Year: 2012

Vote for Me!

ကျွန်တော် သိသလောက်မှတ်သလောက်လေးနဲ့ SLA ကလုပ်တဲ့ Mobile and Web App ပြိုင်ပွဲတစ်ခုဝင်ပြိုင်ထားပါတယ်။ Android App တစ်ခုရေးထားတာပါ။ ကျွန်တော် နဲ့အတူ သူငယ်ချင်း ၂ယောက်ပါ တူတူလုပ်ပါတယ်။ Android App တင်မဟုတ်ပါဘူး။ Web-Services, website ပါရအောင်လုပ်ထားပါတယ်။ ရည်ရွယ်ထားတာကတော့ စလုံးက ဆေးခန်းတွေရဲ့ system ကိုပိုကောင်းအောင် upgrade လုပ်ထားတာပါ။ GIS ကို အဓိကသုံးထားပြီး လုပ်ထားပါတယ်။ အဲ့ဒါ အခုအကူအညီတောင်းချင်တာကတော့ ကျွန်တော်တို့ကို Vote လုပ်ပေးပြီး ပြိုင်ပွဲမှာ နုင်အောင် ကူညီပေးဖို့ MZ အဖွဲ့ဝင်တွေကို အကူအညီတောင်းချင်လို့ပါ။ ကျွန်တော်တို့ အသင်းဟာ မြန်မာတွေဘဲဖွဲထားတာပါ။ မြန်မာကျောင်းသားတွေအနေနဲ့ နိုင်ငံတကာ ကျောင်းသားတွေနဲ့ ရှင်ပြီးပြိုင်ရတာ မလွယ်လှပါဘူး။ ကျွန်တော်တို့ အစွမ်းကုန် …

အဖတ်ပါနဲ့ဗျာ။

ကျွန်တော် စာမရေးတာတောင် တော်တော်ကြာသွားပြီဗျ။ ရေးစရာ များများစားစား မရှိလို့ပါ။ ကျွန်တော်လဲ အလုပ်တွေတော်တော်များနေတယ်။ ကျောင်းစာ၊ ကျောင်းကိစ္စ၊ အလုပ်၊ အပျော်အပါး၊ ဟိုပြိုင်ပွဲဝင်၊ ဒီပြိုင်ပွဲဝင်နဲ့ ရှုပ်နေတာဘဲ။ အွန်လိုင်းတော့ နေ့တိုင်းတတ်ဖြစ်တယ်။ ဘယ်သူနဲ့မှတော့ ကောင်းကောင်း စကားမပြောဖြစ်ဘူး။ လုပ်စရာရှိတာလုပ်တယ်၊ ဖတ်စရာရှိတာ ဖတ်တယ်။ အဲ့ဒါနဲ့ဘဲ အချိန်ကုန်သွားပြီး အိပ်တဲ့အချိန်ရောက်သွားတာဘဲ။ ဒီနေ့လဲ တနေကုန် သွားနေတာ အခုမှဘဲ အိမ်ပြန်ရောက်တော့တယ်။ ဘာလုပ်ရမလဲဆိုတော့ Ubuntu ထဲဝင်ပြီး commends တွေလိုက်စမ်းနေတယ်။ မသိတာတွေတော်တော်လေးကို များနေသေးတယ်ဆိုတာ ကိုယ့်ကိုယ်ကို သိလာတယ်။ ငါဘာမှမဟုတ်သေးပါလား။ ဘားမှကောင်းကောင်း မတတ်သေးပါလားဆိုပြီး အမြဲတွေးမိတယ်။ Linux ကတော့ ဘားမှကို ကောင်းကောင်းမသိဘူး။ Program install လုပ်တတ်တယ်။ ဖိုင်တွေ ဟိုပြောင်းဒီပြောင်းလုပ်တတ်တယ်။ Basic commends …

Google I/O 2012 Keynote

Google I/O 2012 ကို Youtube ကနေ Live ကြည့်လို့ရအောင် Google ကလုပ်ပေးထားတယ်။ အခုချိန်မှာတော့ ပြီးသွားပြီဖြစ်တဲ့အတွက် Youtube မှာပြန်ကြည့်ချင်တဲ့သူတွေအတွက် လွယ်လွယ်ကူကူနဲ့ ကြည့်လို့ရအောင် ပြန်ပြီးတင်ပေးလိုက်ပါတယ်။ Live လွင့်တုန်းက အချိန်က ညဖြစ်နေလို့ ကြည့်ရတာ အစဉ်မပြေလို့ နောက်မှဘဲ ပြန်ကြည့်မယ်ဆိုပြီး အခုမှဘဲ သေသေချာချာ ကြည့်ဖြစ်တော့တယ်။ တော်တော်လေး ကြည့်လို့ကောင်းပါတယ်။ ဘယ်တော့များမှ အဲ့လိုပွဲမျိုးကို တတ်နိုင်မလဲ မသိဘူး။ … Google I/O 2012 – Keynote Day 1 Google I/O 2012 – Keynote Day 2 Ref : https://developers.google.com/events/io/

ငြိမ်းချမ်းရေး နိုဘယ်ဆု အကြောင်းသိကောင်းစရာ

ကျွန်တော် အမေစုရဲ့ နိုဘယ်ဆု မိန့်ခွန်း ကို ကြည့်ပြီး သဘောကျလို့ ဒီပိုစ့်ကို ရေးဖို့ အကြောင်းဖြစ်သွားရခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံသား ဘယ်သူမဆို ကမ္ဘာ့အလယ်မှာ အောင်မြင်ကျော်ကြား ဖြစ်တယ်ဆိုရင် ဝမ်းသားပီတိဖြစ်မိမှာပါ။ ဂုဏ်ယူမိတာကတော့ အမှန်ဘဲ။ အဲ့ဒါနဲ့ ကျွန်တော် မြန်မာဝီကီပီးဒီးယားမှာ လိုက်ရှာတော့ article တွေ့တယ်။ အဲ့ဒါနဲ့ အားလုံးဖတ်လို့ရအောင် ပြန်တင်ပေးလိုက်ပါတယ်။ Nobel Lecture by Aung San Suu Kyi from hanmyohtwe on Vimeo. အမေစုရတဲ့ နိုဘယ်ဆုက ငြိမ်းချမ်းရေး နိုဘယ်ဆုဖြစ်ပါတယ်။ ငြိမ်းချမ်းရေး နိုဘယ်ဆုသည် ဆွီဒင်နိုင်ငံသား တီထွင်သူနှင့် စက်မှု ပညာရှင် အဲလ်ဖရက် ဘနာ့ဒ် နိုဘယ် (Alfred Bernhard Nobel)မှ …

Read Myanmar Unicode on Android Phones and Tablets with Firefox Aurora

Android မှာ မြန်မာယူနီကုဒ် သုံးထားတဲ့ ဆိုဒ်တွေကို ကြည့်လို့ရသွားပါပြီ။ Mozilla Firefox က Beta ထုတ်တဲ့ Firefox Aurora Browser နှင့် ကြည့်ရင် font embed လုပ်ထားတဲ့ဆိုဒ်တွေဆို ကောင်းကောင်းမွန်မွန် မြင်နိုင်မှာဖြစ်ပါတယ်။ font embed မလုပ်ထားဘူးဆိုရင်လဲ စာလုံးများကို ဖတ်လို့ရပါတယ်။ “ေ” ” ြ” စတာလေးတွေမှာနေတာကိုဘဲ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဘာဘဲဖြစ်ဖြစ် ကျွန်တော် ဝမ်းသာပါတယ်။ အောက်မှာ ကျွန်တော် screenshot ရိုက်ထားတာကို ကြည့်ရင် ဟုတ်မဟုတ်ဆိုတာ အသေအချာ သိနိုင်မှာပါ။ Aurora browser ကိုသုံးဖို့ ဖုန်းကို root လုပ်စရာမလိုသလို၊ ဘာဖောင့်မှ သွင်းထားစရာ မလိုပါဘူး။ ဒီ လင့်မှာ Firefox Aurora …

“So.cl” Microsoft’s New Social Search

ကျွန်တော် Social Search ပြိုင်ပွဲ ကို ဖတ်ပြီးကတည်းက Social Search ရဲ့ အသုံးဝင်ပုံကို အခြေခံ သဘောပေါက် နားလည်ခဲ့ပါတယ်။ Google က သူ့ရဲ့ Search Engine ကို ပိုမို အားကောင်းလာစေဖို့ Social Network တစ်ခုကို လုပ်ချင်ခဲ့ တာကြာပါပြီ။ အခုနောက်ဆုံး Google+ ကို Facebook နဲ့ ပြိုင်ပြီး လုပ်ခဲ့တာဟာ Social Search ကို စတင် လုပ်ဖို့ စတင်ခဲ့တာဖြစ်ပါတယ်။ ရိုးရိုး Keyword Search နဲ့ ဘာကွာလဲ သိချင်ရင် Google+ မှာ Sign in လုပ်ပြီး search လိုက်ရင် သိသာလာပါလိမ့်မယ်။ Social Search …

Best Photographic Composition Techniques Part #3

အပိုင်း ၁ Rule of Thirds နှင့် အပိုင်း ၂ Active Space ကို ရေးပြီးပါပြီ။ Framing Your Shots ကျွန်တော်လည်း Project ကိစ္စရှုပ်နေတာနဲ့ ဓါတ်ပုံတောင် ကောင်းကောင်း မရိုက်ဖြစ်သလို ရေးလည်း မရေးနိုင်ဘူး။ ဒီနေ့တော့ ရေးလက်စနဲ့ ပြီးအောင် ဆက်ရေးလိုက်တယ်။ ဒီ အပိုင်း ၃ မှာတော့ ကျွန်တော် Framing အကြောင်းကို သိသလောက် ရေးချင်ပါတယ်။ Framing လုပ်တယ်ဆိုတာက ကိုယ်ပြချင်တဲ့ အရာတစ်ခုကို ကြည့်တဲ့သူတွေ မြင်သာအောင် ဓါတ်ပုံထဲမှာ ပေါလွင်အောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ကိုယ်မပြချင်တဲ့ အရာတွေကို ဖုံးထားပြီး၊ ပြချင်တဲ့ အရာတွေကို သိသာ ထင်သာအောင် ပြုလုပ်ခြင်းပါ။ …

Android App Development

ကျွန်တော် ပထမဆုံးအနေနဲ့ Android App တစ်ခုကို အခု ရေးနေတယ်။ ပြိုင်ပွဲတစ်ပွဲ အတွက် ဝင်ပြိုင်ရင်း ကျောင်းက Project အတွက်ပါ အဲ့ဒါကိုဘဲ ယူပြီး အခုလုပ်နေတယ်။ စနေတာကတော့ တော်တော်လေး ကြာနေပြီ။ အစပိုင်း လတွေမှာက Idea ကိုဘဲ စဉ်းစားတော့ Development အပိုင်းကို အလေးမထားမိသလို စာအုပ်တွေ သေသေချာချာ လိုက်မဖတ်မိဘူး။ အထူးသဖြင့် Android native app development ကို သေသေချာချာ မသိခဲ့ဘူး။ အဲ့အချိန်တုန်းက ဘာ App ရေးမယ်ဆိုတာ သေသေချာချာ မသိသေးတာကြောင့်လဲပါတယ်။ ကျွန်တော်ကတော့ ဖြစ်နိုင်ရင် Web App ကို ပိုအားသန်တယ်။ ဒါပေမယ့် အခု Android အပိုင်းကို ဦးစားပေးပြီး …

Mother’s Day

ဒီနေ့က အမေများနေ့ လိုဆိုကြတယ်။ နိုင်ငံတကာ ကတော့ အမေများနေ့ကို အတိအကျ သတ်မှတ်တယ်လို့တော့ မရှိပါဘူး။ ကျွန်တော်တို မြန်မာနိုင်ငံမှာတော့ အမေများနေ့ကို မေလရဲ့ ဒုတိယ အပတ် တနင်္ဂနွေနေ့ကို သတ်မှတ်ထားပါတယ်။ ဒီနေ့က အမေများနေ့ဖြစ်လို့ ထူးခြားပြီး အမေတွေပြောတာတွေ နားထောင်မယ်။ အဝေးရောက်နေတဲ့ အမေကို ဖုန်းဆက်ပြီး ရှိခိုးမယ်။ စတာတွေလုပ်တာ ကောင်းပါတယ်။ အဲ့လိုလုပ်တာလေးတွေကို အွန်လိုင်းပေါ်တင်တာ ဘာဖြစ်လဲ။ သူလုပ်သလို သူများတွေကို လုပ်ဖြစ်အောင်၊ လုပ်ချင်အောင် တိုက်တွန်းတယ်လို့ မှတ်လိုက်လေ။ သူ့ဘာသာသူတင်တာ ကိုယ်က သွားပြီး မကောင်းသွားပြောတာ မကောင်းဘူးလေ။ “အခုလိုနေ့မျိုးမှာဘဲ အမေ့ကိုသတိရတယ်။” ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ သူများကို ထိခိုက်အောင်လုပ်တာကတော့ ကျွန်တော့အမြင်တော့ မဖြစ်သင့်ဘူးထင်တာဘဲ။ သူများဘာဘဲဖြစ်ဖြစ် ကိုယ်နဲ့ မဆိုင်ဘူးလေ။ သူများရင်ထဲမှာ ရှိတာကို …