Year: 2012

Korea Acapella Songs

သူငယ်ချင်းတစ်ယောက် facebook မှာတင်ထားတာလေးတွေ့ပြီး ကြိုက်လို့ ပြန်ပြီး တင်လိုက်တာပါ။ ကိုရီးယား နာမည်ကြီး သီချင်တွေပါ။ ဘယ်လိုမှ မထင်ထားတဲ့ ပုံစံမျိုးတွေနဲ့ ဆိုထားတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အသက်ကြီးတဲ့ သူတွေဆိုထားတာဖြစ်လို့ ခံစားမှုတစ်မျိုးလေးဖြစ်သွားအောင် တင်လိုက်တာပါ။ အခုရက်ပိုင်းတွေမှာ အလုပ်တွေများနေလို့ စာကောင်းကောင်းမရေးဖြစ်ဘူး။ ရန်ကုန်ပြန်တုန်းက ရေးထားတဲ့ ပိုစ့်တွေကိုတောင် ကောင်းကောင်းပြန်ပြီး မတင်နိုင်သေးဘူး။ ဓါတ်ပုံတွေဆို ဒီအတိုင်းဘဲထားထားတယ်။ ကွန်ပျူတာထဲတောင် မထည့်နိုင်ဖြစ်နေတယ်။ အလုပ်ရှုပ်တာက တစ်ဝက်၊ ပျင်းတာက တစ်ဝက်ပေါ့ဗျာ။ အလုပ်ရှုပ်တာကတော့ Android App တစ်ခုပြီးအောင်ရေးနေရလို့ပါ။ ပြိုင်ပွဲတစ်ပွဲအတွက်ပါ။ နောက်လလောက်တော့ အချောသပ်ပြီးမှ ဖြစ်မယ်ဗျ။ အောက်မှာ ကြည့်ပြီး ကိုရီးယား သီချင်းကြိုက်တဲ့ သူများ ပျော်ရွှင်နိုင်ပါစေ။ PS. ကျွန်တော် ကိုရီးယား ခရေစီ မဟုတ်ပါဘူးဗျာ။ ပါတဲ့သီချင်းတွေကတော့… 2NE1 …

အမှတ်တရ မြန်မာပြည်

ဒီတစ်ခါ မြန်မာပြည်ကို ပြန်လိုက်ရတာ တော်တော်လေး ပျော်ခဲ့ရပါတယ်။ မပြန်တာက ကြာပြီဆိုတော့ ဟိုရောက်တော့ တိုးတတ်ပြောင်းလဲမှုတွေတွေ့လိုက်ရတော့ တော်တော်လေး အံအားသင့် ခဲ့ရပါတယ်။ ရောက်တာနဲ့ ကိုယ့်အထုပ်တွေယူပေးမဲ့သူတွေ အရင်တုန်းကလို မများတော့ဘူးဆိုပေမယ့် ရှိသေးတယ်။ ကူညီတာမဟုတ်ပါဘူး၊ သူတို့က ငွေကိုလိုချင်လို့ လုပ်နေတာပါ။ အချောင်ငွေရတဲ့ အလုပ်လေ။ အထုပ်လေးတွေ ဝိုင်းသယ်ပေးပြီးတော့ ကျွန်တော့ဆီက ဒေါ်လာတောင်းတယ်။ စလုံးကပြန်လာတာလား၊ ၅ကျပ်လောက်ပေးခဲ့ပါတဲ့။ အမှတ်တရအနေနဲ့ဆိုပြီးတောင်းတယ်။ မတတ်နိုင်ဘူးလေ မြန်မာငွေ ၁၀၀၀ ပေးလိုက်တယ်။ ၃ယောက်ရှိလို့တဲ့ ၃၀၀၀ တောင်းတယ်။ ၂၀၀၀ပေးလိုက်ရတယ်။ မတတ်နိုင်ဘူးလေ… အိမ်ပြန်ရောက်တော့ ကျွန်တော်တို့ အိမ်လေးက ဒီအတိုင်းလေးဘဲ။ သူများတွေအိမ်တွေကတော့ အပြောင်းလဲကြီး ပြောင်းလဲသွားတယ်။ ရပ်ကွက်ထဲက လမ်းတွေ၊ အိမ်တွေ၊ လူတွေ တော်တော်လေး တိုးတတ်သွားတယ်။ အားလုံးနီးပါး တိုက်နဲ့ ကားတွေဖြစ်ကုန်ကြပြီလေ။ …

Google Drive

ကျွန်တော် မြန်မာနိုင်ငံပြန်နေလို့ ပိုစ့်မတင်ဖြစ်တာတောင် ကြာနေပါပြီ။ ဒီနှစ်ထဲ့မှာ ကျွန်တော် ပထမဆုံးပြန်တင်တာဖြစ်ပါတယ်။ ကျွန်တော်များသောအားဖြင့် ကျွန်တော့ ကျောင်းစာ၊ အရေးကြီးတဲ့ဖိုင်တွေကို Dropbox မှာထားပါတယ်။ Photo Share ချင်တာတွေကို Munis မှာထားပါတယ်။Apps တွေနဲ့ စာအုပ်တွေကိုတော့ Box မှာထားတယ်။ အခုတစ်ခါတော့ နောက်ထက် တစ်နေရာထားဖို့ ဖြစ်လာပါပြီ။ အဲ့ဒါကတော့ Google Drive ပါ။ ကြားနေတာကတော့ ကြာနေပါပြီး။ အခုမှဘဲ တရားဝင်ထွက်တော့မှာဖြစ်လို့ တင်လိုက်တာ။ Google ကတော့ နေရာအားလုံးကို လိုက်သိမ်းနေပါပြီ။ ပါလေရာ ဖြစ်နေပါပြီ။ Microsoft မှာ SkyDrive ရှိတယ်။ Apple မှာ iCloud ရှိတယ်။ အခု Google မှာလဲ Google Drive ရှိလာပါပြီ။ …

Dropbox ကနေ 23GB ယူချင်တယ်ဆိုရင်

Dropbox space ကို 23GB ဖြစ်ချင်တယ်ဆိုရင်တော့ အောက်ပါအတိုင်း လုပ်လိုက်ရင် ရပါပြီ။ Android ဖုန်းတွေ အတွက်ဘဲ ရမှာပါ။ လက်ရှိသွင်းပြီးသား Dropbox ကို ဖျက်လိုက်ပါ။ အကောင်းဆုံးကတော့ Forceclose လုပ်ပြီး Uninstall လုပ်လိုက်ပါ။ ပြီးရင်တော့ ဒီလင့် ကနေ apk ကို ယူလိုက်ပါ။ နောက်တစ်ခါ apk ကို ဖုန်းထဲထည့်ပြီး သွင်းလိုက်ပါ။ EnableUnknown sources ကို  click လုပ်ထားပါ။ သွင်းပြီးရင်တော့ Dropbox ကို အရင်အတိုင်း Login ဝင်လိုက်ပါ။ အားလုံးဝင်ပြီးသွားရင် တော့ ရပါပြီ။ ခဏတော့ စောင့်ရပါမယ်။ မိနစ် ၃၀ အတွင်း သင့်ရဲ့ Dropbox Email ကို email …

Pic & Me

ကျွန်တော် Photography Site ကို ဒီရက်ပိုင်း အတွင်းအပြီးလုပ်ချင်တာနဲ့ ဆက်တိုက်လုပ်လိုက်တာ အခုဆိုရင် ၈၀% လောက်ပြီးသွားပါပြီ။ ကိုယ်တိုင် Theme ကိုမရေးနိုင်တာကတစ်ကြောင်း၊ အချိန်အပေးနိုင်တာကြောင့်တစ်ကြောင်း ကျွန်တော် Modify လုပ်ပြီးတင်ဘဲ လုပ်ထားပါတယ်။ Responsive ကိုကြိုက်တာကြောင့်လဲပါတယ် ပြီးတော့ scroll ကိုသုံးချင်တာကြောင့် ကျွန်တော် Zig Zag ကို သုံးလိုက်ပါတယ်။ Portfolio လုပ်ချင်တာနဲ့ အတော်ဖြစ်သွားတယ်။ တော်တော်လေးမိုက်တယ်ဗျ။ ဘားမှ ထွေထွေထူးထူး လုပ်စရာမလိုဘူး။ ကျွန်တော် Pic & Me မှာ မြန်မာလို မရေးဘူးဆိုတော့ ယူနီကုဒ် တွေဘာတွေ ဘားမှ စိတ်ပူစရာမလိုဘူးပေါ့။ ကျွန်တော် Google Web Font ကိုတော့ သုံးထားတယ်။ ကိုယ်ကြိုက်သလို ပြပြင်ပြီးတော့ Contents …

Google I/O 2012 Registration will open on March 27, 2012.

Apple ကတော့ အသစ်အနေနဲ့ New iPad ကို ပွဲထုတ်သွားပါတယ်။ Apple Mobile လောကရဲ့ ပြိုင်ဘက်ကြီး Google ကတော့ ဘာတွေအသစ်ထုတ်မယ်ဆိုတာ ကြိုမသိရှိရသေးပါဘူး။ Google I/O 2012 မှာ ဘာတွေအသစ် အဆန်းတွေ ထုတ်ပြမလဲဆိုတာ သိချင်ရင်တော့ ဒီလင့် ကို နှိပ်လိုက်ပါ။ နောက်ဆုံးနည်းပညာတွေနဲ့ ရေးထားတဲ့ Website တစ်ခုကို ရောက်သွားမှာပါ။ Input/Output ဆိုတာလေးတွေရဲ့ အောက်နားက Start building ကို ထက်နှိပ်လိုက်ရင်တော့ Toolbox လေးတွေနဲ့ ကစားရတဲ့ ဂိမ်းလေးကို တွေ့ရမှာပါ။ဘာဖြစ်လာမလဲဆိုတာ သိချင်ရင် နိုင်အောင်ဆော့လိုက်ပါ။ Google I/O 2012 ကိုသွားဖို့ လက်မှတ်ဝယ်ချင်ရင်တော့ Google+ နှင့် Google Wallet ရှိရမှာဖြစ်ပါတယ်။ …

Beautiful Myanmar

မြန်မာနိုင်ငံကို နိုင်ငံခြားသား တော်တော်များများက မကောင်းတာတွေ၊ မလှတာတွေကို များသောအားဖြင့် သတင်းတွေမှာ ပြတယ်။ လှပတဲ့ မြန်မာပြည်ကြီးကို မကောင်းတဲ့ ဘက်က ကြည့်ပြီးတော့ ပြတော့ လူတကာက မြန်မာနိုင်ငံဟာ မကောင်းပါလား၊မသွားသင့်တဲ့ နိုင်ငံပါလား ဆိုပြီးထင်ကြတာပေါ့။ Travel Guide စာအုပ်တွေမှာ မြန်မာနိုင်ငံက သွားဖို့ မသင့်တော်တဲ့ နိုင်ငံ၊ အန္ဆရယ်ရှိတဲ့ နိုင်ငံဆိုပြီး ရေးထားတာတွေ့တော့ ကျွန်တော် စိတ်တော်တော်မကောင်းဖြစ်မိပါတယ်။ မြန်မာနိုင်ငံသားတွေဆို ပိန်းတယ်၊ အထင်သေးမယ် စတဲ့ အနှိမ်ခံရတာကို နိုင်ငံတကာမှာ နေတဲ့ လူတော်တော်များများ သိကြမှာပါ။ ကျွန်တော်လဲ အားတာနဲ့ ဗီဒီယို ကောင်းနိုးရာရာလေးတွေ လိုက်ရှာရင်းနဲ့ မြန်မာအကြောင်း ကောင်းတာလေးတွေ၊ လှတာလေးတွေကို ရိုက်ထားတဲ့ ဗီဒီယိုတွေကို တွေ့လို့ အမှတ်တရအနေနဲ့ တင်လိုက်ပါတယ်။ ကျွန်တော် က …

SLA Spatial Challenge Brainstorming မှတ်စု #1

Idea အသစ်ဖြစ်ဖို့က ပထမဆုံး အခုလက်ရှိ ဘာတွေဖြစ်နေလဲ့ဆိုတာ သိဖို့လိုပါလိမ့်မယ်။ ကျွန်တော့ အထင် ကျွန်တော်တို့ တွေးမိသလို သူများတွေလဲ တွေးမိမှာဘဲ။ ကျွန်တော် ကဒါကို အသစ်လို့ထင်ပေမယ့် သူများတွေက လုပ်ပြီးသား ဖြစ်နိုင်တယ်။ ကိုယ်က မသိတော့ ဒါဟာ အသစ်၊ ဘယ်သူမှ မလုပ်သေးဘူး၊ ငါပထမဆုံးလုပ်တာဘဲလို့ ထင်နေတတ်ပါတယ်။ အဲ့လိုဖြစ်နေပြီဆိုရင်တော့ သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေ အလကားဖြစ်တော့မှာပါ။ သင်ရေးလိုက်တဲ့ App တစ်ခုက သူများရေးပြီးလို့ Store | Market မှာ ရှိပြီးသားကြီ: ဖြစ်နေမှာကို သင်စဉ်းစားမိရဲ့လား။ အဲ့တော့ ပထမဆုံး အခုလက်ရှိ ဘာတွေရှိနေလဲဆိုတာကို အရင်ဆုံးလေ့လာဖို့လိုပါတယ်။ သူများတွေ ဘာတွေလုပ်ပြီးပြီလဲဆိုတာ သိထားဖို့လိုပါတယ်။ အဲ့တော့ App တစ်ခုရေးဖို့ Idea ရလာပြီဆိုရင် သူများတွေရေးပြီးပြီလား …

iPad 2 vs Windows 8 vs Android Honeycomb Tablets

Windows 8 က Tablet မှာ သူများနဲ့မတူ ထူးခြားတဲ့ Features တွေကို တွေ့မြင်လာရတော့မှာပါ။ Micrsoft က ၂၀၀၂ လောက်ကထင်ပါတယ် Tablet PC ကိုလုပ်ခဲ့ဖူးပါတယ်။ အောင်မြင်လားဆိုတော့ မအောင်မြင်ခဲ့ပါဘူး။ လူသိ မများခဲ့သလို ကျွန်တော်လည်း မသိခဲ့ပါဘူး။ ၂၀၁၀ လောက်ကျတော့ iPad ထွက်လာတော့ လူတွေက ကမ္ဘာပေါ်မှာ ပထမဆုံး ပေါ်လာသလိုဘဲ တော်တော် ကြိုက်တယ်၊ အောင်မြင်သွားခဲ့တယ်။ အောင်မြင်တယ်ဆိုတာကလဲ Steve Jobs ရဲ့ ကြိုးစားမှု၊ Marketing ကောင်းမှုကြောင့် ပါတယ်။ အခုတစ်ခါတော့ Apple ကို အပြိုင်တိုက်မယ့် Microsodt က Window 8 Tablet ကို တော်တော်လေး ကြိုးစားပြီး လုပ်ထားပါတယ်။ …

ယူနီ နဲ့ ကျွန်တော့ အထင်

ကျွန်တော် မနှစ်က ဒီအချိန်လောက်က ကျွန်တော့ ဘလော့ဖြစ်တဲ့ hanmyohtwe.com ကို ကျွန်တော် ယူနီကုဒ်ပြောင်းဖို့ စလုပ်နေပြီပေါ့။ အဲ့အချိန်မှာ မြန်မာ၃ က Standard ဖြစ်သွားလို့ဆိုပြီး ကျွန်တော် ဘုမသိ ဘမသိနဲ့ လုပ်ဖြစ်ခဲ့တယ်။ အရိုးစွဲနေတဲ့ ဇော်ဂျီ ကို တော်တော်လေး အချိန်ယူပြီး ပြောင်းခဲ့ရတယ်။ ကျွန်တော် ရေးထားတဲ့ ပိုစ့်တွေအားလုံးကို ယူနီကုဒ် ပြောင်းရတော့တာပေါ့။ Converter တွေ တော်တော်များများ ရှိပါတယ်။ ပြောင်းပြီးသွားတော့ ပြီးသွားပြီလားဆိုတော့ မဟုတ်သေးဘူး။ စစရေးခါစမှာ လူဖတ်မရတဲ့ မြန်မာစာတွေလို့ ပြောတဲ့ ဖောင့်တွေနဲ့ဆိုတော့ လာကြည့်တဲ့သူ မရှိသလောက်ကို ဖြစ်သွားတယ်။ အဲ့ဒါနဲ့ ဇော်ဂျီရော ယူနီရော မြင်ရအောင် ထွင်လာတော့တာပေါ့။ ပြဿနာက ရေးထားတာကိုတော့ ဖတ်လို့ရတယ်၊ ကွန်မန့်ပြန်ပေးလို့မရဘူး ဖြစ်သွားတယ်။ …