မနေ့က Microsoft ကနေ အသစ်ထုတ်တော့မယ့် Windows 8 Surface Tablet ကြောငြာ လေးကြိုက်လို့ တင်ပေးလိုက်တယ်။ iPad နဲ့ တခြားသော Tablets တွေ ခောတ်ကုန်တော့မလား မသိဘူး။ ကျွန်တော့အထင်ကိုပြောတာပါ။ နောက်မှာဘဲ comparison videos တွေတင်တော့မယ်။ အခုတော့ ကြောငြာလေးနဲ့ သွားရည်ကျလိုက်အုံးအယ်ဗျာ။ ဒါကတော့ နောက်ဆုံးကြောငြာပါ။ ဒါက ပထမဆုံး သော ကြောငြာပါ။ ဒါကတော့ နောက်တစ်ခုပါ time lapse နဲ့ရိုက်ထားတာပါ။
Year: 2012
Total GamePlay Studio ကနေ အသစ်ထုတ်လိုက်တဲ့ မြန်မာစစ်တုရင် ဂိမ်းကို အွန်လိုင်းမှာ စော့လို့ရနေပါပြီ။ ပြောတာတောင် နည်နည်းနောက်ကျနေပြီ။ ထွက်နေတာက အောက်တိုဘာ ၄ ရက်နေ့ကတည်းက ထွက်နေတာပါ။ ကျွန်တော် မြန်မာ စစ်တုရင်ကို မဆော့ဖူးဘူး။ အခုမှ ဘယ်လို ဆော့ရလဲ လိုက်ကြည့်နေတာ။ beta အဆင့်ဘဲရှိသေးတော့ bugs တွေတော့ ရှိနေပါသေးတယ်။ နောက်ထက် အသစ်အသစ်တွေ ထက်တိုးလာဖို့ရှိသလို့ beta 0.2 ထက်ထွက်ဖို့ ရှိပါသေးတယ်။ ဒီလင့် မှာ စော့လို့ရပါတယ်။ သေးစိတ်သိချင်ရင် တော့ ဖေ့ဘွတ် မှာ like လုပ်ပြီး bugs တွေတင်ပြလို့လဲရပါတယ်။ မြန်မာ့ စစ်တုရင် ကမ္ဘာကသိစေဖို့ ဆိုတာလေး ဖတ်လို့ကောင်းလို့ တင်ပေးလိုက်ပါတယ်။ အိုင်တီကိုကို
B2B မှာဆရာ ထက်ကျော် ရေးထားတာလေး ဖတ်လို့ကောင်းလို့ အားလုံးဖတ်လို့ရအောင် ပြန်တင်ပေးလိုက်ပါတယ်။ အဝေးရောက် မြန်မာတွေ အိမ်ပြန်လှနိုင်ပါစေဗျာ. ကျွန်တော် အပါအဝင်ပေါ့။
ကျွန်တော် လွန်ခဲ့သောနှစ်က java ကို အသေအချာ လေ့လာခဲ့ပါတယ်။ အဲ့တုန်းက ကျောင်းမှာ သင်တာကို အားမရလို့ ကိုယ့်ဟာကို ဟိုလိုက်ဖတ်၊ ဒီလိုက်ဖတ်နဲ့ လေ့လာခဲ့ပါတယ်။ သဘောတရား တွေနားလည်အောင် ကြိုးစားခဲ့ပါတယ်။ အဲ့လို လိုက်ဖတ်တဲ့အထဲမှာတော့ မြန်မာအိုင်တီပရို မှာ တင်ထားတဲ့ ကိုမင်းလွင်ရဲ့ ပိုစ့်တွေကို ကောင်းကောင်း သေချာလေ့လာမိခဲ့တယ်။ အခြေခံကနေ အဆင့်မြင့် ပရိုဂရမ်တွေအထိ ရေးနိုင်အောင် သဘောတရားတွေ ရှင်းလင်းထားပါတယ်။ ကျွန်တော့ သူငယ်ချင်းတွေလည်း ဖတ်လို့ရအောင် ကျွန်တော် ဒီမှာပြန် ရှယ်လိုက်ပါတယ်။ အောက်က လင့်မှာ သွားပြီးဖတ်လို့ ရပါတယ်။ တကယ်ကောင်းတဲ့ မှတ်စုတွေဖြစ်လို့ပါ။ http://www.myanmaritpro.com/profiles/blogs/the-java-contents ဘလော့ဖတ်ချင်သူများအတွက်ကတော့ ဒီလင့် မှာ ဖတ်လို့ရပါတယ်။ အိုင်တီကိုကို
ကျွန်တော် ဖုန်းပျောက်ပြီးတော့ အသိတစ်ယောက်ဆီကနေ Nokia ဖုန်းလေး ခဏကိုင်သုံးနေခဲ့တယ်။ ပြောလို့ရတယ်၊ စာပို့လို့ရတယ်။ အဲ့လောက်ဘဲလုပ်လို့ရတယ်လေ။ Smart Phone ကိုင်လာတာ နည်းနည်းကြာသွားတော့ ရိုးရိုးဖုန်း သုံးရတာ အစဉ်မပြေတော့ဘူး။ အဲ့ဒါနဲ့ Starhub မှာ recontract လုပ်မလို့ သွားမေးတော့ အစက သုံးရာပေးရမယ်တဲ့ ၂၁လ ပြည့်ဖို့ ၁လ ဘဲလိုတော့တာကို သုံးရာ တောင်းတာကတော့ များပါတယ်။ နောက်တော့မှာ Hub Member ဆိုရင် ၁၀၀ ဘဲပေးရမယ်ဆိုပြီးပြောတယ်။ အပိုကြီး ပေးရတာကတော့ မမိုက်ဘူးဗျာ။ ပြီးတော့ ကျွန်တော် လိုချင်တဲ့ဖုန်းကလဲ မရသေးဘူးဆိုတော့ contract ပြန်မလုပ်သေးဘဲနဲ့ ဖုန်းအသစ်တစ်လုံး ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ၁၀၀၊ ၂၀၀ လောက်တော့ သုံးမယ်ပေါ့ဗျာ။ အဲ့ဒါနဲ့ အွန်လိုင်းမှာလိုက်ရှာတာပေါ့။ …
မြန်မာယူနီကုဒ်ဖောင့်တွေဖြစ်တဲ့ သာလွန် နှင့် ပိတောက်ဖောင့်တွေကို Google web fonts early access မှာတွေ့လို့ ကျွန်တော့ဆိုဒ်ကိုလဲ သာလွန်ဖောင့် ပြောင်းသုံးထားလိုက်ပါတယ်။ ဒီလင့် မှာ ကြည့်လို့ရပါတယ်။ သုံးချင်ရင်တော့ သာလွန်အတွက်… @import url(http://fonts.googleapis.com/earlyaccess/tharlon.css); font-family: ‘Tharlon’, serif; ပိတောက်အတွက်… @import url(http://fonts.googleapis.com/earlyaccess/padauk.css); font-family: ‘Padauk’, serif; အားလုံး “ယူနီကုဒ်”နိုင်ပါစေဗျာ…
အလုပ်များနေတာနဲ့ ဘလော့မှာ ဘားမှတောင် မတင်ဖြစ်တော့ဘူး။ အိမ်ကလူတွေနဲ့လည်း ကောင်းကောင်း စကားမပြေဖြစ်တာကြာနေပြီ။ သူတို့က အလုပ်လုပ်နေတော့ မနက်စောစောဆို အားလုံးအိမ်က ထွက်ကြတယ်။ ကျွန်တော်က part-time အလုပ်ဆိုတော့ များသောအားဖြင့် နေ့ခင်းလောက်ကနေ ည ၁နာရီ ၂နာရီလောက်မှ ပြန်ရောက်တယ်။ အမှန်တိုင်ပြောရရင် အခန်းမှာအတူတူနေတဲ့ ကျွန်တော်သူငယ်ချင်နဲ့တောင် ဘားမှပြောချိန်မရဘူး။ အရေးထဲ ဖုန်းကပျက်သွားတယ်။ ဘားမှမလုပ်ရသေးဘဲနဲ့ ပျက်သွားတယ်။ ဆိုင်မှာသွားပြတော့ motherboard လဲရမယ်တဲ့ $300ကျော်လောက်ပေးရမယ်ဆိုတော့ ဘားမှမပြောတော့ဘဲ ပြန်ယူလာခဲ့တယ်။ အဲ့ဒါနဲ့ ဘားမှကိုင်စရာဖုန်းမရှိဘဲနဲ့ တစ်ပတ်လောက် ဒီအတိုင်းနေလိုက်သေးတယ်။ ပြီးတော့မှာ အသိတစ်ယောင်ဆီကနေ Nokia ဖုန်းသေးသေးလေး တစ်ခုတောင်းပြီး အခုကိုင်နေတယ်။ Starhub မှာ recontact လုပ်ဖို့က နည်းနည်းလိုသေးတော့ သူများဖုန်းလေးနဲ့ ကိုင်ပြီးနေရတော့မှာပေါ့။ အခုကျောင်းပြန်ဖွင့်တော့ အချိန်ဇယားက တော်တော်လေးမိုက်တယ်။ …
The next iPhone? iPhone 5? The new iPhone? ဘယ်လိုဘဲခေါ်ခေါ် အားလုံးမျှော်လင့်နေတဲ့ ဖုန်းအသစ်တစ်လုံးကိုတော့ ဒီနေ့ Apple က အားလုံးကို ပြသတော့မှာဖြစ်ပါတယ်။ ဘယ်လို features တွေပါလာမလဲဆိုတာတော့ အားလုံးစောင့်မျှော်နေကြမှာပါ။ အွန်လိုင်းမှာ မှန်းချက်ပေးထားတာတွေ အမှန်ဖြစ်လာမလား၊ အခြားဘာတွေ ထူးထူးခြားခြား လုပ်အုံးမလဲဆိုတာတော့ ကျွန်တော်တို့တွေ စောင့်ကြည့်ရတော့မှာပေါ့။ ဒါကတော့ နိုင်ငံအလိုက် အချိန်စရင်းပါ။ ဒါကတော့ Live Blogs တွေပါ။ Link1 | Link2 | Link3 ဒါကတော့ Live video ကြည့်နိုင်မယ့် လင့်ပါ။ Link your browser does not support IFRAMEs
ကျွန်တော်ဘားစားမှမရေးဖြစ်သလို ဘားမှလဲကောင်းကောင်းမလုပ်ဖြစ်ဘူး။ မအားဘူး။ မအားဘူးနဲ့ လုပ်ရမယ့်အလုပ်တွေ အများကြီးဖြစ်ဖြစ်လားတယ်။ မီးပူတိုက်တာကအစ အခန်းရှင်းတာ အားလုံး ဘားတစ်ခုမှ ကောင်းကောင်းမလုပ်ဖြစ်ခဲ့ဘူး။ ဒီနှစ်ထဲမှာ တော်တော်လေး အလုပ်ရှုပ်တယ်။ ကျောင်းမှာ ဟိုပွဲဝင်ပြိုင် ဒီပွဲဝင်ပြိုင်လုပ်နေလို့ ကျန်တာတွေ ဘားမှမလုပ်ဖြစ်ခဲ့ဘူး။ အဲ့ဒါတစ်ခုတည်းကြောင့်လားဆိုတော့ ဘားမှမဆိုင်ဘူး။ လုပ်ချင်စိတ်မရှိလို့ မလုပ်ဖြစ်ဘူးလို့ဘဲထင်တယ်။ မအားလို့ အလုပ်ရှုပ်နေလို့ဆိုတာတွေက နာမည်တတ်ထားတာတွေလို့ထင်တာဘဲ။ အခုတော့ ကျောင်းပြီးပြီ။ ပြိုင်ပွဲတွေလည်းပြီးပြီဆိုတော့ ဘာလုပ်ရင်ကောင်းမလဲဆိုတော့ ကျေင်းအားရက်တွေမှာ ပိုက်ဆံလေးဘာလေး ရအောင်လို့ အလုပ်ပေးလိုက်မိပါတယ်။ ကျောင်းစပိတ်ကတည်းက လုံးလုံး မနားရသေးဘူး။ ဘာဘဲဖြစ်ဖြစ် ပိုက်ဆံရရင်ပြီးရောဆိုပြီး အားတင်းပြီးလုပ်တာ အခုဆိုရင် ၇ရက်ကျော်သွားပြီ။ ဒီနေ့ကတော့ တော်တော်လေး ပင်ပန်းတယ်။ ဘာလို့လဲဆိုတော့ မနေ့တုန်းက စိတ်တော်တော်တိုခဲ့ရတယ်။ ခေါင်းမူးတာကလည်းအရမ်းဘဲဆိုတော့ အလုပ်မှာတော်တော် စိတ်ရှော့ထားပြီးလုပ်ခဲ့ရတယ်။ နောက်ဆုံးတော့ အိမ်ပြန်တဲ့ အချိန်ရောက်လာတော့ လိုက်ပို့ပေးတဲ့ …
ဘာရယ်တော့မဟုတ်ပါဘူး။ ဝင်ထားခဲ့တဲ့ ပြိုင်ပွဲလေးတစ်ခုမှာ မမျော်လင့်ဘဲ ဆုတစ်ခုရလိုက်လို့ ပျော်ခဲ့ပါတယ်။ အမှတ်တရဖြစ်သွားအောင်လို့ ပိုစ့်တင်ပြီး ရေးလိုက်တာပါ။ ရတာတော့နည်းနည်းကြာနေပြီ။ အခုမှဘဲ တင်ဖို့အချိန်ရလို့ တင်လိုက်တယ်။ ကျွန်တော်တို့ရတဲ့ ဆုက သေးသေးလေးပါ။ ပထမ၊ ဒုတိယ၊ တတိယ မဟုတ်တဲ့ နှစ်သိမ့်ဆုလိုမျိုးထင်ပါတယ်။ “Eureka Award” လို့ခေါ်ပါတယ်။ အကောင်းဆုံ Idea ဆုလို့ ပြောလို့ရမယ်ထင်တယ်။ ဘာဖြစ်ဖြစ် ဘားမှမရတာထက်တော့ သာပါတယ်။ ကျောင်းမှာတော့ ဆရာတွေက အပြိုင်းအဆိုင်တင်ဖို့ photo တောင် ရိုက်လိုက်ရသေးတယ်။ ဆုပေးပွဲတုန်းကတော့ ကျွန်တော်တို့ အားလုံး စာမေးပွဲဖြေနေရလို့ ကျောင်းကို ပြန်ပြေးခဲ့ရလို့ စင်ပေါ်တော့ ဆု တတ်မယူလိုက်ရဘူး။ SLA Spatial Challenge ကြောင်းသိချင်ရင်တော့ အောက်က လင့်တွေမှာ ကြည့်လို့ရပါတယ်။ ဆုရတဲ့ အသင်းတွေကတော့ …
