Year: 2012

Me and My Computer အပိုင်း ၁

ကျွန်တော် Computer ကိုစသုံးဖူးတာကတော့ ကျွန်တော် ၈တန်းအောင် ၉တန်းလောက်ကပါ။ ကျွန်တော့အကို နိုင်ငံခြားက ပို့ပေးတာပါ။ စက်က P4 ပါ။ Monitor ကတော့ LCD 13″ ပါ။ တော်တော်လေးကောင်းပါတယ်။ စစသုံးခါစဆိုတော့ ဘားမှမသိသေးဘူးလေ။ သိတဲ့အကိုကြီးတွေကို သွားခေါ်ပြီး Computer  ကို ဖွင့်ခိုင်းရတယ်။ သူက ပါလာတာတွေကို တတ်ပေးတယ်။ Computer ကို စစဖွင့်ဖွင့်ချင်း ပျော်လိုက်ရတာ အခုထိမှတ်မိသေးတယ်။ အဲ့တုန်းကဆို ကျွန်တော် Computer ကို ဖွင့်တေင် အဖွင့်တတ်သေးပါဘူး။ ဖွင့်ဖို့ကို သူများကို ခေါ်ပြီး လုပ်ခိုင်းရတာပါ။ သူက လိုတာလေးတွေသွင်းပေးတယ်။ အဲ့ဒီနေ့က နောက်ကျနေလို့ ကျွန်တော့ကို မသုံးခိုင်းလို့ စိတ်ကခုလု ခုလုနဲ့ အိပ်ခဲ့ရတယ်။ ကံကောင်းချင်တော့ Computer က ကျွန်တော့ အခန်းထဲမှာလေ။ …

Windows 8 preview

Windows 8 Consumer Preview ကို မနေ့တုန်းက တင်ကြည့်လိုက်တာပါ။ Developer Preview တုန်းကတော့ Virtual Window အနေနဲ့ဘဲ တင်ပြီးသုံးကြည့်တာပါ။ အခုဟာကတော့ Stable Version နဲ့တော်တော်လေး တူတာကြောင့် Boot လုပ်ပြီး တင်လိုက်တယ်။ ၁ နာရီလောက် ကြာသွားတယ်။ တင်ပြီးတော့ စစချင်းမှာဘဲ Logo လေးတတ်လာတယ်။ Boot Logo လို့ခေါ်မယ်ထင်တယ်။ Windows 7 ကဟာလေးကို ပိုကြိုက်တယ်။ Windows 8 က logo က တိုက်ငါး ပုံလေးနဲ့ 8 လေးတွေပေါင်းထားတာ တမျိုးတော့ဖြစ်နေတယ်။ ဖြစ်သင့်တာက အခု windows 8 logo ပုံလေးပေါ့။ နောက်ပြီးတော့ Boot Windows …

Brokeback Mountain Vs Lesbian Mountain

နှစ်ကားလုံးကတော့ ပုံမှန်မဟုတ်တဲ့ အချစ်ကားတွေပါ။ မြန်မာနိုင်ငံမှာတော့ လက်ခံပေးနိုင်တဲ့ အခြေအနေမျိုးမရှိသေးပါဘူး။ ဘာတင်ရင်ကောင်းမလဲမသိလို့ အသစ်အဆန်းလေးတင်လိုက်တာ။ GMovie vs LMovie 😛 Brokeback Mountain Lesbian Mountain

How To Remove The Haha Foto Virus

“haha foto http://bit.ly/y148EP?Facebook.com-IMG404366.JPG” ဆိုပြီ gtalk မှာ ခောတ်စားနေတဲ့ Virus ကို အောက်ကနည်းနဲ့ ရှင်းလို့ရပါတယ်။ ကျွန်တော့ကို virus ပို့နေတဲ့ သူတော်တော်များလာလို့ အခုလို ပိုစ့်တင်ဖြစ်သွားတာပါ။ ဒီလင့်ကနေ Malwarebytes ကို Download လုပ်ပါ။ Portable version download လုပ်ရန်။ ပြီးရင် Install လိုက်ပါ။ Install လုပ်ပြီးရင်တော့ Update လုပ်ဖို့လိုပါတယ်။ ပြီးရင်တော့ full scan လုပ်လိုက်ပါ။ virus တွေ တွေ့ပါလိမ့်မယ်။ အားလုံးကို delete လုပ်လိုက်ပြီးရင် Restart လုပ်လိုက်ရင် အားလုံးအိုကေသွားပါလိမ့်မယ်။ မသေချာသေးရင် restart လုပ်ပြီးရင် နောက်တစ်ခါ scan လုပ်လိုက်ပါ။ Note: ကျွန်တော်ပေးထားတဲ့ Malwarebytes …

Box offer 50GB free cloud storage

Box က ဒီနေ့ Update ဖြစ်ပြီးတော့ Android user တွေကို Free Storage  50GB ပေးမှာဖြစ်ပါတယ်။ တစ်သက်လုံးအတွက်ရမှာဆိုတော့ တော်တော်လေးကောင်းပါတယ်။ တစ်ခြား Dropbox, Minus တိုလို invite လုပ်မှ Storage Space တိုးလာတာ မဟုတ်တော့ပါဘူး။ Android သုံးသူတွေကို ပေးတာဖြစ်ပါတယ်။ ဒီနေ့မှစပြီး နောက်ရက် ၃၀ အတွင်း အကောင့်လုပ်သူတွေ အားလုံးကိုပေးမှာဖြစ်ပါတယ်။ အရင် အကောင့်ရှိပြီးသားသူတွေလည်း Update လုပ်ပြီးရင် 50GB ရမှာဖြစ်ပါတယ်။ Android User တွေ ဘားမှတွေးမနေပါနဲ့တော့ အခု သွားပြီး အကောင့်လုပ်လိုက်ပါတော့။ Android Market ကနေ download လုပ်ရန်။ Apk လိုချင်သူများအတွက် download | …

MyanmarKeyboards for iOS5

MyanmarKeyboards for iOS5 ကို လွန်ခဲ့တဲ့ နေ့တုန်းကတည်းက ထွက်နေတာပါ. ကျွန်တော် အခုမှ အားလို့တင်နိုင်တာပါ။ Keymagic Developer Thant Thet ကရေးထားတဲ့ Keyboard နှင့် ကိုမိုးစက် ရေးထားတဲ့ Zawgyi Keyboard ပါ။ နှစ်ခုလုံးကို သွင်းချင်ရင်တော့ သင့်ရဲ့ iDevice ကို jailbreak လုပ်ထားဖို့တော့ လိုပါတယ်။ ပထမဆုံး ကိုသန့်သက် ရဲ့ MyanmarKeyboard ကို အရင်ပြောပါ့မယ်။ Free မဟုတ်တော့ပါဘူး။ Jailbreak လုပ်ထားရင် Keyboard ကို သွင်းလို့တော့ရတယ်။ သုံးဖို့ဆိုရင်တော့ Registration code လိုပါတယ်။ ကျွန်တော်သိရသလောက်ကတော့ ရန်ကုန်က ဝယ်ရင် ၆၅၀၀ကျပ် ဖြစ်ပါတယ်။ သွင်းပုံသွင်းနည်းကတော့ မူရင်းလင့် မှာ …

Pic & Me (Site under Construction!)

ကျွန်တော် ဓာတ်ပုံ ဆိုဒ်တစ်ခုကို မြန်မာ နှစ်ဆန်းတစ်ရက်နေ့မှာ စတင်ဝင်လို့ ရတော့မှာ ဖြစ်ပါတယ်။ ဆိုဒ်နာမည်ကိုတော့ Pic & Me (www.picandme.me) ဆိုပြီး Domain တစ်ခုဝယ်ထားပြီးပါပြီ။ WordPress မှာဘဲတင်ဖို့များပါတယ်။ လောလောဆယ်တော့ ဘယ်လိုပုံစံမျိုး လုပ်ရမလဲဆိုတာ မစဉ်းစားရသေးလို့ WP-Countdown Theme တစ်ခုကို တင်ထားပါတယ်။ အခုတော့ စာမေးပွဲရှိတာရော၊ မအားတာရော ကြောင့် Theme ကို ကောင်းကောင်းမလုပ်ဖြစ်သေးဘူး။ ကြိုးစားပြီး ရေးကြည့်မယ်၊ စိတ်တိုင်းမကျရင်တော့ သူများရေးထားတာကို Modify ပြန်လုပ်ရမှာပေါ့။ Photography Site ဆိုတော့ Gallery ကိုကောင်းကောင်းလေး လုပ်ချင်တယ်။ Portfolio ပုံစံမျိုးလုပ်ချင်တယ်။ လောလောဆယ်တော့ Localhost မှာတင်ပြီး ရေးနေတယ်။ ကျောင်းပိတ်ရင် ရန်ကုန်ပြန်မယ်၊ ခရီးသွားမှာဆိုတော့ အချိန်တော့ …

Online Myanmar Dictionary

Paungku Facebook App တစ်ခုပါ။ ကျွန်တော်သိနေတာတော့ ကြာပါပြီ။ ယူနီကုဒ် သုံးထားတဲ့ မြန်မာ အဘိဓာန် တစ်ခုပါ။ တော်တော်များများ စကားလုံးတွေရှိပါတယ်။ Idioms တွေလည်း ရှိပါတယ်။ ပုံပါတော့ ကိုလိုချင်တဲ့ အဓိပ္ပါယ်ကို ပိုပြီးရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ အင်္ဂလိပ် ကနေ မြန်မာကိုဘဲ ပြောင်းလို့ရပါတယ်။ စမ်းသုံးကြည့်ပါ၊ အကြိုက်တွေ့မှာပါ။ Facebook မှာ ကျွန်တော်တို့မသိသေးတဲ့ အသုံးဝင်တဲ့ Application တွေအများကြီးရှိသေးပါတယ်။ Facebook ဟာ Social Network တစ်ခုထက်ပိုပြီး သုံးလို့ရတယ်ဆိုတာ သဘောပေါက်လာပါတယ်။ နောက်တစ်ခုကတော့ Ornagai ပါ။ သူကတော့ iPhone မှာလည်းရပါတယ်။ ကျွန်တော်ကတော့ Web မှာပိုသုံးဖြစ်တယ်။ မြန်မာ−အင်္ဂလိပ်၊ အင်္ဂလိပ်−မြန်မာ နှစ်မျိုးလုံးရပါတယ်။ သုံးရတာလွယ်ကူပြီး အင်တာနက် ရှိဖို့တော့လိုပါတယ်။ …

Angry Birds Now On Facebook!

အောင်မြင်ကျော်ကြား၊ လူကြိုက်များတဲ့ ဂိမ်းတစ်ခုဖြစ်တဲ့ Angry Birds ဟာ အခုဆိုရင်တော့ အောင်မြင်နေတဲ့ Social Network တစ်ခုဖြစ်တဲ့ Facebook ပေါ်ကို ရောက်လို့လာပါပြီ။ Facebook ပေါ်မရောက်ခင်က Chrome Web Store မှာအရင် စပြီးဆော့လို့ရနေတာပါ။ အခုဆိုရင်တော့ Facebook Games ကြိုက်တဲ့ ကိုကို မမ တွေအတွက် အကြိုက်တွေ့မှာဖြစ်ပါတယ်။ Flash ကို အခြေခံပြီးရေးထားပြီး မူရင်းဂိမ်းထဲက အတိုင်း တော်တော်များများတူပါတယ်။ အစတုန်းကတော့ 14th Valentine’s Day မှာ စပြီးဆော့လို့ရမယ်ဆိုပေမယ့် အခုချိန်ကတည်းက ရနေပါပြီ။ ဂိမ်းပုံစံကတော့ ပုံမှန် Facebook ဂိမ်းတွေလိုပါဘဲ။ ပါဝါတတ်အောင် သူငယ်ချင်းအိမ်တွေလိုက်လည်လို့ရတယ်။ Challenge လုပ်လို့ရတယ်။ ကဲပြောနေတာကြာတယ် အခုဘဲ စဆော့လိုက်ပါတော့… ဒီလင့် …