မြန်မာစာကို ပြန်သင်ပေးချင်တယ်ဆိုရင်တော့ ဒီ မြန်မာသင်ပုန်းကြီး App လေးက တော်တော်လေး အသုံးဝင်မှာပါ။ မြန်မာစာလုံးလေးတွေကို ဘယ်လိုရေးရတယ်၊ ဘယ်လို အသံထွက်ဖတ်ရတယ်၊ စတဲ့ ကလေးငယ်တွေကို သင်ပေးတဲ့ အခါ ဒီ App က အသုံးဝင်မယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ဝင်စားဖွယ် ရုပ်ပုံလေးတွေ၊ အသံထွက်တွေပါတာကြောင့် ကလေးတွေ အကြိုက်တွေ့စေမှာပါ။ နောက်ထက် ဘာတွေကောင်းသေးလဲ ဆိုတာ သိချင်ရင်တော့ အောက်ကလင့်မှာ …

TwitWipe deletes all your tweets in one go!

ဒီတစ်ခါတော့ Twitter ကနေ ကိုယ်ရေးခဲ့တဲ့ Tweets တွေကို တစ်ခါတည်း ဖျက်ချင်တဲ့ သူတွေအတွက် ကောင်းတဲ့ ဆိုဒ်လေးကို ညွန်ပေးချင်ပါတယ်။ တစ်ခါတလေကျတော့ ကိုယ်စိတ်ရှိတုန်း ရေးခဲ့၊ လုပ်ခဲ့တဲ့ ဟာတွေဟာ အပြောင်းအလဲ တစ်ခုကြောင့် ပြန်ဖျက်ချင်ပေမယ့် ပြန်ရှာဖို့မလွယ်တဲ့ အခါ TwitWipe ကို သုံးလို့ရပါတယ်။ သုံးပုံကတော့ ရိုးရှင်းပါတယ်။ TwitWipe ကိုသွားပြီး Twitter ကို Sign in လုပ်ပြီးရင် TwitWipe App ကို grant access ပေးလိုက်ပါ။ ပြီးရင် ကိုလိုချင်တဲ့ Options ကိုရွေးပြီးရင် Confirm လုပ်လိုက်ရင်ရပါပြီ။ tweets တွေ အကုန်လုံးကို ဖျက်တယ်ဆိုပေမယ့် followers, favorited tweets and people …

အိုင်တီကိုကို(IT-KOKO) Facebook Page

ကျွန်တော် Facebook မှာ အိုင်တီကို(IT-KOKO) ကိုဆိုပြီး Page တစ်ခုလုပ်ထားပါတယ်။ လောလောဆယ်တော့ လူတော်တော်များများ Like မလုပ်ထားပါဘူး။ အဲ့ဒါလေးနဲ့ ပတ်သတ်ပြီး နည်းနည်းပြောချင်ပါတယ်။ အခုခောတ်မှာ လူတော်တော်များများ Facebook သုံးပါတယ်။ တော်တော်များများအချိန်တွေကို အဲ့မှာပဲ ကုန်ဆုံးစေပါတယ်။ တစ်နေ့ တစ်ခါလောက် မဝင်လိုက်ရရင် နေမထိ၊ ထိုင်မသာ ဖြစ်နေကြပါတယ်။ ကျွန်တော် အပါအဝင်ပါ။ ကျွန်တော် ရေးတဲ့ ပိုစ့်လေးတွေကို ရိုးရိုး Profile မှာတင်ရင် မြင်ချင်တဲ့ သူရော မမြင်ချင်တဲ့ သူတွေပါ မြင်နေရမှာဆိုးလို့ ကျွန်တော် နောက်ထက် Page တစ်ခု လုပ်ပြီး အိုင်တီနဲ့ ဆိုင်တဲ့ ပိုစ်တွေအားလုံးကို တင်ပါတယ်။ Page ကို Like လုပ်ထားတဲ့ သူတွေကိုသာ သိစေတဲ့ …